Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

မင်းခိုက်စိုးစန်( ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ)



လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။

မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)

ကိုယ်ချင်းစာပေးပါချစ်သူ



 
"အရမ်းချစ်ပါတယ်"...တဲ့
ပြောခဲ့တဲ့
မင်းရဲ့ပါးစပ်ဖျားက ဟန်ဆောင်စကားတချို့
ရင်ထဲကလို့ပဲ ယုံကြည်ထားပါတယ်
ချစ်သူရယ်...........
နင့်ရဲ့ ဟန်ဆောင်စကားတွေကြောင့်
တစ်ဘက်လူ ဘယ်လောက်အထိ
ကြေကွဲဝမ်းနည်းရလိမ့်မယ်ဆိုတာ
နည်းနည်းလေးတော့
ကိုယ်ချင်းစာကြည့်ပေးပါလားကွယ်.....

ယုံခဲ့မိသူ

ငါ....
ယုံကြည်ထားပြီးသားပါ
တနေ့ .......
နင် ငါ့ကိုခွဲခွါသွားလိမ့်မယ်ဆိုတာ
အလိမ္မာဆုံးနဲ့ ပြောခဲ့တဲ့
နင့်ရဲ့မုသားစကားလေးတွေကို
ခုထိယုံနေမိတယ်
အပြစ်မတင်ရက်ပါဘူးကွယ်
ယုံကြည်တတ်တဲ့ငါ့ရဲ့အမှားပါ.....

နင်မမြင်နိုင်တဲ့........ ငါ့ရင်ထဲက သံယောဇဉ်

အကောင်းဆုံး မဟုတ်ရင်တောင်
အတတ်နိုင်ဆုံးတော့်ပေးဆပ်နေချင်တာ
နင်မမြင်နိုင်တဲ့........
ငါ့ရင်ထဲက သံယောဇဉ်တွေပါ..........

အလွမ်း



ဝေးရခြင်း အကြောင်းပေါင်းများစွာထဲ

တို့နှစ်ဦးကတော့

ကံကြမ္မာကိုပဲ 

ရိုးမယ်ဖွဲ့ရလိမ့်မယ် ချစ်သူရယ်………

အစက…….မချစ်ခဲ့မိရင်အကောင်းသား

ခုတော့…………

         မမြင်နိုင်တဲ့အကွာအဝေးကြား

အလွမ်းတွေသာတံလျပ်ထလို့

“ချစ်သူရယ်”…………..

                  နှစ်ကိုယ်တူ…..ဆိုတဲ့

ချိုမြိန်ခြင်းရဲ့အရသာကို

ဘယ်အချိန်များးးးးးမှ

              မြည်းစမ်းကြည့်ရမလဲ…ဟင် ။

ရင်တွင်းပုံး ဒိုင်ယာရီ




သူစိမ်းမဆန်ပေမယ့်
      ရင်းနှီးမှုကရမလာ
နေ့ရက်တိုင်းရဲ့ မနက်သစ်ဟာ
   မင်းးရဲ့ ကြည်စင်ဝင်းပမှုတွေနဲ့
                       တောက်ပခဲ့ပြီ……..
   “ဘယ်သူလည်း
    ဘယ်ကလည်း”  ငါမသိ
အဲဒီလို…..မသိခြင်းခေါင်းစဉ်အောက်
  မင်းနဲ့ပတ်သက်လို့
မစိုက်ပျိုးရပဲ ရှင်သန်နေတဲ့သစ်တစ်ပင်
ငါ့ရင်ထဲမှာရှိတယ်
တံခါး တစ်ချပ်ရှေ့မှာ
တွေဝေမိသလိုမျိုး
ငါ………..
           ရိုးသားစွာ သိမ်းဆည်းထားပါတယ်……။

ယုံကြည်ပေးပါ

ချစ်သူ......
လူခြင်းမတွေ့ပေမယ့်
မင်းနဲ့ငါ ဘယ်လောက်ဝေးဝေး
ရင်ထဲက အချစ်ကြိုးလေးတွေခိုင်မြဲနေရင်
ဘယ်သူမှခွဲလို့မရပါဘူး ချစ်သူရယ်
လေလိုင်းကပြောနေကြ
မင်းကိုအရမ်းချစ်တဲ့အကြောင်းကိုတော့
ယုံကြည်ပေးးပါချစ်သူ.....

