ထမင်းရည်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
1. ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ထမင်းရည်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ သဘာဝဆေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အချို့သောရောဂါတွေကနေ ကာကွယ်ပေးနိုင်စွမ်း ဖြစ်ပါတယ်။
2. အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။
ထမင်းရည်မှာ ကစီဓာတ်အပါအဝင် အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။
3. ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ထမင်းရည်မှာပါဝင်တဲ့ အကောင်းဆုံးသော အာဟာရဓာတ်တွေက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
4. ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်။
ထမင်းရည်က ဝမ်းပျက်ဝမ်းလျှောအပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို သက်သာစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ထမင်းရည် ပုံမှန်သောက်ပေးပါ။
5. ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။
ထမင်းရည်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ပူခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပူနေချိန်မှာ ထမင်းရည်သောက်သုံးခြင်းဖြင့် ကိုယ်ပူမြန်မြန်ကျစေနိုင်ပါတယ်။
6. ကြွက်သားတွေကို သန်မာစေပါတယ်။
ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်စေဖို့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထမင်းရည် မှန်မှန်သောက်ပေးပါ။
ထမင်းရည်အပါအဝင် အစားအစာတိုင်းမှာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ထမင်းရည်သောက်ပါ။
Credit# Dr. Mya Myo Myo Swe (www.drmyanmar.com)
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး အမေးများသောမေးခွန်းများ
>> ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် Mask တပ်ဖို့ လိုသေးလား?
၉၅%
ထိ စိတ်ချရတဲ့ ကာကွယ်ဆေးတောင်မှ ထိုးတဲ့သူ အယောက် ၂၀ မှာ တစ်ယောက်လောက်က
ကိုယ်ခံအားမရရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်
ကာကွယ်ဆေးထိုးပြီးသူများဟာလည်း mask တပ်ခြင်း၊ social distancing
နည်းစဉ်များကို လိုက်နာခြင်း၊ လက်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်ဖို့
လိုပါတယ်။
>> ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိမလဲ?
ဆေးထိုးတဲ့နေရာတွင် နာကျင်ခြင်း၊ မူးဝေခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို တစ်ရက်၊ နှစ်ရက်ခန့် ခံစားရနိုင်ပါတယ်။
>> ဓာတ်မတည့်သောရောဂါရှိသူတွေကော ဆေးထိုးသင့်လား?
သင့်မှာ
ကာကွယ်ဆေး သို့မဟုတ် ထိုးဆေးတွေနှင့် ဓာတ်မတည့်ဖူးသော
ရာဇဝင်ရှိတယ်ဆိုရင်တော့ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ
ထိုးသင့်ပါတယ်။ ဆေးထိုးပြီးနောက်လည်း မိနစ် ၃၀ ခန့် စောင့်ကြည့်သင့်ပါတယ်။
>> ကာကွယ်ဆေးမထိုးမီ အကိုက်အခဲပျောက်ဆေးတွေသောက်ခြင်းက ကာကွယ်ဆေးအာနိသင် လျော့စေသလား?
ကာကွယ်ဆေးမထိုးခင်မှာ
acetaminophen ၊ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ခြင်းဟာ
ကိုယ်ခံအားကို အပြည့်အဝမရစေဘဲ ရှိတတ်တာမို့ သောက်လိုပါက
ကာကွယ်ဆေးထိုးပြီးမှ သောက်တာ ပိုကောင်းပါတယ်။
>> ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လောက်ကြာကြာထိ ကိုဗစ်ကို ကာကွယ်နိုင်မှာလဲ?
လေ့လာချက်များအရ
ကာကွယ်ဆေးထိုးပြီးနောက် လများစွာအထိ ကိုယ်ခံအားကောင်းမွန်နေမှာဖြစ်ပြီး
ရေရှည်ကာကွယ်နိုင်သောအာနိသင် ရှိပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေလည်း
ထပ်မံထွက်ပေါ်ချိန်မှာတော့ အနည်းငယ်ပြောင်းလဲမှု ရှိနိုင်ပါတယ်။
>> ကိုဗစ်ကူးစက်ပြီးသူတွေကော ကာကွယ်ဆေးထိုးဖု့ိ လိုအပ်လား?
ကိုဗစ် ကူးစက်ပြီးသော်လည်း ထပ်မံကူးစက်ခြင်းကို ကာကွယ်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
Credit# လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
အမျိုးသားများနှင့် ထိပ်ပြောင်ခြင်း
>> ဘာကြောင့် ထိပ်ပြောင်ရတာလဲ?
ဖြစ်ပွားရသောအကြောင်းအရင်းများမှာ -
● စိတ်ဖိစီးမှုများခြင်း
● အစားအသောက်နှင့် နေထိုင်မှုပုံစံမမှန်ခြင်း
● ရောဂါအချို့နှင့် ဆေးဝါးများ စသည်တို့ကြောင့်ဖြစ်သည်။
>> ဘယ်လိုပုံစံဖြစ်လာသလဲ?
သို့သော်
အများစုမှာမူ မျိုးရိုးကြောင့်ဖြစ်ပြီး “အမျိုးသားပုံစံထိပ်ပြောင်ခြင်း”
ဟု ခေါ်လေ့ရှိပြီး အောက်ပါလက္ခဏာတို့ကို တွေ့ရှိနိုင်ပါသည်။
● ဆံပင်များ တဖြည်းဖြည်းပါးလာခြင်း
● ဆံပင်ပေါက်ရာလိုင်းမှာလည်း နောက်ရောက်လာပြီး မြင်းခွာပုံစံဖြစ်လာခြင်း
အချို့အမျိုးသားများတွင်
ဆံပင်ပါးခြင်းမှာ အသက် 20 မတိုင်မီတွင် စတင်လေ့ရှိပြီး အသက် 50 အရွယ်တွင်
85 ရာခိုင်နှုန်းသောအမျိုးသားများ၌ သိသိသာသာထိပ်ပြောင်ခြင်းကို
ခံစားနေရပြီဖြစ်သည်။
>> ဘယ်လိုကာကွယ်မလဲ?
ကိုယ့်ရဲ့မျိုးရိုးကိုပြုပြင်၍ မရနိုင်သော်လည်း ထိပ်ပြောင်ခြင်းကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်အတွက်
● ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားပါ။
● ဆေးလိပ်ဖြတ်ပါ။
● ခေါင်းဖြီးချိန်နှင့် ခေါင်းလျော်ချိန်များတွင် ဆံပင်ကို ညင်သာစွာ ကိုင်တွယ်ပါ။
>> ဆံပင်ပြန်ပေါက်အောင် ဘယ်လိုလုပ်မလဲ?
ဆရာဝန်နှင့်
တိုင်ပင်၍ ဆံပင်ပေါက်ဆေး အသုံးပြုပါက ဆံပင်ပြန်ပေါက်နိုင်ရန်
ကူညီပေးနိုင်ရုံမျှမက ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ဆံပင်စိုက်ခြင်းသည်
ခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး သင့်ဦးရေပြားနောက်ဘက်မှ ဆံပင်များကို
အရှေ့ဘက်ပြောင်နေသောနေရာတွင် ပြန်စိုက်ပေးခြင်းဖြစ်သည်။
>> ဆံပင်ထူတယ်လို့ထင်အောင် ဘယ်လိုလုပ်မလဲ?
