သာယာမှုတွေ မပေးစွမ်းနိုင်လို့
ငါ့အပေါ် . . . . စိမ်းကားသွားပြီလား
ချစ်သူရယ် . . . . .
ထူထောင်ဆဲငါ့ဘ၀ဟာလည်း
အများနဲ့ယှဉ်ရင် အောက်ကျနေမှာပေါ့
ငါ့ထက်သာတဲ့သူ
ငါ့ထက် ပျော်စရာ နောက်တစ်ယောက်နဲ့ဆိုရင်
မင်းအတွက် ကောင်းပါတယ်။
ဟန်ဆောင်မှုကင်းတဲ့ ငါ့ ”အချစ်”ကို
မင်း . . .မလိုချင်ရင်သွားပေါ့
ကြင်နာစကတည်းက
အခြေအနေတွေပြောပြီး
မင်းမြင်အောင်ပြခဲ့တာပဲ . . .
ခုတော့ . . . .
ဒါတွေပြန်ပြောပြီး
ငါ့ကိုကြံဖန် အပြစ်ဖို့ခဲ့တယ်
ပေါ်လာမယ့် အရှုံးအမြတ်တွေကိုတွက်လို့
ငါ့ကို. . . .ထားခဲ့ရင်ဝမ်းနည်းပါတယ်
အချစ်ကြောင့်ပဲဖြစ်ဖြစ်
ဆန္ဒကြောင့်ပဲဖြစ်ဖြစ်
မာနလေးတော့ရှိတယ် . . .Bye!!!
No comments:
Post a Comment