==============
သုပ္ပဋိပန္နော၊ ဘဂ၀တော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊ ဥာယပ္ပဋိပန္နော၊ ဘဂ၀တော သာဝကသံဃော၊ သာမီဝိပ္ပဋိပန္နော၊ ဘဂ၀တော၊ သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသ ပုဂ္ဂလော ဧသာဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခဏေယျော၊ အဉ္ဖလိကရဏီယော၊ အနုတ္တရံပုညခေတ္တံ လောကသ၁တိ။
ဘဂ၀တော- မြတ်စွာဘုရား၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်သည်၊
၁.) သုပ္ပဋိပန္နော- ဆုံးမတိုင်းသာ ကျင့်သိက္ခာကို ကောင်းစွာကျင့်တော်မူပါပေ၏။
၂.) ဥဇုပ္ပဋိပန္နော-ကောက်ကျစ်စဉ်လဲမူမ
(၃)ဉာယပ္ပဋိပန္နေ္နာ -နိဗ္ဗာန်အား မျက်မှောက်ပြုရေးအတွက် အလေးပေးပြီး
ကျင့်တော်မူသောဂုဏ်နှင့်လည်း ပြည့်စုံတော် မူပါပေ၏။
၎.)သာမိစိပ္ပဋိပန္နော-လူတို့ပြုသေ
တော်ရု၊ စတ္တာရိ- လေးပါးကုန်သော၊ ယဒိဒံ ပုရိသယုဂါနိ- အကြင်ပုဂ္ဂိုလ်အစုံတို့သည်၊ အဋ္ဌ-ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလော- မြင့်မြတ်သော ပုဂ္ဂိုလ်
အစုံတို့ပါပေတည်း။
၅.)အာဟုနေယျော- အဝေးမှ သယ်ဆောင်လှူဒါန်းသည့် ပစ္စည်းကို ခံယူသုံးဆောင်ထိုက်ပါပေ၏။
၆.)ပါဟုနေယျော-ရပ်ဝေးဧည့်သည် ရည်ရွယ်မှန်းထား ပစ္စည်းများကို ခံယူခြင်းငှာ ထိုက်ပါပေ၏။
၇.) ဒက္ခိနေယျ- ဂုဏ်တော် နောင်သံသရာဘ၀၌
ကောင်းကျိုးရဖို့ရန်ရည်သန်၍ ပေးလှူသော အလှူကို ခံယူထိုက်သောဂုဏ်၊
၉.) အနုတ္တရ ပုညက္ခေတ- ဂုဏ်တော်
ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းနှင့်တူသောဂုဏ်။
သံဃာဂုဏ်တော် ကဗျာ သံဃာဂုဏ်တော်
သေချာမှတ်ဖို့
ကဗျာစပ်လို့ဆိုကြမယ်-
၁။ ကောင်းကောင်းမြတ်မြတ်
ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၂။ ဖြောင့်ဖြောင့်မတ်မတ်
ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၃။ နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့ ၊
ဘုရားသားတော် ဖြစ်ပါတယ် ၊
၎။ ရိုသေထိုက်ရန် ကျင့်ကြံတတ်တဲ့ ၊
ဘုရားသားတော် ဖြစ်ပါတယ် ၊
၅။ ရပ်ဝေးသယ်လာ ဥစ္စာများကို ၊
ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၆။ ဧည့်သည်ဖို့ရာ ဥစ္စာများကို ၊
ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊
ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၈။ လက်အုပ်ချီမိုး ရှိခိုးအထူးကို ၊
ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၉။ လူ နတ် ဗြဟ္မာ ကောင်းမှုမျိုးကို ၊
အပျိုးထိုက်ဆုံး ယာမြေလယ် ၊ သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ့်
အသည်းစွဲအောင် မှတ်ကြကွယ် မှတ်ကွယ် …. မှတ်ကွယ် …. ။
(အရှင်သုန္ဒရ ရေးစပ်သော ကဗျာကို
ကလေးငယ်များကို သင်ကြားရာတွင်လွယ်ကူစေရန် ဒါနပြုပါသည်။)
No comments:
Post a Comment