သင့်တွင် ဆံပင်ပိုမိုများပြားသည်ဟု အထင်ရှိစေသော အကောင်းဆုံးနည်းလမ်းမှာ -
● ဆံပင်တိုတိုညှပ်ပါ။
● ဆံပင်ကို ထူသယောင်ဖြစ်စေသော ဆံပင်ဖြန်းဆေးများကို သုံးစွဲပေးပါ။
Dr. Moe Thauk Pan (www.drmyanmar.com)
အရက်သောက်ခြင်းက ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်ပေးလား
အရက်ပြန်ဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေနိုင်တယ်ဆို အရက်သောက်တာကရော ကိုဗစ်ကို မကာကွယ်ပေးနိုင်ဘူးလားလို့ အမေး များလာကြပါတယ်။ အရက်နဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ အယူအဆမှားတွေနဲ့ ဖြေရှင်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
** မှားသောအယူအဆ - အရက်သောက်ခြင်းဟာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေတယ်။
**
အမှန် - အရက်သောက်ခြင်းဟာ ဗိုင်းရပ်စ်ကို မသေစေနိုင်ပါ။ အရက်ဟာ
အရေပြားပေါ်တွင်သာ ပိုးသတ်အာနိသင်ရှိပြီး ကိုယ်ခန္ဓာအတွင်းမှာတော့
ပိုးသေစေနိုင်တဲ့အာနိသင် မရှိပါဘူး။
** မှားသောအယူအဆ - အရက်ပြင်းပြင်းများ သောက်ပါက ရှူသွင်းလိုက်သောလေမှာ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေတယ်။
**
အမှန် - အရက်က ပါးစပ်နှင့်လည်ချောင်းတွင်းသို့ ရောက်ရှိပါက
ပိုးသတ်အာနိသင်မရှိတဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်းမရှိပါ။
** မှားသောအယူအဆ - အယ်ကိုဟောပါသောအရည်တွေကို သောက်ခြင်းဖြင့် ကိုယ်ခံအားကောင်းစေတယ်။
** အမှန် - အရက်က ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှု ပိုတောင်ခံရစေပါတယ်။
>> ကိုဗစ်ကာလအတွင်းမှာ အရက်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ
● ကိုယ်ခံအားကောင်းမွန်စေဖို့အတွက် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
● မသောက်ရမနေနိုင်အောင် အရက်စွဲနေပါက ပမာဏအနည်းငယ်သာ သောက်သုံးပါ။
● အရက်နှင့်အတူ ဆေးလိပ်တွဲသောက်ခြင်း မပြုလုပ်သင့်ပါဘူး။
● အိမ်ရှိ ကလေးများနှင့်လူငယ်များရှေ့တွင် အရက်သောက်တာ ရှောင်သင့်ပါတယ်။
● အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေး၊ စိတ်ကျဆေးကဲ့သို့ ဆေးသောက်နေသူများ အရက် လုံးဝမသောက်သင့်ပါ။
>> အရက်နှင့် Social Distancing
●
အရက်သောက်သုံးရာနေရာတွေဖြစ်တဲ့ ဘား၊ ဘီယာဆိုင်၊ ကလပ်နှင့်
စားသောက်ဆိုင်တွေမှာ လူစုလူဝေးဖြစ်ပေါ်ခြင်းကြောင့် ရောဂါပျံ့နှံ့စေပါတယ်။
ဒီနေရာတွေကို ရှောင်ခြင်းဖြင့် အရက်သောက်ခြင်းကိုပါ
လျှော့ချနိုင်မှာဖြစ်ပြီး ကိုဗစ်ကူးစက်ခြင်းကိုလည်း တားဆီးနိုင်မှာပါ။
>> အရက်နှင့် Home Quarantine
● အိမ်ကနေအလုပ်လုပ်နေသူများအနေနှင့် ပုံမှန်အလုပ်စည်းကမ်းတွေကို လိုက်နာသင့်ပြီး အရက်သောက်တာကို ရှောင်သင့်ပါတယ်။
● အရက်ဟာ နေ့စဉ် မဖြစ်မနေ အစားအသောက်မဟုတ်တဲ့အတွက် ဈေးဝယ်ထွက်ချိန်မှာလည်း မဝယ်မိအောင် သတိထားသင့်ပါတယ်။
● အရက်ကြောင့်ကုန်မယ့်ငွေတွေကို အာဟာရဖြစ်စေမယ့်အစားအစာနှင့် အားဆေးများ ဝယ်ယူခြင်းက ပိုအကျိုးရှိပါတယ်။
●
အိမ်မှာ ပိုနေသောအချိန်တွေကို အရက်သောက်ခြင်းဖြင့် ကုန်ဆုံးမယ့်အစား
ခြံတွင်းလမ်းလျှောက်ခြင်း၊ တီဗီကြည်ခြင်း၊ စာဖတ်ခြင်း၊
ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။
● အိမ်တွင်း တစ်ယောက်တည်းနေသူများအနေနှင့် အရက် အလွန်အကျွံသောက်မိပါက မိမိကိုယ်ကိုယ် သတ်သေနှုန်း မြင့်မားလာတတ်ပါတယ်။
● အရက်ကြောင့် စိတ်ဖိစီးမှုပျောက်စေတယ်လို့ ထင်နိုင်ပေမယ့် တကယ်ကတော့ စိတ်ကျခြင်း၊ သောကများခြင်းတို့ကို ပိုမိုဖြစ်စေနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင်တောင်မှ နှာခေါင်းစည်းတပ်ဖို့ လိုပါတယ်
အခုချိန်မှာ ကမ္ဘာ့တချို့နိုင်ငံတွေမှာ အသက်ကြီးတဲ့လူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေး စထိုးနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင် စနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိထားရမှာတစ်ခုက ကာကွယ်ဆေးရပြီဆိုတာနဲ့ ကပ်ရောဂါကြီးက ပြီးဆုံးသွားတာမျိုး မဟုတ်ပါဘူး။ လိုက်နာရမှာတွေ ရှိသလို mask ကိုလည်း တပ်မြဲတိုင်း တပ်ထားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါမယ်။
>> ကာကွယ်ဆေးက ကိုဗစ်ကို တိုက်ထုတ်လိုက်တာ မဟုတ်ပါဘူး။
ကာကွယ်ဆေးက
ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကို ကိုဗစ်ပိုး တစ်စိတ်တစ်ပိုင်းကို
ထည့်ပေးလိုက်ပြီး ခန္ဓာကိုယ်က မှတ်မိပြီး ဒီပိုးကို တိုက်ထုတ်မယ့်
ခုခံအားတွေ ထွက်ပေါ်လာအောင် လုပ်ပေးတာဖြစ်ပါတယ်။ ဆိုတော့ လူတစ်ယောက်မှာ
ခုခံအား ဘယ်လောက်ထွက်မယ်ဆိုတာ အခုထိ ရေရေရာရာ မသိနိုင်သေးပါဘူး။
>> Mask ကသာ အခုချိန်ထိ အကောင်းဆုံး ကာကွယ်ဆေးတစ်ခုပါပဲ။
Mask
တပ်တာက အကောင်းဆုံး ကာကွယ်နည်းတစ်ခုဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုရင်
အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်နှုန်းကို ၇၀ % အထိ လျှော့ချပေးနိုင်ပါတယ်။