@wtd

နောက်ထပ်ဆိုတာ မရှိနိုင်တော့တဲ့ အချစ်


အချိန်တိုင်း ကြားချင်မိတယ်
အရမ်းချစ်တယ်ဆိုတဲ့ နင်ပြောတဲ့စကားလေးတခွန်းကိုပေါ့


အချိန်တိုင်းပြောချင်မိတယ်
ငါလဲ နင်ကို သိပ်ချစ်တယ်ဆိုတာကိုပေါ့



ဘာကြောင့်လဲဆိုတော့ ငါအတွက် နင်က
နောက်တစ်ယောက် ထပ်မရှိနိုင်လောက်အောင်
ငါ့အချစ်ကို အကုန်ပေးထားတဲ့ ငါချစ်သောသူဖြစ်နေလို့ပဲ..........

တောင်းဆု

ယုံကြည်တယ် ချစ်သူရယ်.....
တစ်နေ့ ငါတို့ ချစ်သူနှစ်ယောက်အတူတူ ဆုံနိုင်ခွင့်ရတဲ့အချိန်
အရမ်းကို ပျော်ရွှင်စရာကောင်းမယ်လို့ လေ....

တန်ဖိုးထားတယ် ချစ်သူရယ်......
ငါတို့ နှစ်ယောက်အချစ်တွေ ဘယ်လိုအချိန်မျိုးပဲဖြစ်ဖြစ်
ပြောင်းလဲမသွားအောင် ငါ အချိန်တိုင်းတန်ဖိုးထားတယ်လေ.......

မျှော်လင့်တယ် ချစ်သူရယ်.........
သိပ်ချစ်ရတဲ့ နင်လဲ ငါ ချစ်တဲ့အချစ်တွေနဲ့ အမြဲတမ်းပျော်ရွှင်နေရင်း
ငါ့တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိနဲ့ ချစ်နေပေးဖို့ လေ........

သေချာချင်တယ် ချစ်သူရယ်..........
ငါတို့ နှစ်ယောက် အဆိုးအကောင်းတွေကို အတူတူရင်ဆိုင်ရင်း အချိန်တွေပြောင်းလို့ အသက်တွေကြီးလာတဲ့အထိ သိပ်ချစ်တဲ့ နင့်ရဲ့ 
ဘေးနားမှာ ငါ့ နှလုံးခုန်သံတွေရပ်မသွားမချင်းရှိနေသွားရဖို့ လေ.....

အရမ်းချစ်တယ်................ချစ်သူရယ် ( ဆုံခွင့်ရမဲ့ နေ့ လေး
ကို အမြန်ဆုံးရောက်ရပါစေလို့ ငါဆုတောင်းနေပါတယ် ချစ်သူ )


kkhktdw

နင့်ဂရုစိုက်မှုတွေသာ ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ.......နင် ငါ့ဘ၀လေးထဲမှာရှိနေမယ်ဆို
ဘာမှမလိုအပ်ပါဘူး.......နင့် အချစ်တွေအားလုံးကိုသာ
ပိုင်ဆိုင်ရတဲ့သူ ငါတစ်ယောက်တည်း  ဖြစ်ချင်ပါတယ်

ချစ်သူ..... နင် ငါ့ကို အမြဲတမ်းချစ်နေပေးမယ်ဆို
ဘာမှမမျှော်လင့်ပါဘူး..... နင်လဲ ငါ့အချစ်တွေနဲ့ အမြဲထာဝရ
ပျော်ရွင်နေပါစေလို့ ပဲ ဆုတောင်းပါတယ်

ချစ်သူ..... နင် ငါ့ရဲ့ လက်ကိုတွဲထားမယ်ဆို
ငါ ဘာမှ မလိုချင်ပါဘူး.........နင့်ဂရုစိုက်မှုတွေသာ
ငါ့တစ်ယောက်ထဲအတွက် ဖြစ်နေရင် ငါ ကျေနပ်ပါတယ်

ချစ်သူ....နင်နဲ့ ဘ၀တစ်ခုကို တည်ဆောက်တော့မယ်ဆို
ဘာမှထပ်မလိုချင်တော့ပါဘူး....နင့် အချစ်တွေသာ ငါ့အပေါ်
အမြဲတမ်းသစ္စာရှိနေဖို့ အတွက်ပဲ ငါ မျှော်လင့်တာပါ
ချစ်သူရယ်.................

