သူစိမ်းမဆန်ပေမယ့်
ရင်းနှီးမှုကရမလာ
နေ့ရက်တိုင်းရဲ့ မနက်သစ်ဟာ
မင်းးရဲ့ ကြည်စင်ဝင်းပမှုတွေနဲ့
တောက်ပခဲ့ပြီ……..
“ဘယ်သူလည်း
ဘယ်ကလည်း” ငါမသိ
အဲဒီလို…..မသိခြင်းခေါင်းစဉ်အောက်
မင်းနဲ့ပတ်သက်လို့
မစိုက်ပျိုးရပဲ ရှင်သန်နေတဲ့သစ်တစ်ပင်
ငါ့ရင်ထဲမှာရှိတယ်
တံခါး တစ်ချပ်ရှေ့မှာ
တွေဝေမိသလိုမျိုး
ငါ………..
ရိုးသားစွာ
သိမ်းဆည်းထားပါတယ်……။
No comments:
Post a Comment