>> လူတိုင်းနီးပါး ကာကွယ်ဆေး ထိုးပြီးသားဖြစ်ဖို့ ၂ နှစ်၊ ၃ နှစ် ကြာနိုင်ပါတယ်။
ကာကွယ်ဆေးစထိုးတာ
ရက်သတ္တပတ် အနည်းငယ်ပဲ ရှိသေးပြီး ဒီကာကွယ်ဆေးကို သိမ်းဆည်းဖို့၊
သယ်ယူဖို့၊ လူတွေကို ပညာပေးဖို့ စတဲ့ စိန်ခေါ်မှုတွေအများကြီး ရှိနေပါတယ်။
ဒါကြောင့် လူဦးရေ တော်တော်များများကို ကာကွယ်ဆေးထိုးပြီးဖြစ်ဖို့၊
ကာကွယ်ဆေးက အန္တရာယ်လုံးဝမရှိဘူးဆိုတာကို သိရဖို့ ၃ နှစ်လောက်
အချိန်လိုအပ်ပြီး အဲ့တော့မှသာ ဒီကပ်ရောဂါ ပြီးဆုံးပြီလို့ ပြောလို့ရမှာ
ဖြစ်ပါတယ်။
>> ဘယ်သူတွေ ကာကွယ်ဆေး ထိုးပြီးပြီလဲဆိုတာ မသိနိုင်ပါဘူး။
လူဦးရေ
အများကြီးထဲမှာ လူတိုင်းထိုးပြီးသား မဖြစ်နိုင်သေးတာရယ်၊
တချို့ကာကွယ်ဆေးတွေက ထပ်ခါထိုးဖို့ လိုအပ်တာကြောင့် ဘယ်သူ့ဆီက
ကူးစက်မယ်ဆိုတာ မသိနိုင်ပါဘူး။
>> လူတိုင်းက ကာကွယ်ဆေး မထိုးနိုင်သလို မထိုးကြပါဘူး။
ဘီလီယံနဲ့
ချီတဲ့ လူတွေကို ကာကွယ်ဆေးထိုးဖို့ဆိုတာ မလွယ်ပါဘူး။
ကာကွယ်ဆေးရဲ့ဆိုးကျိုးတွေကို သေချာမသိရသေးတာကြောင့် တချို့လူတွေက ထိုးဖို့
နောက်တွန့်ကြမှာပါ။
တချို့ နဂိုရောဂါအခံကြောင့် ကာကွယ်ဆေးထိုးလို့မရတဲ့လူတွေ ရှိနေပါသေးတယ်။
>> ပိုးပြန်ပြီး ကူးစက်နိုင်ချေ ရှိပါသေးတယ်။
ပိုးက မျိုးရိုးဗီဇ အမြဲပြောင်းလဲနေပါတယ်။ ကာကွယ်ဆေးကရတဲ့ ခုခံအားကလည်း ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သေချာမပြောနိုင်ကြသေးပါဘူး။
>> ဘယ်အချိန်မှ mask မတပ်ဘဲ နေလို့ရမှာလဲ။
ကိုဗစ်
ကူးစက်မှုတွေ လျော့ကျပြီ၊ လုံးဝမရှိတော့တာ သေချာပြီ၊ တစ်ကမ္ဘာလုံး
အတိုင်းအတာအရ အချက်အလက်တွေ ထွက်လာပြီ ဆိုမှသာ mask ကို ချွတ်ပြီး
လှုပ်ရှားသွားလာလို့ အဆင်ပြေမှာပါ။
Dr. Htar (www.drmyanmar.com)
Mask တစ်ခုကို အချိန်ဘယ်လောက်ကြာကြာ ဝတ်ဆင်နိုင်လဲ
ကိုဗစ်
မကူးစက်စေဖို့ အပြင်သွားတိုင်း mask ကို မဖြစ်မနေ တပ်ဆင်ကြပါတယ်။
အချို့ကတော့ mask တစ်ခုကို အနည်းဆုံး ၂ ရက်လောက်ဝတ်ပြီးမှ အသစ်လဲသလို
တစ်နေ့တစ်ခါလဲသူတွေလည်း ရှိပါတယ်။ ဒါဆိုရင်တော့ mask တစ်ခုစီအလိုက်
သက်တမ်းဘယ်လောက်ရှိသလဲဆိုတာ သိရှိခြင်းဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိဈေးကွက်မှာ
ဝယ်ယူနိုင်တဲ့ mask တွေက N95၊Surgical mask နှင့် အဝတ် mask တို့
ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ ထောက်ခံချက်အရ N95 mask တွေဟာ ဗိုင်းရပ်စ်ကို
အထိရောက်ဆုံး ကာကွယ်နိုင်ပြီး surgical နှင့် အဝတ် mask တွေကို
တပ်မယ်ဆိုရင် အလွှာ ၃ ထပ်ပါတဲ့ အမျိုးအစားကို ရွေးချယ်ဖို့
အကြံပြုထားပါတယ်။
>> Mask တွေ စိုစွတ်တာ၊ ပြဲသွားတာ၊ ချောင်နေတာရှိပါက ရောဂါပိုးတွေကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး
ဒါကြောင့်
စိုစွတ်ပြီး ပြဲနေသော maskတွေကို လွင့်ပစ်ပြီး အသစ်တပ်ဆင်ဖို့
လိုပါတယ်။ကိုယ့်မျက်နှာနှင့် အံဝင်ခွင်ကျမဖြစ်ဘဲ ကြီးနေသော maskတွေကိုလည်း
အသုံးမပြုသင့်ပါဘူး။
Mask တစ်ခုရဲ့ သက်တမ်းကို စစ်ဆေးဖို့အတွက်
မျက်မှန်တပ်ပြီး mask ဝတ်ဆင်ကြည့်ပါ။ မျက်မှန်တွင် ရေငွေ့ရိုက်ပါက သင့်ဟာ
mask အသစ် လဲသင့်ပါပြီ။ Surgical mask တွေကို ၆ နာရီထက်ကျော်ပြီး
အသုံးမပြုသင့်ပါဘူး။
အလားတူ N95 mask တွေကိုလည်း စိုစွတ် စုတ်ပြဲနေပါက အသစ်လဲသင့်ပါတယ်။
>> Maskရဲ့ ထိရောက်မှု ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် ဖယောင်းတိုင် မှုတ်ကြည့်နိုင်ပါတယ်
ဖယောင်းတိုင်မီးကို
mask တပ်လျက်ဖြင့် မှုတ်ကြည့်ပါ။ မီးဟာ မငြိမ်းသွားဘူးဆိုပါက mask က
ထိရောက်တဲ့ အနေအထားမှာရှိတဲ့အတွက် ဆက်လက်ဝတ်ဆင်နိုင်ပါတယ်။
Mask ကို လျှော်ပြီး ပြန်ဝတ်မယ်ဆိုရင်တော့ အရည်အသွေးပြည့်မီစွာ ကာကွယ်နိုင်မှာ မဟုတ်တာကို သတိပြုပါ။
>> Mask တစ်ခုကို ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲ?
အဝတ်
mask ကို အသုံးပြုမယ်ဆိုရင် အနည်းဆုံး ၂ ခုရှိဖို့လိုပြီး ဒီနေ့ဝတ်ပြီးတဲ့
mask ကို နောက်ရက်မှာ နေလှမ်းခြင်း သို့မဟုတ် ပန်ကာဖြင့်
လေမှုတ်ထားခြင်းဖြင့် Mask မှာ ကပ်နေသော ဗိုင်းရပ်စ်တွေကို
ဖယ်ရှားနိုင်ပါတယ်။
● မျက်နှာပေါ်တွင် ချောင်လွန်းသော mask များနှင့် တင်းကြပ်လွန်းတဲ့ mask တွေကိုတော့ အသုံးမပြုသင့်ပါဘူး။
● အဝတ် mask တွေကို အလွှာသုံးထပ်ပါတဲ့အမျိုးအစားကိုသာ ရွေးချယ်ဝယ်ယူပြီး မျက်နှာနှင့် အံဝင်ခွင်ကျဖြစ်နေဖို့ အရေးကြီးပါတယ်။
● အသုံးပြုပြီးတိုင်းမှာ ကောင်းစွာလျှော်ဖွပ်ပြီး နေလှမ်းခြင်း သို့မဟုတ် မီးပူတိုက်ခြင်းပြုလုပ်ပါ။
●
N95 mask ကိုတော့ အနည်းဆုံး ၅ ခု ဝယ်ထားသင့်ပြီး Day 1 ကနေ Day 5 အထိ
တစ်နေ့တစ်ခုသာ ဝတ်ဆင်ပါ။ ထို mask ၅ ခုကို တစ်လသာ အများဆုံးသုံးပြီး
နောက်တစ်လတွင် အသစ် ၅ ခုကို ထပ်အသုံးပြုပါ။
● Surgical mask တွေကိုတော့ ၄ နာရီပြည့်တိုင်း အသစ်တစ်ခု လဲဝတ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
>> Mask တွေကို ဘယ်လိုသိမ်းဆည်းမလဲ?