”၁း ၂“


အငြိုးတွေနဲ့ နာကြည်းခဲ့တာ မင်းပါ
လမ်းဆုံးရောက်ပြီလို့ ပြောခဲ့တုန်းကလည်း မင်းပါပဲ

ချစ်ခြင်းတွေ တနင့်တပိုးနဲ့

နင် ထွက်သွားခဲ့တဲ့အချိန်မှာ

အလွမ်းတွေနဲ့ ကျန်နေခဲ့သူတစ်ယောက်ကို

တစ်ချက်လောက်တော့ လှည့်ကြည့်သင့်တယ်

အပြုံးတွေနဲ့ အချိုးညီခဲ့တုန်းက

ရင်ခွင်ရိပ်မှာခိုလှုံ

”တို့” …ချိုမြိန်ခဲ့ကြဘူးတယ်

ခုတော့ . . . .

     ဒဏ်ရာတွေထုပ်ပိုး

အချိုးချကြည့်တော့

ရင်နာစွာပဲ

နင်က 

ငါက  

”မပြည့်စုံသူ မာန”

သာယာမှုတွေ မပေးစွမ်းနိုင်လို့
ငါ့အပေါ် . . . . စိမ်းကားသွားပြီလား
ချစ်သူရယ် . . . . .
ထူထောင်ဆဲငါ့ဘ၀ဟာလည်း
အများနဲ့ယှဉ်ရင် အောက်ကျနေမှာပေါ့
ငါ့ထက်သာတဲ့သူ
ငါ့ထက် ပျော်စရာ နောက်တစ်ယောက်နဲ့ဆိုရင်
မင်းအတွက် ကောင်းပါတယ်။
ဟန်ဆောင်မှုကင်းတဲ့ ငါ့ ”အချစ်”ကို
မင်း . . .မလိုချင်ရင်သွားပေါ့
ကြင်နာစကတည်းက
အခြေအနေတွေပြောပြီး
မင်းမြင်အောင်ပြခဲ့တာပဲ . . .
ခုတော့ . . . .
ဒါတွေပြန်ပြောပြီး
ငါ့ကိုကြံဖန် အပြစ်ဖို့ခဲ့တယ်
ပေါ်လာမယ့် အရှုံးအမြတ်တွေကိုတွက်လို့
ငါ့ကို. . . .ထားခဲ့ရင်ဝမ်းနည်းပါတယ်
အချစ်ကြောင့်ပဲဖြစ်ဖြစ်
ဆန္ဒကြောင့်ပဲဖြစ်ဖြစ်
မာနလေးတော့ရှိတယ် . . .Bye!!!

“အကွာအဝေးဒဏ်ရာ”



ချယ်ရီတွေလည်း ဝေတော့မယ်
နှင်းစက်တွေလည်း ကြွေတော့မယ်
အလွမ်းတွေက ငြိမ်းသတ်မရနိုင်သေးဘူး
ဆန်ပေး ဆေးရတဲ့ လောကထဲ
နှလုံးတစ်ခုလုံး ပေးခဲ့တာတောင်
မျော်လင့်ခွင့်လေးပြန်မရခဲ့
ညောင်ရေလောင်းပြီး ဆုတောင်းရင်တောင်
ဆုံတွေ့ခွင့်က မသေချာဘူး
စပယ်တွေခင်းပေးတော့
မနင်းရက်ဘူးတဲ့
ကန္တာရဆိုရင်ကော လိုက်ဝံ့ပါ့မလား ?????
မုသားချိုချိုတွေနဲ့ နင်ငြင်းရက်တယ်
သတိရခြင်းဟာ အနီးဆုံးခရီးဆိုရင်
နှစ်သိမ့်မှုတစ်ခုအနေနဲ့
နင် . . . . . . .
             တစ်ခါလောက်ဖြစ်ဖြစ်
လွမ်းပေးစမ်းပါဟာ . . . . . . . .။