Glaxy Ace ဖုန်းက ကိုင်သူအတော်များပါတယ်၊ Root လုပ်ပုံကလည်း ရှင်းလင်းလွယ်ကူပါတယ်ခင်ဗျာ။ ဆိုင်မသွားဘဲ ကိုယ်တိုင် Root လုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။
ပထမဆုံး လိုအပ်မယ့် Update Zip ကိုဒေါင်းပါ။
Download 1
Download 2
Download 3
* SD ကိုအမျိုးအစားကောင်းတာလေးသုံးပေးပါ။
* Battery ကိုအနည်းဆုံး ၇၅% အားသွင်းပေးထားပါ။
- ဒေါင်းထားတဲ့ Update Zip ကို SD card ထဲ ဒီအတိုင်းပဲထည့်ပါ၊ ဖြည်စရာမလိုပါ။( SD card အဟောင်းဆိုရင်တော့ Format ရိုက်လိုက်တာကောင်းပါတယ်။)
- Recovery Mode ၀င်ပါမယ်၊(ဖုန်းကို Power ပိတ်ပါ၊ ဘက်ထရီပါဖြုတ်ထားချင်ရင် ခဏဖြုတ်ထားပါ၊ ပြီးရင် Volume Up & Home Key & Power ကိုတွဲရက်ဖိထားပါ၊ စက္ကန့် ၂၀ ကျော်ကြာပါမယ်၊ recovery စာတန်းတွေတက်လာလာခြင်း လက်မလွှတ်လိုက်ပါနဲ့ဦး၊ Reboot ပြန်တက်သွားတတ်လို့ပါ။ ၃ ၊ ၄ စက္ကန့်လောက်ဆက်ဖိထားပါဦး၊ )
- Volume Down Key နဲ့ apply update from sdcard ကိုရွေးပါ၊
- Home Key နှိပ်ပြီးဝင်ပါမယ်၊
- root 5 GT-S5839i uploaded by ...... . zip ကိုရွေးပါ၊
- Home Key နှိပ်
- ပုံထဲကလို အလုပ်လုပ်နေပါမယ်၊ Install from sdcard complete. စာတန်းတက်လာရင်တော့ ထိပ်ဆုံးက Reboot system now နှင့် ပြန်ထွက်ပါမယ်။ Reboot တက်တာဆုံးအောင်စောင့်ပါမယ်၊ ပြီးရင်တော့ Applications တွေထဲမှာ Super Su ကိုတွေ့ရမှာပါ။
No comments:
Post a Comment