အပြင်သွားတဲ့အခါ၊ အစားစားတဲ့အချိန် mask ချွတ်ရမယ်ဆိုရင် ဘယ်လိုသိမ်းဆည်းမလဲဆိုတာလည်း မေးစရာတစ်ခုဖြစ်ပါတယ်။
●
အဝတ် mask တွေကို ချွတ်ပြီးတဲ့အခါ အိတ်ကပ်ထဲ အလွယ်တကူထည့်ခြင်းနှင့်
ပေါင်ပေါ်တင်ထားခြင်းတို့ဟာ မှားယွင်းတဲ့နည်းလမ်းများ ဖြစ်ပါတယ်။
●
Mask ကို ချွတ်မယ်ဆိုရင် လက်ကို အရင်ဆုံး Hand sanitizer ဖြင့် ဆေးပါ။
ထို့နောက် ကြိုးကနေ ကိုင်ပြီး mask ရဲ့ အတွင်းဘက်မျက်နှာပြင်နှစ်ခုကို
ပူးပြီး ခေါက်ပါ။ ထို့နောက် လေလုံတဲ့အိတ်ငယ်တစ်ခုတွင် သိမ်းဆည်းပါ။
ကျွန်မတို့အားလုံးလည်း mask တွေကို စနစ်တကျ အသုံးပြုခြင်းဖြင့် ကိုဗစ်ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်သင့်တယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
ကိုဗစ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ နာတာရှည်ရောဂါလက္ခဏာများ
ကိုဗစ် ကူးစက်ခံရခြင်းကြောင့် ခံစားရသောလက္ခဏာတွေဟာ အချို့သောသူများမှာ ရက်သတ္တပတ် အနည်းငယ်သာ ဖြစ်နိုင်ပေမယ့် အချို့မှာသော လနှင့်ချီ ခံစားရလေ့ရှိပါတယ်။ လနှင့်ချီပြီး ဖြစ်ပေါ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
● နုံးခြင်း
ကိုဗစ်
ကူးစက်ခံခဲ့ရသောသူတွေအနေနှင့် မောပန်းနွမ်းနယ်ခြင်းနှင့် နုံးချိခြင်းကို
သူမတူအောင် ခံစားရတယ်လို့ ဆိုကြပါတယ်။ ဒီလိုလူများအနေနှင့်
အခြားရောဂါလက္ခဏာတွေ သက်သာပြီးနောက်ပိုင်းမှာလည်း နုံးနေတာ မသက်သာဘဲ
အချိန်ကြာကြာ ခံစားရတတ်တယ်လို့ သိရပါတယ်။
● ကြွက်သားများ နာကျင်ခြင်း၊ အားနည်းနေခြင်း
ကိုဗစ်
ကူးစက်ပြီးနောက်ပိုင်းမှာ ကြွက်သားနှင့်တစ်သျှူးများ
ရောင်ရမ်းပျက်စီးခြင်းဒဏ်ကြောင့် အချိန်ကြာကြာ ကြွက်သားတွေ
နာကျင်နေတတ်ပါတယ်။
● ချောင်းဆိုးခြင်း
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ
ဗိုင်းရပ်စ်ခိုကပ်ခဲ့ခြင်းကြောင့် ပြန်လည်သက်သာပြီး နောက်ပိုင်းမှာလည်း ၅
ပတ်၊ ၆ ပတ်လောက် ကြာတဲ့အထိ ချောင်းဆိုးနေတတ်ပါတယ်။
ချောင်းဆိုးခြင်းဟာ ချောင်းခြောက်ဖြစ်နိုင်သလို သလိပ်ထွက်တဲ့ချောင်းလည်း ဖြစ်နိုင်ပါတယ်။
● အသက်ရှူမဝခြင်း
အသက်ရှူမဝခြင်းနှင့် အသက်ရှူချိန် ရင်ဘတ်အောင့်ခြင်းတို့ဟာ ကိုဗစ်ရဲ့ပြင်းထန်လက္ခဏာတွေ ဖြစ်ပါတယ်။
ပြန်လည်သက်သာပြီးနောက်ပိုင်းလည်း အသက်ရှူမဝခြင်းကို အချိန်ကြာကြာခံစားရပါက နေ့စဉ်လူမှုဘဝကိုပါ သက်ရောက်မှုရှိစေနိုင်ပါတယ်။
● ဦးနှောက်ထိုင်းမှိုင်းနေခြင်း
ဦးနှောက်ထိုင်းမှိုင်းနေခြင်း၊
စိတ်ရှူပ်ထွေးခြင်းတို့ဟာလည်း ကိုဗစ် ကူးစက်ပြီးနောက်ပိုင်း
လက္ခဏာတွေဖြစ်ပြီး ထိုသို့ဖြစ်ပေါ်ပါက ဦးနှောက်ကို ၁၀ နှစ်လောက်
အိုမင်းရင့်ရော်စေတယ်လို့ ဆိုပါတယ်။
● ညအိပ်မပျော်ခြင်း
ကိုဗစ်ကူးစက်ပြီးသော လူနာတွေအနေနှင့် ညအိပ်မပျော်ခြင်းကိုလည်း ရေရှည်ကြုံတွေ့ရတတ်ပါတယ်။
● အရသာနှင့် အနံ့ပျောက်ခြင်း
အနံ့ပျောက်ခြင်းနှင့်
အရသာပျောက်ခြင်းဟာ ကိုဗစ်ရဲ့အဖြစ်များသော လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
အချို့သောသူများအနေနှင့် အနံ့ အရသာပျောက်ခြင်းကို လနှင့်ချီတောင်
ခံစားရလေ့ရှိပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
ကိုဗစ်ကို မိမိအိမ်မှာပဲ စစ်ဆေးနိုင်မည့် test kit ကို US FDA အသိအမှတ်ပြု
ဒီဇင်ဘာ
၁၆ ရက်နေ့မှာ အမေရိကန်နိုင်ငံ FDA က အိမ်မှာပဲ ချက်ချင်းစစ်
ချက်ချင်းအဖြေထွက်နိုင်တဲ့ ကိုဗစ် ရှိ၊ မရှိ အမြန်စစ်ဆေးတဲ့ test kit
တွေကို တရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ ဆိုပါတယ်။
ဒီစစ်ဆေးတဲ့ Test Kit
တွေဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ အလွန်အရေးကြီးပြီး ဒီတစ်ခေါက် test kit က
အရင်နဲ့ မတူဘဲ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အသက် ၂ နှစ်အထက် လူတိုင်း
မိမိဘာသာ စစ်ဆေးလို့ ရပါတယ်။
ဒီ test kit ဟာလည်း နှာခေါင်းတို့ဖတ်ယူပြီး
စစ်ဆေးရမှာဖြစ်ပြီး အိမ်မှာ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးရတဲ့
ပလတ်စတစ်စက်လေးတွေနဲ့ အလားသဏ္ဌာန် တူပါတယ်။ မိနစ်ပိုင်းအတွင်း
အဖြေထွက်နိုင်ပါတယ်။
အရင် test kit တွေမှာ အဓိကပြဿနာရှိတာက စစ်ဆေးပြီး
အဖြေကို မှတ်တမ်းတင်လို့မရ၊ data တွေ မရှိတာဘဲ ဖြစ်ပါတယ်။ ပညာရှင်တွေက
ဒီဟာက နောက်ပိုင်းမှာ တိုင်းပြည်အတွက် ပြဿနာဖြစ်နိုင်တယ်ဆိုပြီး
ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ အခု FDA က ခွင့်ပြုလိုက်တဲ့
သြစတေးလျနိုင်ငံထုတ် Ellume test kit က သူရဲ့ အဖြေကို ဖတ်ဖို့ ဖုန်းမှာ app
တစ်ခု သွင်းဖို့လိုပါတယ်။ အဖြေကို app က ဖတ်ပေးပြီးရင် အဲဒီ data ကို
