Google မှာ ဆရာကျကျ ရှာဖွေနည်း(၁၀)ခု

Google မှာ ဆရာကျကျ ရှာဖွေနည်း(၁၀)ခု
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
အင်တာနက်နဲ့ မကင်းနိုင်သူတိုင်း Google နဲ့ မစိမ်းကြပါဘူး။ တစ်ခုခုသိချင်တာပဲဖြစ်ဖြစ်၊ လိုချင်တာပဲဖြစ်ဖြစ် Google က ရှာလိုက်တာနဲ့ ထွက်လာတာပါပဲ။ Google ဟာ တကယ့်အသိပညာဗဟုသုတ လိုချင်ရာရနိုင်တဲ့ ဘဏ်တိုက်ကြီးပါပဲ။ ကျွန်တော်တို့တွေ နေ့စဉ် Google မှာ ရှာဖွေနေကြတာ တစ်ခါတစ်လေကျ လိုချင်တဲ့ information မရတာမျိုး၊ မတွေ့တာမျိုး ရှိတတ်ပါတယ်။ ဒီတော့ Google မှာ ကိုယ်လိုချင်တာကို မတွေ့တွေ့အောင် ဘယ်လိုရှာမလဲ? Google သုံးတဲ့သူ 96% က မသိသေးတဲ့ ဆရာကျကျ ရှာနည်း (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။

(၁) မသေချာရင် Or နဲ့ရှာ
တစ်ခါတစ်လေ ကျွန်တော်တို့ ရှာနေတာက ဘာလဲဆိုတာမသေချာတတ်ပါဘူး။ ဥပမာ –

၂ ခုထဲက ၁ ခုကတော့ မှန်တယ်၊ ဘယ်ဟာအမှန်လဲ မသိဘူး ဆိုတဲ့အခါမျိုးမှာ Or ခံပြီး ရှာလို့ရပါတယ်။
Eg. Jennifer Aniston or Lawrence

(၂) Topic ကို ရှာချင်ရင် ~ သုံး
တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ဟာ keyword ကို ရှာတာထက် Topic ကို ရှာတာမျိုး ရှိတတ်ပါတယ်။ ဥပမာ – Healthy Food လို့ ရှာမယ်ဆိုရင် Webpage တွေပေါ်က Healthy Food ဆိုတဲ့ စာသားတွေကို ရှာတာဖြစ်ပါတယ်။ ဒါပေမယ့် Healthy ~food လို့ ရှာရင်တော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေ၊ ချက်ပြုတ်နည်းတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ရောင်းတဲ့ ဆိုင်တွေကို ရှာပေးမှာဖြစ်ပါတယ်။

(၃) Website ထဲမှာ ရှာချင်ရင် ပိုလွယ်တဲ့နည်းလမ်းရှိတယ်
တစ်ခါတစ်လေ Website တစ်ခုထဲမှာ ဖတ်ဖူးပြီး ဘယ်နားမှာလဲ ရှာမတွေ့တဲ့ ဆောင်းပါးမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေ ကျတော့လဲ ဒီ site ထဲမှာ ရှိမှန်းတော့သိတယ် ဘယ်မှာ ရှာရမှန်းမသိတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အလွယ်ဆုံး ရှာနည်းကတော့ Google မှာ Sitename.com Keyword လို့ ရိုက်လိုက်ပါ။ ဥပမာ Akhayar.com iPhone 7

(၄) တစ်လုံးမမှတ်မိရင် * သုံး
ကျွန်တော်တို့ ရှာချင်တဲ့ keyword တွေထဲက တစ်လုံးလောက် မေ့နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာတော့ * ကိုသုံးပြီး ရှာမယ်ဆိုရင် အလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်။ ဥပမာ – The Davinci Code လို့ရှာချင်ပေမယ့် Code ဆိုတဲ့ စာလုံးကိုမေ့နေမယ်ဆိုရင် The Davinci * လို့ ရှာလို့ရပါတယ်။

