သားသ္မီးတွေကို သတိပေး ဆုံးမထားတဲ့ ကဗျာလင်္ကာလေးပါ....။
ဒီလောက၌ မိဘကိုပင် ဥစ္စာမြင်မှ ၊
ခင်မင်မြတ်လေး သားတို့မွေး၏ ။
ပဲရွေးမရှိ ဘမိတို့အား သ္မီးသားလည် ၊
ထံနီးပါးရပ် မကပ်လိုလျှင်း ရှောင်ကာကွင်း၏ ။
ကဗျာလေးရဲ့ ဆိုလိုရင်းကတော့ ။ ။ဒီလောက၌ ရှိကြသော အသိပညာခေါင်းပါးသော တစ်ချို့သော-
သားသ္မီးတွေဟာ မိဘလက်ထဲ အမွေပေးစရာ ပစ္စည်းဥစ္စာရှိမှ မိဘကို မိဘလို့ သတ်မှတ်ပြီး-ချစ်ခင်လေးစား မြတ်နိုးပြီး ပြုစုဆောင့်ရှောက်တတ်ကြပါတယ် ။
မိဘမှာ ဘာမှမရှိတော့ဘူးဆိုရင်တော့ စောင့်ရှောက်ဖို့ နေနေသာသာ သားသ္မီးဖြစ်တဲ့ မိမိတို့က-မိဘအိမ်ကို အလည်သွားဖို့ကိုပင် ဝန်လေးနေသလိုလို ရှက်နေသလိုလို ဖြစ်နေတတ်ကြပါတယ်၊
မဖြစ်မနေ မိမိကစောင့်ရှောက်ထားရပြီဆိုရင်
ဒါကြောင့် ကျွန်တော်တို့ အားလုံးအဲဒီလို မဖြစ်ရလေအောင် အသက်ပေးပြီး မွေးခဲ့တဲ့ အမေ့ကျေးဇူး-
အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဖေ့ကျေးဇူးတွေကို တစ်နေ့တစ်ကြိမ်လောက်တော့-
အောင့်မေ့သတိရ ပူဇော်ကြပါစို့လား ....သူငယ်ချင်တို့ရေ...။
ကြိုတင်တောင်းပန်ခြင်း။
တစ်ချို့ တစ်ချို့သော မသိမလိမ္မာသော သားသ္မီးတို့ကိုသာ ဆိုလိုခြင်းဖြစ်ပါသည် ။ နောက်ပြီး-
မန်လည်ဆရာတော်ကြီးကလဲ အပြစ်တင်ချင်လို့ ဖွဲ့ဆိုထားတာလဲ မဟုတ်ပါ အပြစ်မမြင်ချင်လို့-
မေတ္တာကရုဏာ အပြည့်ပါတဲ့ ဒီစာပိုဒ်လေးကို သတိပေး ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ် ။
No comments:
Post a Comment