သူတို့ရဲ့ အချက်အလက်တွေ အားလုံးကို သိမ်းတဲ့ဆီပို့ပြီး ဒေသဆိုင်ရာ
ကျန်းမာရေးဌာနတွေကို အချက်အလက်တွေ ပြန်မျှဝေသွားမှာ ဖြစ်ပါတယ်။
မသက်ဆိုင်တဲ့လူတွေဆီ အချက်အလက်တွေ ပေါက်ကြားမှာလည်း စိုးရိမ်စရာမရှိဘူးလို့
ဆိုပါတယ်။
ဒီ test kit တွေ တရားဝင် အသုံးပြုလို့ရလာတာဟာ ဓာတ်ခွဲမှာ
အသုံးပြုရတဲ့ ဓာတ်ကူပစ္စည်း ကုန်ကျစရိတ်တွေ၊ ဓာတ်ခွဲခန်းပညာရှင်တွေ
အလုပ်ချိန်တွေ ပိုနေတာတွေကို သက်သာသွားစေပါတယ်။
ပညာရှင်တွေအနေနဲ့
ဒီတိုးတက်လာတဲ့ ရလဒ်အပေါ်မှာ ကျေနပ်အားရနေကြပေမယ့် တချို့တွေကတော့
လူတွေအနေနဲ့ ဒီရလဒ်တွေအပေါ် မူတည်ပြီး စည်းမျဉ်းတွေကို မလိုက်နာတာ၊
ချိုးဖောက်တာမျိုးတွေ၊ mask မတပ်၊ လူစုလူဝေးလုပ်၊ ပေါ့ပေါ့တန်တန်
နေလာကြတာမျိုးတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီ test kit
တွေအနေနဲ့ ပိုးကို ရှာဖွေတွေ့ရှိနှုန်း ၉၀ ကနေ ၉၇ ရာခိုင်နှုန်းလောက်ထိ
တိကျပေမယ့် ဘယ်အချိန်မှာ စစ်တာလဲဆိုတဲ့ပေါ် မူတည်နေပါသေးတယ်။
ဒီနေ့စစ်ပြီး ပိုးမရှိဆိုတဲ့ အဖြေထွက်ပေမယ့် နောက်ရက်မှာ ကူးစက်ခံရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
အရှေ့တစ်ပတ်မှာလည်း ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ စစ်ဆေးရတဲ့ test kit တစ်မျိုးကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။
ပညာရှင်တွေအနေနဲ့
နောက်လာမယ့်အပတ်တွေမှာလည်း test kit အမျိုးအစားအသစ်တွေကို FDA အနေနဲ့
ပိုပြီး ခွင့်ပြုပေးဖို့ကို မျှော်လင့်နေပါတယ်။
Dr. Htar (www.drmyanmar.com)
သွေးဆုံးခါနီးပြီဆိုတာကို ပြသနေသော အချက်ပြလက္ခဏာ (၅) ချက်
အမျိုးသမီးများအနေနှင့် အသက် ၄၀ နောက်ပိုင်းကနေ ၅၀ တွင်း ချဉ်းနင်းဝင်ရောက်လာသည်နှင့် သွေးဆုံးကိုင်ခြင်းဝေဒနာတွေကို စတင်ခံစားရတတ်ပါတယ်။ မိမိမှာ အောက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သွေးဆုံးချိန်နီးကပ်နေပြီဆိုတာ သိရှိနိုင်ပါတယ်။
(၁) စိတ်တိုလွယ်၊ ဝမ်းနည်းလွယ်ခြင်း
ထစ်ခနဲရှိ
စိတ်တိုလွယ်ခြင်းနှင့် ဝမ်းနည်းစရာဖြစ်ရပ်များကြုံပါက ယခင်ကထက်
ပိုမိုဝမ်းနည်းတတ်၊ ငိုကြွေးနေတတ်ခြင်းနှင့် ရင်ဆိုင်ရတတ်ပါတယ်။
နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း ယုံကြည်မှု
ပျောက်ဆုံးနေတတ်ပါတယ်။
(၂) အိပ်ရေးပျက်ခြင်း
သွေးဆုံးခါနီးအမျိုးသမီးများ
ရင်ဆိုင်ရတဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ ညအိပ်မပျော်ခြင်းပဲ ဖြစ်ပါတယ်။
အိပ်ရေးမဝတဲ့အတွက် မနက်မှာ အားအင်ကုန်ခမ်းနေတတ်ပြီး အခြားသော
သွေးဆုံးကိုင်လက္ခဏာတွေကိုပါ ပိုမိုဆိုးရွားစွာ ခံစားရစေတတ်ပါတယ်။
(၃) ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
အချို့သောအမျိုးသမီးတွေမှာ ဆိုးရွားသော ခေါင်းကိုက်ခြင်းနှင့်အတူ တုပ်ကွေးလက္ခဏာတွေပါ ခံစားရလေ့ရှိပါတယ်။
(၄) သတိမေ့လွယ်ခြင်းနှင့် အာရုံစူးစိုက်မရခြင်း
သွေးဆုံးခါနီးမှာ
ထွက်ပေါ်လာသော ဟိုမုန်းများကြောင့် သင့်မှတ်ဉာဏ်တွေကို ဝေဝါးစေပြီး
မေ့ပျောက်လွယ်စေတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ရှိ အမျိုးသမီးများအနေနှင့်လည်
အလုပ်ကို အာရုံစိုက်မရတာမျိုး ဖြစ်တတ်ပါတယ်။
(၅) နေ့စဉ်ဘဝပျောက်ဆုံးခြင်း
ဟိုမုန်းအပြောင်းအလဲများကြောင့် အရိုးအဆစ်တွေ နာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အခက်အခဲဖြစ်စေပါတယ်။
သွေးဆုံးခါနီးဝေဒနာတွေကို အမျိုးသမီးတိုင်းလိုလို ခံစားရတတ်တဲ့အတွက် မိမိအနေနှင့် အလွန်ထိတ်လန့်တာမျိုး မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။ ဆိုးရွားသော သွေးဆုံးကိုင်ဝေဒနာများကို ခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဟိုမုန်းကုသနည်းကို ခံယူနိုင်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကစားခြင်း စတဲ့ စိတ်ကိုပြေလျော့စေမယ့် နည်းလမ်းတွေကိုလည်း အသုံးပြုပြီး ကုစားနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
ကလေးကို စိတ်ဒဏ်ရာမဖြစ်စေလိုပါ
(၁) ကလေးကို ရှောင်နေခြင်းနှင့် လျစ်လျူရှုထားခြင်း
ကလေးရဲ့စိတ်ခံစားချက်များကို လျစ်လျူရှုခြင်းဟာလည်း ကိုယ်ထိလက်ရောက် နှိပ်စက်သကဲ့သု့ိ ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။
ကလေးရဲ့
လိုအပ်ချက်များကို လျစ်လျူရှုခြင်း၊ ကလေးအား နည်းလမ်းမှန်စွာ
မပျိုးထောင်ခြင်း၊ ကလေးကို မိမိကိုယ်ကို အသုံးမကျဟု ထင်မြင်အောင်
ပြုလုပ်မိခြင်း၊ အန္တရာယ်ဖြစ်စေမယ့် အနေအထားမျိုးတွင် မစောင့်ရှောက်ခြင်း၊