(၅) များများမမှတ်မိရင် AROUND သုံး
တစ်ခါတစ်လေကျတော့ မမှတ်မိတာက တစ်လုံးမက ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာတော့ AROUND + (မေ့နေတဲ့စာလုံးအရေအတွက် ခန့်မှန်းချေ) နဲ့ ပြန်ရှာလို့ရပါတယ်။ ဥပမာ “I wandered AROUND(4) Cloud” လို့ ရှာလိုက်ရင် ပုံမှာပြထားသလို ထွက်လာပါလိမ့်မယ်။

(၆) အချိန်အတိုင်းအတာတစ်ခုအတွင်း ရှာမယ်ဆို
Google မှာ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ရွေးပြီး ရှာလို့ရပါသေးတယ်။ ဥပမာ ၂၀ ရာစုအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေချည်းပဲ ရှာချင်တယ်ဆိုရင် scientific discoveries 1900…2000 လို့ ရှာလိုက်တာနဲ့ ထွက်လာမှာဖြစ်ပါတယ်။

(၇) ခေါင်းစဉ်ဆိုရင် “intitle:” URL ဆိုရင် “inurl:”
ရှာဖွေချင်တဲ့ webpage တစ်ခုရဲ့ ခေါင်းစဉ်ထဲက စာလုံးတစ်လုံးလောက် သိတယ်ဆိုရင် intitle: နဲ့ ရှာနိုင်ပြီး URL ထဲက စာလုံးတစ်လုံးကို သိတယ်ဆိုရင်တော့ inurl: နဲ့ ရှာလို့ရပါတယ်။ ဥပမာ intitle:husky ဆိုရင် ခေါင်းစဉ်ထဲမှာ husky ဆိုတဲ့ စာလုံးပါတဲ့ page တွေအကုန် ရှာသွားမှာပါ။

(၈) တူရာရှာမယ်ဆို related: သုံး
Website တစ်ခုနဲ့ Topic တူတဲ့ အခြား website ကို ရှာချင်တယ်ဆိုရင်တော့ related: ကို သုံးနိုင်ပါတယ်။ ဥပမာ Nike.com နဲ့ တူတဲ့ အခြား site ရှာမယ်ဆိုရင် related:nike.com လို့ ရှာလိုက်ရင် အခြားဖိနပ် website တွေ ထွက်လာမှာဖြစ်ပါတယ်။

(၉) စကားစုတစ်ခုလုံးရှာမယ်ဆို “” ထဲကိုထည့်ပါ
တကယ်လို့ ကိုယ်ရှာချင်တာက စကားစုတစ်ခုလုံး ဆိုရင် “” ထဲကို ထည့်ပြီးရှာရင် ပိုတိကျတဲ့ result ရရှိမှာဖြစ်ပါတယ်။ ဥပမာ I don’t want to miss a thing ဆိုတဲ့ စကားစုကို ဒီတိုင်းရိုက်ရှာလိုက်ရင် စကားစု ထဲမှာပါတဲ့ စာလုံးတစ်လုံးချင်းစီ ကိုလဲ ရှာမှာဖြစ်ပြီး ၂ ခုပါပါ ၃ ခုပါပါ စာလုံးစီထားပုံ မတူတာတွေလဲ ပါလာနိုင်ပါတယ်။ ဒါကြောင့် “I don’t want to miss a thing” လို့ ရှာလိုက်ရင် ပိုတိကျပြီး အဲဒီ စာစုကိုပဲ ရှာပေးမှာပါ။

(၁၀) အရေးမကြီးတာတွေကို – နဲ့ နှုတ်
တစ်ခါတစ်လေကျတော့ ရှာလိုက်တဲ့ keyword ကြောင့် တွေ့လာတဲ့ site တွေထဲမှာ ကိုယ်မလိုချင်တဲ့ site မျိုးတွေ ပါနေနိုင်ပါတယ်။ အဲဒီလိုမပါစေချင်ဘူးဆိုရင် – (အနှုတ်လက္ခဏာ) နဲ့ ထည့်ပြီး နှုတ်လို့ရပါတယ်။ ဥပမာ.. သင်က စာအုပ် website တွေ ရှာချင်တယ် ဒါပေမယ့် မဝယ်ချင်ဘူး။ ဒါဆိုရင် interesting books -buy လို့ ရှာရင် တွေ့ပြီပေါ့။

Credit - အောင်မွန်ချမ်း (အခရာ)

No comments:

Post a Comment