အများသုံးကွန်ပြူတာများ၊ အင်တာနက်ဆိုင်များမှာ Facebook အသုံးပြုပြီး Log
Out မလုပ်မိတဲ့ အခြေအနေမျိုး ကြုံတွေ့ဖူးကြမှာပါ။
ဒီလိုအခြေအနေမျိုးမှာအခြားလူများကသင့်ရဲ့ ဒေတာများကိုသင့်ရဲ့
ခွင့်ပြုချက်မရဘဲ ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Credit Card ,
PayPal စတဲ့ ငွေကြေးဆိုင်ရာအကောင့်များနဲ့ သင့်ရဲ့ Facebook
အကောင့်ကိုချိတ်ဆက်ထားရင်တော့ သင့်ရဲ့ ငွေကြေးများဆုံးရှုံးမှာ ဖြစ်ပါတယ်။
ဒီလို ပြဿနာများကိုကာကွယ်ဖို့အတွက် Facebook က
နည်းလမ်းတစ်ခုကိုပံ့ပိုးပေးထားပါတယ်။ အဲဒါကတော့ Facebook အကောင့်ကို
အဝေးကနေ Log Out ပြုလုပ်နည်း ဖြစ်ပါတယ်။
Mobile
Security ကို နှိပ်ပါ။
Active Sessions ထဲသွားပါ။
အဲဒီမှာသင့် Facebook အကောင့်ကိုLog In ၀င်ထားတဲ့ Device
များကိုတွေ့မြင်ရမှာပါ။ အသုံးပြုတဲ့ အချိန် ၊ တည်နေရာ၊ အမျိုးအစားနဲ့
အမည်တို့ကိုအသေးစိတ် ဖော်ပြပေးထားပါတယ်။ Log Out လုပ်ဖို့အတွက် ဘေးမှ
ကြက်ခြေခတ်ကို နှိပ်ပါ။
Desktop
Desktop Computer များမှာ Facebook News Feed ရဲ့ ညာဘက်အပေါ်ထိပ်မှ
အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Settings ကို နှိပ်ပါ။ ဘယ်ဘက်ခြမ်းမှ
Security ကဏ္ဍထဲသွားပါ။ “ Where you’re Logged In “ ရဲ့ ညာဘက်ဘေးမှ Edit ကို
နှိပ်ပါ။
အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့ Device များကို
ပြသပေးထားပါတယ်။ အပေါ်ထောင်နေတဲ့ မျှားကို နှိပ်ပြီးအသေးစိတ် ကြည့်ပါ။
Device တစ်ခုချင်းစီအတွက် အသုံးပြုတဲ့ အချိန်၊ အမည်၊ တည်နေရာနဲ့
အမျိုးအစားတို့ကို ပြသပေးထားပါတယ်။ End Activity ကို နှိပ်ပြီး Log
Outလုပ်နိုင်ပါတယ်။ Device အားလုံးကို Log Out လုပ်ချင်ရင် အပေါ်မှ End All
Activity ကို နှိပ်ပါ။
Credit - www.myanmardigitallife.com
No comments:
Post a Comment