ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၊
စာတိုက်လုပ်ငန်း မှ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်
အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ငွေပို့ငွေလွှဲကိစ္စရပ်များကို ဆောင်ရွက်သောအခါ
မြန်မာပြည် အနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြန့်ကြက်လျက်ရှိသည့်
ရိုးရိုးငွေပို့လွှာလုပ်ငန်း စာတိုက်ရုံး ပေါင်း(၇၈၂)ရုံးနှင့်
အမြန်ငွေပို့လွှာလုပ်ငန်း စာတိုက်ရုံးပေါင်း (၃၀၉)ရုံးတို့တွင်
ငွေပို့ခနှုန်းထားများကို ယခင်ပို့ငွေ ၁၀၀ ကျပ်လျှင် ပို့ခ ၅
ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာမှ သုံးစွဲသူပြည်သူများအား အထူး သက်သာသော
နှုန်းထားဖြင့် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ၁-၉-၂၀၁၄ ရက်နေ့မှစ၍ ငွေပို့ခများကို အောက်ဖော်ပြပါ နှုန်းထားများအတိုင်း လျော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည် -
စဉ် | ငွေပမာဏ(ကျပ်) |
ပို့ငွေ ၁၀၀ ကျပ်လျှင်ပို့ခ |
|
မှ | ထိ | ||
၁ | ၁ | ၁,၀၀၀,၀၀၀ | ၅၀ ပြားနှုန်း |
၂ | ၁,၀၀၀,၀၀၁ | ၁၀,၀၀၀,၀၀၀ | ၂၅ ပြားနှုန်း |
၃ | ၁၀,၀၀၀,၀၀၁ | ၁,၀၀၀,၀၀၀,၀၀၀ | ၁၀ ပြားနှုန်း |
၎ | ၁,၀၀၀,၀၀၀,၀၀၁ နှင့် အထက် | ၅ ပြားနှုန်း |
- အမြန်ငွေပို့လွှာအတွက် FAX အသုံးပြုခမှာ ငွေပို့လွှာတစ်စောင်လျှင် (၂၀၀)ကျပ်နှုန်း ကောက်ခံမည်ဖြစ်ပါသည်။
No comments:
Post a Comment