ကလေးကို တစ်ကိုယ်တည်း အထီးကျန်စေခြင်း စတဲ့ လုပ်ရပ်တွေဟာ ကလေးရဲ့
စိတ်ကျန်းမာရေးကို ထိခိုက်စေရုံတင်မကပဲ တစ်သက်တာ စိတ်ဒဏ်ရာရစေခြင်း၊
လူမှုဘဝ အဆင်မပြေဖြစ်ခြင်းတို့နှင့် ရင်ဆိုင်ရစေပါလိမ့်မယ်။
** ဖြေရှင်းနည်း - ကလေးတွေအနေနှင့် အချစ်ခံရပြီး ပျော်ရွှင်ဖို့နှင့် ထိုက်တန်ပါတယ်။ ဒါကြောင့် မိဘတွေအနေနင့် ကလေးတွေကိုချစ်ကြောင်း၊ သူတို့ကို လိုလားကြောင်းပြသပေးခြင်း၊ အချိန်ယူပြီး စကားပြောခြင်း၊ ပျော်စရာအချိန်များ အတူတကွ ဖန်တီးခြင်း ပြုလုပ်ပါ။
(၂) ရုပ်ပိုင်းဆိုင်ရာနှင့် စကားလုံးပိုင်းဆိုင်ရာ ပြုမူပြောဆိုခြင်း
မိဘအများစုအနေနှင့်
ကလေးတွေရဲ့ခံစားချက်ကို မမြင်ဘဲ ရိုက်နှက်ခြင်း၊
နာကျင်ဖွယ်ရာစကားလုံးများနှင့် ထိုးနှက်ပြောဆိုခြင်းတို့ဖြင့်
နိုင်ထက်စီးနင်း ပြုလုပ်လေ့ရှိကြပါတယ်။ သင့်စကားလုံးတစ်လုံးနှင့်
ရိုက်နှက်ချက်တစ်ခုနှင့်တင် ကလေးဟာ နှစ်ပေါင်းများစွာ
စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ ဒီထိုးနှက်ချက်တွေကြောင့် ကလေးမှာ
အငုံ့စိတ်ဝင်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်းတို့
အရိုးစွဲသွားစေနိုင်ပါတယ်။
ဒီလိုစကားလုံးများနှင့်
ထိုးနှက်နှိပ်စက်ခံရသော၊ ကိုယ်ထိလက်ရောက်ရိုက်ခံရသော ကလေးများဟာ
ဘဝတစ်သက်တာမှာ စိတ်ပိုင်းဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေး၊
စီးပွားရေးပြဿနာများနှင့် ရင်ဆိုင်ရမယ့်အပြင် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊
မိမိကိုယ်ကိုနှိပ်စက်ခြင်း၊ ဆေးစွဲခြင်း စတဲ့ ဆိုးရွားသောအပြုအမူများကို
ပြုလုပ်တတ်ကြပါတယ်။
** ဖြေရှင်းနည်း - ရိုက်နှက်ခြင်း၊ စွပ်စွဲခြင်း၊ လူကြားထဲတွင် အော်ငေါက်ခြင်း၊ အသုံးမကျဟု ပြောဆိုခြင်းတို့ကို လုံးဝရှောင်ကြဉ်ပါ။ အမှားတစ်ခုခုအတွက် အပြစ်ပေးလိုပါက အိမ်မှုကိစ္စများလုပ်စေခြင်း၊ အိပ်ရာစောစောထစေခြင်း စသည့် အပြစ်များကိုသာ ပေးပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
ကလေးငယ်များ ချောင်းဆိုးခြင်းကို သက်သာစေမည့် အိမ်တွင်းနည်းလမ်းများ
ယခုလို မိုးတွင်းဘက်မှာ လူကြီးများသာမက ကလေးငယ်များလည်း ဖျားနာခြင်းကို ခံစားရပါတယ်။ ဖျားနာခြင်းနှင့်အတူ ချောင်းဆိုးခြင်းပါ တွဲပြီးဖြစ်ပေါ်ပါက အိပ်ရေးပျက်သည်အထိ ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။ အောက်ပါအိမ်တွင်းနည်းလမ်းလေးများကို အသုံးပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဦးခေါင်းကို မြှင့်ထားပေးပါ
သင့်ကလေးဟာ
အသက်တစ်နှစ်အထက်ရှိပါက သူ့ကျော၊ ပခုံးနှင့် ခေါင်းအောက်တွင်
ခေါင်းအုံးပျော့ပျော့လေး ခုပေးထားနိုင်ပါတယ်။ ထိုသို့
ခေါင်းကိုမြှင့်ပေးခြင်းဖြင့် ကလေးကို အသက်ရှူရ ပိုလွယ်ကူစေပါလိမ့်မယ်။
လသားကလေးများအတွက်မူ မွေ့ရာအောက်တွင် ခေါင်းအုံးအပျော့လေးကို
ခုပေးနိုင်ပါတယ်။
(၂) ရေနွေးငွေ့ရှူခိုင်းပါ
ရေနွေးငွေ့က
နှာခေါင်းပိတ်ခြင်းကို သက်သာစေပြီး ချွဲတွေကို ပျော်စေတာမို့
အသက်ရှူချောင်စေနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ရေချိုးခန်းရေပန်းကနေ
ရေနွေးပူများကိုဖွင့်ချပြီး ထိုရေချိုးခန်းထဲတွင် ကလေးနှင့်အတူ မိခင်ပါ ၁၅
မိနစ်ခန့် ထိုင်ပေးခြင်းဖြင့် ရေနွေးငွေ့ရှူခြင်းကို ပြုလုပ်ကြပါတယ်။
ရေချိုးခန်းကို အလုံပိတ်ထားဖို့တော့ လိုတာပေါ့။
(၃) ရေငွေ့ထုတ်စက် (humidifier) ကို အသုံးပြုနိုင်ပါတယ်
ရေငွေ့ထုတ်စက်ကို
အသုံးပြုခြင်းဖြင့်
မျက်လုံး အားကောင်းစေဖို့အတွက်
1.
မျက်ခွံတွေ သန်မာဖို့ လိုပါတယ်။ မျက်လုံးကြွက်သားတွေ သန်မာစေဖို့အတွက်
ကွန်ပျူတာ သုံးပြီးရင် (သို့) အလုပ်လုပ်နေတုန်း နားပြီးတော့ လေ့ကျင့်ပါ။
မျက်လုံးကို တစ်ဝက်ပိတ်ပြီးတော့ အပေါ်မျက်ခွံ တုန်နေတာကို အာရုံစိုက်ထားပါ။
ဒါက မျက်တောင်မခတ်တဲ့အခါမှာ ဖြစ်တတ်တဲ့ ပုံမှန်တုန့်ပြန်မှုပါ။
ဒီလိုမျက်ခွံလှုပ်နေတာကို အနည်းဆုံး ၅ စက္ဏန့်လောက် ရပ်သွားအောင်
ကြိုးစားပြီး အားသုံးကြည့်ပါ။ ဒီလိုလုပ်တာက မျက်လုံးအားစိုက်ရတာကို
သက်သာစေပြီးတော့ အမြင်အာရုံကို ပိုကောင်းစေပါတယ်။ ဒါပေမဲ့လည်း
အမြဲတမ်းလုပ်ရင် ခေါင်းကိုက်ပြီး မျက်လုံးအားစိုက်ရတာ ပိုများစေတဲ့အတွက်
အမြဲတမ်းတော့ မလုပ်ပါနဲ့။
2. စိတ်လျှော့ပြီးတော့ အသက်ကို သေချာရှူပါ။
မျက်ခွံတွေကို တစ်ဝက်ပိတ်ပြီးရင်တော့ ဖြည်းဖြည်းချင်း အကုန်ပိတ်ချလိုက်ပြီး
လျှော့ချလိုက်ပါ။ ပြီးရင်တော့ သွေးထဲကို အောက်ဆီဂျင် ပိုရောက်စေဖို့အတွက်
အသက်ရှူပါ။ အသက်ရှူသွင်းတိုင်း အောက်ဆီဂျင်ပါတဲ့လေတွေက
နှာခေါင်းကနေပြီးတော့ မျက်လုံးထဲကို ရောက်သွားပြီလို့ တွေးပြီးတော့
