android ဖုန်းအသုံးပြုသူများ သတိပြုသင့်သောအချက်(၉)ချက်
----------------------------------------------------------------------
1.မိမိတို့ ဖုန်းမှာ USB Debugging ကို အမြဲ ဖွင့်ထားပါ။ Gingerbread (2.3.X) နဲ့ အောက်ပိုင်း version တွေဆိုရင် Setting
> Application > Development ထဲမှာ usb debugging ကို check box -
On ထားပြီး ဖွင့်ထားရပါတယ်။ ICS (4.0.x) နဲ့ Jelly Bean (4.1.x) တွေဆိုရင်
Setting > Developer options ထဲမှာ usb debugging ကို check box-On ပြီ
ဖွင့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတော်တဆ ကျွန်တော်တို့ရဲ့ android ဟာ
အကြောင်း အမျိုးမျိုးကြောင့် firmware ကျသွားမယ်။ ဒါမှမဟုတ် pattern / pin /
password lock တစ်ခုခု ကျသွားမယ်ဆိုရင် ပြဿနာ ပြန်လည် ဖြေရှင်းတဲ့အခါ
ဆိုင်မှာပဲ သွားလုပ်လုပ်၊ ကိုယ့်ဟာကိုယ်ပဲ လုပ်လုပ် အဲဒီ usb debugging
ကိုဖွင့်ထားတဲ့အတွက် ကွန်ပျူတာမှာ detect သိနိုင်ဖို့ အကြောင်းတစ်ခု
ဖြစ်လို့ လွယ်လွယ်ကူကူ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။
2. မိမိဖုန်း
ဘက်ထရီကို အမြဲတမ်း charging power 30% ထက်မနည်း ထားပေးပါ။ ဖုန်းကို
charging အကုန်သုံးတတ်တာကို ရှောင်ပေးပါ။ Charging loss ကြိမ်ဖန်များစွာ
ဖြစ်ရင် android firmware ကိုထိစေတတ်ပါတယ်။
3. မလိုအပ်တဲ့
launcher တွေသုံးခြင်းမှ ရှောင်ပါ။ တချို့ launcher တွေသုံးခြင်းဖြင့်
ဖုန်းမှာပါတဲ့ မူရင်း launcher နဲ့ conflict ဖြစ်ပြီး error တွေ
တတ်နိုင်ပါတယ်။ တတ်နိုင်သမျှ android မှာပါတဲ့ default launcher ကို
သုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။
4. Root လုပ်ထားတဲ့ android
တွေ user တွေအတွက် cpu နဲ့ memory ကို over clock လုပ်တဲ့ software များကို
သုံးခြင်းမှ ရှောင်ကြပါ။ မိမိရဲ့ android ဖုန်း အသက်ရှည်ဖို့ cpu နဲ့
memory ကို လိုအပ်တာထက် ပိုမခိုင်းပါနဲ့။ ကြာရင် android ဟာ
လေးလံလာတတ်ပါတယ်။
5. အင်တာနက် ၊ game နဲ့ application တွေကို
သုံးပြီးတိုင်း Android ကို cache တွေကို အမြဲ ရှင်းလင်းပေးပါ။ App cache
cleaner လိုမျိုး android ရဲ့ cache ကို ရှင်းပေးတဲ့ android application
လေးတွေ ရှိပါတယ်။ မိမိ android ကို သွက်လက်စေပါတယ်။
6. မှတ်မိ
သိလွယ်ပြီး လုံခြုံတဲ့ pattern / pin / password securit lock မျိုးကိုသာ
ပေးပါ။ တစ်ခုရှိတာက ဒီလိုမျိုး security lock မျိုးပေးပြီးမှ security lock
ကို မသိတဲ့ အခြားသူ တစ်ယောက်က အကြိမ်ကြိမ်အခါခါ မှားယွင်းပြီး ဖွင့်မိတာ
မဖြစ်ပါစေနဲ့။ အကြိမ်ကြိမ် မှားယွင်းပြီး pattern / pin / password
security lock ကိုဖွင့်မိရင် နောက်ဆုံး ကိုယ်လည်း ဖွင့်လို့ မရတော့ပါဘူး။
7. မလိုအပ်သော application နဲ့ game တွေကို မိမိ android မှ ဖယ်ရှား
(uninstall) ထားပါ။ Gingerbread (2.3.x) နဲ့ အောက်ပိုင်း version တွေမှာ
Setting > Application > Manage application ထဲသို့သွားပြီး မိမိ
မလိုချင်တာကို uninstall လုပ်လို့ ရပါတယ်။ ICS (4.0.x) နဲ့ Jelly Bean
(4.1.x) တွေမှာ Setting > Apps ထဲသို့သွားပြီး uninstall
လုပ်လို့ရပါတယ်။
8. ဖြစ်နိုင်သမျှ stock rom (official rom) ကိုပဲ
သုံးပါ။ Stock rom ဆိုတာ android device ထုတ်လိုက်တဲ့ company က အဲဒီ
device အဲဒီ model အတွက် သီးသန့် ရေးထားတာပဲ ဖြစ်ပါတယ်။ Custom rom
(unofficial rom) ကို သုံးခြင်းမှ ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ custom
rom (unofficial rom) တွေဟာ user တွေ android developer တွေက ပြန်လည်ပြီး
modifiy လုပ်ထားတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနေလို့ပါ။
တချို့ custom rom တင်ပြီးမှ camera မရ၊ sim card မသိတာတွေ ဖြစ်တတ်လို့ပါ။
ဒါကြောင့် android user တွေအနေနဲ့ မိမိရဲ့ android လေး version
မြင့်ရင်ပြီးရောဆိုပြီး stock rom နဲ့ custom rom ကိုမသေချာပဲ မတင်ပါနဲ့။
ဆိုင်မှာ သွားလုပ်တယ်ဆိုရင်လည်း stock rom လား၊ custom rom သေချာမေးပါ။
မေးတဲ့ ပုံစံလေးတော့ နည်းနည်း သတိထားနော်။ တော်ကြာ ဖုန်းဆိုင်က service
သမားက ငါ့ကိုဆရာလုပ်တယ်ဆိုပြီး မျက်မုန်းကျိုးနေဦးမယ် ဟိဟိ။
9.
နောက်ဆုံး တစ်ခု ပြောချင်တာကတော့ မိမိမှာ ရှိတဲ့ android device
specification နိမ့်တာတွေမှာ game တွေ များများဆော့တာပါ။ အဓိကက
ဖုန်းတွေမှာပါ။ game များများ ဆော့တော့ ဘာဖြစ်လဲ။ Touch ကိုထိခိုက်စေတယ်။
ဆော့တာ ကြာလာရင်၊ ဖုန်းသက်တမ်း ရှည်လာရင် ဘက်ထရီက အရင်ကလောက် performance
မကောင်းတော့ဘူး။ ပြောရရင် ဘက်ထရီ ကြာကြာ မခံတတ်တော့ဘူး။ မဆော့နဲ့လို့
မပြောလိုပါဘူး။ ဖုန်းသုံးတဲ့ လူအမျိုးမျိုးမှာ ရည်ရွယ်ချက် အမျိုးမျိုး
ရှိတယ်။ Entertainment and communication ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့်
ကိုယ်က ပိုက်ဆံပေး ၀ယ်ထားတာပါ။တကယ် game ဆော့ချင်ရင် android tablet
ကောင်းကောင်းလေး တစ်လုံး ၀ယ်ပြီး သုံးသင့်တယ် ထင်ပါတယ်။
Credit: Original Aurthor
No comments:
Post a Comment