ပါးစပ်ကနေတစ်ဆင့် လေကို ရှူထုတ်ပါ။ ဒါကို တစ်မိနစ်၊ နှစ်မိနစ်ခန့်
ထပ်ခါထပ်ခါ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးကို ပြေလျော့စေပြီး
မျက်ခွံတွေကို သန်မာစေဖို့ပါ။
3. စိတ်အာရုံစူးစိုက်စေတဲ့
လေ့ကျင့်ခန်းတွေ လုပ်ပါ။ တစ်နေရာရာက ပစ္စည်းတစ်ခုခုကို
စိုက်ကြည့်တဲ့လေ့ကျင့်ခန်းက မျက်လုံးအားစိုက်ရတာကို သက်သာစေပါတယ်။
တစ်ခုခုကို စိုက်ကြည့်ပြီးတော့ မျက်တောင်ခတ်လိုက်ခြင်းဖြင့် မျက်လုံးကို
ရေဓာတ် ဖြည့်ပေးပါတယ်။ ဘောပင်တစ်ချောင်းကိုကိုင်ကာ လက်တစ်ဖြောင့်တည်း
ဆန့်ထုတ်ပြီး ဒီဘောပင်ကို စိုက်ကြည့်ပါ။ ဘောပင်ကို အနီးကို ဖြည်းဖြည်းချင်း
ဆွဲယူနေတုန်းမှာ ဘောပင်ထိပ်ကို အာရုံစိုက်ပြီး ကြည့်နေပေးပါ။ ဒီလိုမျိုး
၅-၁၀ ကြိမ်လောက် ထပ်လုပ်ပြီးတော့ အဝေးကအရာကို စိုက်ကြည့်တာနဲ့ရောပြီး
လုပ်ပေးပါ။ ဒါက မျက်လုံးအာရုံစိုက်ထားရတာကို သက်သာစေပါတယ်။ တစ်ခုခုကို
စိုက်ကြည့်ရတာက အမြင်အာရုံကို ပိုကောင်းစေပြီးတော့
မျက်လုံးဒဏ်ဖြစ်တာကိုလည်း သက်သာစေပါတယ်။
4. မျက်လုံးကို အနားပေးပါ။
ကွန်ပျူတာဖန်သားပြင်ကို အကြည့်များလို့၊ စာဖတ်တာကြာလို့၊
အာရုံစိုက်ရတဲ့အလုပ် လုပ်ရာကနေပြီးတော့ မျက်လုံးအားအရမ်းစိုက်နေရတယ်လို့
ခံစားလာရရင် ကိုယ့်ရဲ့ နှာခေါင်းထိပ်ကို ကြည့်ပါ။ ပြီးရင်
ကိုယ့်ရဲ့လက်တစ်ကမ်း (သို့) ၂၀ ပေအကွာလောက်မှာရှိတဲ့ အရာတစ်ခုခုကို
ကြည့်ပါ။ ပြီးရင် နှာခေါင်းထိပ်ကို ပြန်ကြည့်ပါ။ ဒီလိုမျိုး ၁၀
ကြိမ်လုပ်ပါ။ ၁၅-၃၀ မိနစ်ကြာရင် တစ်ခါ ကိုယ်အာရုံစိုက်နေတဲ့ အရာကနေပြီးတော့
အကြည့်လွှဲပြီး ကြည့်ပေးပါ။ မျက်လုံးအနားပေးတဲ့အချိန်မှာ အကွာအဝေး
အမျိုးမျိုးကအရာတွေကို ကြည့်ပေးပါ။ (သို့) မျက်လုံးကို ကွန်ပျူတာကနေ
ခွာပြီးတော့ အနားပတ်ဝန်းကျင်မှာ လမ်းထလျှောက်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
မွေးကင်းစ သားသားမီးမီးတွေ ခဏခဏငိုတာ ဘာလို့လဲ
♦ ဗိုက်ဆာနေလို့ပါ။ နာရီအနည်းငယ်ခြားပြီး မကြာခဏနို့တိုက်ပါ။ မဆာလည်း တိုက်၊ ဆာလည်း တိုက်ပါ။
♦ ကိုယ်စားလိုက်တဲ့ထဲမှာ ကလေးနဲ့ မတည့်တာ ပါခဲ့မယ်ထင်ရင် ရှောင်ပါ။
♦ ဗိုက်မဆာပေမယ့် တစ်ခုခုကို စိတ်သက်သာရာရအောင် စုပ်နေချင်တာပါ။ ဘွားဘွားရဲ့နို့ပိန်ကြီးတို့၊ ချိုလိမ်တို့က သူ့ကို စိတ်ပျော်စေပါတယ်။
♦ သူလေးကို အပြင်ခေါ်သွားပြီး အပြန် သိပ်ပင်ပန်းသွားရင်လည်း သူလေးက ဂျီကျနေတတ်ပါတယ်။
♦ သေးစိုနေရင်လည်း အရမ်းငိုတယ်နော်။
♦ ချီပြီး အပြင်ထွက်ခံချင်လို့ပါ။
♦ အနှီးလေးနဲ့ ထွေးပွေ့ပြီး ယုယတာ ခံချင်လို့ပါ။
♦ ပတ်ဝန်းကျင်မှာ သိပ်ဆူရင်၊ မိသားစုဝင်တွေ ရန်ဖြစ်ရင်လည်း သူတို့ ထအော်ပြန်ပါတယ်။
♦ လေပွနေလို့ပါ။ တစ်ရက်ကို သုံးနာရီထက်ပိုပြီး ကြာကြာငိုနေရင် သူလေး ဗိုက်နာနေပြီ။
မေမေလည်း ဂရုစိုက် နေထိုင်ပေးနော်။ ကလေးငိုတော့ စိတ်ရှုပ်နေရပြီ မဟုတ်လား။
● အပြင်ထွက် ဈေးဝယ်ပါ။
● ကောင်းကောင်းစားပါ။
● ဖြည်းဖြည်းချင်း သူလေးအကျင့်ရ အငိုတိတ်မှာမို့ စိတ်လျှော့လိုက်ပါ။
● ကလေးငယ်၊ အစာမဝင်၊ မအိပ်ဘဲ ဂျီကျနေရင်တော့ ဆရာဝန် ပြသပါ။
ပန်းသေပန်းညှိုးခြင်း
>> ပန်းသေပန်းညှိုးတယ်ဆိုတာ ဘာလဲ?
ပန်းသေပန်းညှိုးတယ်ဆိုတာ လိင်အင်္ဂါကောင်းကောင်း မထောင်မတ်လာတာကို ဆိုလိုပါတယ်။
>> ပန်းသေပန်းညှိုးခြင်းကြောင့် အိမ်ထောင်ရေးမှာ ဘယ်လိုအကျိုးတွေ ဖြစ်လာမလဲ?
ပန်းသေပန်းညှိုးပြဿနာဟာ အမျိုးသားတွေမှာတင် မကပါဘူး။ အိမ်ထောင်ဘက် အမျိုးသမီးကိုပါ ထိခိုက်စေနိုင်ပါတယ်။
>> ဘယ်လောက်ထိ အဖြစ်များသလဲ?
အမျိုးသားအများစုဟာ ပင်ပန်းနေချိန်၊ စိတ်ဖိစီးမှု များနေချိန်၊ အရက် အရမ်းမူးနေချိန်တွေမှာ ယာယီခဏတာ ဖြစ်တတ်ပေမယ့် တစ်ချို့တွေမှာတော့ တောက်လျှောက် သို့မဟုတ် မကြာခဏပြန်ပြန်ပြီး ဖြစ်တတ်ပါတယ်။ အသက် ၄၀ နဲ့ ၇၀ ကြား အမျိုးသားတစ်ဝက်လောက်နဲ့ အသက် ၇၀ အထက် အမျိုးသား ၁၀ ယောက်မှာ ၇ ယောက်တို့ဟာ ပန်းညှိုးခြင်းဝေဒနာ ခံစားရတတ်ပါတယ်။
>> ပန်းထောင်မတ်ခြင်း ဘယ်လိုဖြစ်လာရလဲ?
လိင်မှုဆန္ဒ ပြင်းပြလာတဲ့အခါ ဦးနှောက်ကနေ ဆင်းလာတဲ့ အာရုံသိမှုဟာ လိင်အင်္ဂါမှာရှိတဲ့ အာရုံကြော ဆက်သွယ်ပစ္စည်းတွေ ထုတ်လွှတ်ပေးပြီး သွေးလွှတ်ကြောကို ကျယ်စေကာ သွေးအလာ များစေပြီး အင်္ဂါကို ဖောင်းတင်းလာစေပါတယ်။ ဖောင်းတင်းလာတဲ့ တစ်သျှူးတွေက သွေးပြန်ကြောကို ဖိတဲ့အတွက် သွေးပြန်မစီးနိုင်တော့ဘဲ ပိုပြီးထောင်မတ်လာပါတယ်။ အတူနေပြီးချိန်မှာ သွေးစီးဆင်းမှု ပုံမှန်ပြန်ဖြစ်သွားပြီး နဂိုမူလအနေအထားကို ပြန်ရောက်လာစေပါတယ်။
>> ဘာတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်ရသလဲ?
အဖေနဲ့ အမေရဲ့ သွေးအုပ်စုကိုသိရင် ကလေးရဲ့ သွေးအုပ်စုကိုသိနိုင်
----------------
အဖေရဲ့ သွေးအုပ်စုက A ဖြစ်ပြီး
အမေရဲ့ သွေးအုပ်စုကလည်း A ဆိုရင်
မွေးလာမယ့်ကလေးရဲ့ သွေးအုပ်စုက A (သို့) O ဖြစ်နိုင်ပါတယ်။
အဖေရဲ့ သွေးအုပ်စုက A ဖြစ်ပြီး
အမေရဲ့ သွေးအုပ်စုက B ဆိုရင်
မွေးလာမယ့်ကလေးရဲ့ သွေးအုပ်စုက A (သို့) B (သို့) AB (သို့) O ဖြစ်နိုင်ပါတယ်။
အဖေရဲ့ သွေးအုပ်စုက A ဖြစ်ပြီး
အမေရဲ့ သွေးအုပ်စုက AB ဆိုရင်
မွေးလာမယ့်ကလေးရဲ့ သွေးအုပ်စုက A (သို့) B (သို့) AB ဖြစ်နိုင်ပါတယ်။
အဖေရဲ့ သွေးအုပ်စုက A ဖြစ်ပြီး
အမေရဲ့ သွေးအုပ်စုက O ဆိုရင်
မွေးလာမယ့်ကလေးရဲ့ သွေးအုပ်စုက A (သို့) O ဖြစ်နိုင်ပါတယ်။
--------------
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
>> အိမ်တွင်းကုထုံးများ
1. အရည်များများ သောက်ပါ။
ရေများများ သောက်ပါက ဆီးလမ်းကြောင်းထဲရှိ ဘက်တီးရီးယားပိုးတွေကို အပြင်ကို ထွက်သွားစေနိုင်ပါတယ်။ တစ်ယောက်ကို တစ်နေ့လျှင် ရေ ၆-၈ ဖန်ခွက် သောက်သင့်ပါတယ်။ ဒါပေမဲ့လည်း ရေ တစ်နေ့ ဘယ်လောက် သောက်သင့်တယ်ဆိုတာကလည်း တစ်ဦးချင်းအလိုက် ဆေးပညာဆိုင်ရာ အကြံဉာဏ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ ရေ အသောက်များရင်လည်း အန္တရာယ် ရှိပါတယ်။
2. ဆီးသွားပေးပါ။
ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့သူတွေမှာ ဆီးအိမ်ထဲမှာ သွားစရာဆီး မရှိရင်တောင်မှ ဆီး သွားချင်နေပါတယ်။ ပုံမှန်ထက် ပိုပြီးတော့ကို မကြာခဏ ဆီး သွားချင်တတ်တယ်။ ဆီးသွားခြင်းကြောင့် ဘက်တီးရီးယားပိုးတွေကို အပြင်ကို ထွက်သွားစေနိုင်ပါတယ်။ ရေများများ သောက်ပြီး ဆီးများများ ပေါက်မယ်ဆိုရင် ရောဂါလက္ခဏာတွေ သက်သာပြီး မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။
3. အပူ
အချို့ကုထုံးတွေက မြန်မြန်ပျောက်ဖို့ အထောက်အကူ မဖြစ်ပေမယ့် ဆီးကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဥပမာ - ဆီးအိမ် (သို့)
သားအိမ်နံရံ ထူလာခြင်း
>> သားအိမ်နံရံထူလာခြင်း အကြောင်းအရင်းများ
ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်းတွေ များလာပြီး ပရိုဂျက်တွေနဲ့ ဟော်မုန်းနည်းလာရခြင်းက သားအိမ်နံရံကို ထူလာစေပါတယ်။ သားအိမ်နံရံထူလာရတဲ့ ဖြစ်စဉ်ကို နားလည်ဖို့အတွက် ဓမ္မတာစက်ဝန်းအတွင်း ဟော်မုန်းပြောင်းလဲမှုများဟာ သားအိမ်အတွင်းနံရံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ဦးစွာသိထားဖို့ လိုအပ်ပါတယ်။
ရာသီစက်ဝန်းအစမှာ သားဥအိမ်မှာ အီစထရိုဂျင်ဟော်မုန်းတွေကို ထုတ်ပေးခြင်းဖြင့် သားအိမ်နံရံတွေကို ထူလာစေပြီး သန္ဓေတည်နိုင်ရန် အသင့်အနေအထားကို ရောက်ရှိစေပါတယ်။ ဒါပေမဲ့ သားဥကြွေပြီးတဲ့အချိန်မှာ မျိုးအောင်တဲ့သားဥကို အထောက်အပံ့ပေးနိုင်ရန် ပရိုဂျက်စရုန်းဟော်မုန်း တက်လာပါတယ်။ အကယ်၍ သန္ဓေမတည်ပါက ဟော်မုန်း 2 ခုလုံးရဲ့ ပမာဏဟာ ပြန်လည်နိမ့်ဆင်းသွားပါတယ်။ ပရိုဂျက်စရုန်းဟော်မုန်းကို လျှော့ချလိုက်ခြင်း အကြောင်းအရင်းကတော့ သားအိမ်နံရံတွေ ကြွေကျပြီး ရာသီလာစေဖို့ပဲဖြစ်ပါတယ်။
သားဥမကြွေပါက ပရိုဂျက်စရုန်းလည်း ထွက်လာမှာ မဟုတ်သလို နံရံတွေကလည်း ကြွေကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် သားအိမ်နံရံတွေဟာ အီစထရိုဂျင်ရဲ့အရှိန်နဲ့ ဆက်လက်ကြီးထွားနေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ နံရံအတွင်းမှာရှိတဲ့ ဆဲလ်တွေဟာ တဖြည်းဖြည်း ပုံမှန်မဟုတ်တော့ပါဘူး။
အချို့သော အမျိုးသမီးတွေမှာတော့ ဆဲလ်တွေဟာ ပုံမမှန်ဘဲ ပွားလာတဲ့အတွက် ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။
>> ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အချက်များ
သွားဖုံး သွေးယိုတာ ဘာလို့လဲ?
ဒီတော့ သွားဆရာဝန်ဆီမှာ ပြသ ကျောက်ခြစ်သင့်ပါတယ်။ သွားကျောက် ရှိ၊ မရှိ မှန်မှန်စစ်ဆေးတာကို မြန်မာပြည်သားတွေ လုပ်လေ့မရှိပါဘူး။ စစ်ဆေးပြီး ကျောက် ဖယ်ရှားတာ၊ သွားဖုံးကျန်းမာရေး စစ်ဆေးတာမျိုး အခါအားလျော်စွာ ပြုလုပ်သင့်ပါတယ်။
သွားဖုံးသွေးယိုတဲ့အခါ နှလုံးရောဂါ၊ လေဖြတ်တာတွေနဲ့လည်း တိုက်ရိုက်ဆက်စပ်ကြောင်း တွေ့ရှိထားပါပြီ။
● အသက် 60 အထက် လူကြီးတွေ
● အတက်ရောဂါဆေး၊ နှလုံးဆေးသောက်နေသူတွေ
● စိတ်ဖိစီးမှု များသူတွေ
● အာဟာရ ပြည့်ဝအောင် မစားသူတွေ
● သွားကို နည်းမှန်လမ်းမှန် မတိုက်သူတွေ။
ခံတွင်းသန့်ရှင်းမှု အားနည်းသူတွေမှာ သွားဖုံး သွေးထွက်တာ၊ ရောင်တာ ဖြစ်နိုင်ပါတယ်။ ဒီတော့ သွားဖုံး သွေးယိုရင် ရောင်တယ်ထင်ရင် မပေါ့ဆဘဲ သွားဆရာဝန်တွေကို ပြသ စစ်ဆေးကြပါလို့ အကြံပြုပါတယ်။
ကလေးနှင့် တုပ်ကွေး
အဓိကအချက်များ
• Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်ဝင်တွေက တုပ်ကွေးဖြစ်စေပါတယ်။
• ကလေးမှာ ကိုယ်ပူ၊ ခေါင်းကိုက်၊ ကြွက်သားတွေနာကျင်ခြင်းစတဲ့ အအေးမိခြင်းလက္ခဏာတွေခံစားရနိုင်ပါတယ်။
• နေပြန်ကောင်းဖို့အတွက် တစ်ပတ်ကနေပြီး ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။
တုပ်ကွေးရောဂါဖြစ်စေတဲ့အုပ်စု influenza A နဲ့ B ဆိုပြီး အဓိကနှစ်ခုရှိပြီး C ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကိုကြည့်ပြီး ဘယ်အုပ်စုကြောင့်ဖြစ်တယ်လို့တော့မပြောနိုင်ပါဘူး။ ဓာတ်ခွဲခန်းမှာစစ်ဆေးပြီးမှပဲ ခွဲခြားသိနိုင်ပါတယ်။ ဒီလိုဓာတ်ခွဲစစ်ဆေးမှုကို တုပ်ကွေးဖြစ်ပွားပျံ့နှံ့မှုများတဲ့အချိန်တွေအတွင်းမှာ ပြုလုပ်လေ့ရှိပါတယ်။
HIV ပိုး သံသယ
OnDr မှာ အမေးများတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ HIV ရောဂါပိုး ကူးစက်ခံခဲ့ရလျှင် ဘာလက္ခဏာတွေ ပေါ်တတ်ပါသလဲ ဟူသောမေးခွန်းဖြစ်ပါတယ်။
-သင်သည် မမျှော်လင့်ပဲ ကာကွယ်မဲ့ လိင်ဆက်ဆံမှု ပြုခဲ့လျှင်
-သင်သည် ဆေးထိုးအပ် မျှဝေသုံးစွဲခဲ့လျှင်
-ပိုးရှိသူရဲ့သွေး မိမိကိုယ်ထဲ တစ်နည်းနည်းဖြင့် ဝင်ရောက်ခဲ့လျှင် အဆိုပါ မေးခွန်း ပေါ်လာတတ်ပါတယ်။ အလျင်အမြန် သိချင်ပါလိမ့်မယ်။ ယခုနောက်ဆုံးပေါ် နည်းစနစ်အရ HIVကူးစက်ပြီး ရက်ပိုင်းအတွင်း သွေးစစ် ကြည့်လျှင်သိနိုင်ပါတယ်။
HIV ပိုးက ဘာလဲ?



















