Stable ROM
Stable ROM ကို MIUI Offical ဖြစ်ပြီး Update က တစ်လ/နှစ်လ/တစ်နှစ် တစ်ကြိမ်လောက်ပဲ ပေး
တတ်ပါတယ်။ Bug အနေနဲ့ Developer ROM ထက် ပိုနည်းသွားပါတယ်..။
Stable ROM မှာ Global (international) နဲ့ China ဆိုပြီး (၂) မျိုး ကွဲပါသေးတယ်..။
အောက်ပါ ဥပမာကိုကြည့်ပါ။
(၁) MIUI
6.4.2.0 (KHKCNCD)
(၂) MIUI
6.5.3.0 (KHKCNCD)
(၃) MIUI
6.4.2.0 (KXDMICB)
MIUI 6.4.2.0 မှာ 6 = MIUI 6 ,
4.2.0 = Stable ROM version
MIUI 6.5.3.0 မှာ 6 = MIUI 6 ,
5.3.0 = Stable ROM version
ဒါဆိုရင်
KHKCNCD တို့ KXDMICB
မှာ ဆိုရင် ပထမ အလုံး K = android
version
ဒုတိယနဲ့ တတိယ HK က Device code , စတုတ္ထနဲ့
ပဉ္စမ CN = Region Code ပါ။
Android Version
K = Kitkat J
= Jellybean L = Lolipop
Device Code
XD = Mi3/4 , XF
= MiPad , XE = Mi Note , XI =
Mi4i , HJ = Redmi 2 , HD = Redmi Note
HC = Redmi 1S ,
HB = Redmi 1
Region Code
CN = China , MI
= Global
Stable ROM မှာကျတော့ Developer ROM မှာဆို
Release Date နဲ့ သတ်မှတ်တာမျိုး မရှိပါ။
Developer ROM
သူကလဲ MIUI Offical ပါ။ သို့သော် Bug တွေပိုများပြီး
Update (OTA) ကိုတော့ တစ်ပါတ် တစ်ကြိမ် ခန့် (တစ်ခါတစ်လေ Holiday တွေမှာလဲ ပေးတတ်ပါတယ်
ဥပမာ China Holiday) ပေးလေ့ ရှိပါတယ်။
သူ့မှာလဲ Global နဲ့ China ဆိုပြီး ကွဲပြားသွားပါတယ်။
MIUI Version တွေနောက်မှာ Beta ဆိုပြီးပါရင်
Developer ROM ပါ။ ဥပမာ MIUI 5.8.13 | Beta
ဒါဆို Global နဲ့ China ဘယ်လို ခွဲခြားမလဲ
?
Language မှာ မြန်မာပါရင် Global , Gapps တွေပါရင် Global , Root Access မပါရင်
Global ။
China ကတော့ မြန်မာစာမပါ ၊ Gapps မပါပဲ Root Access သာ ပါပါတယ်။
နောက်ပြီး Release လုပ်တဲ့ ရက်စွဲ - ဒါက လွယ်ပါတယ် ဥပမာ MIUI 5.8.13 ဆိုရင် ၁၃.၈.၂၀၁၅
ရက်နေ့က ထုတ်ပေးလိုက်တာပါ။ (သို့သော် Stable Version ကတော့ အဲလို မခွဲခြားနိုင်ပါဘူး။)
ဒါပြီး Developer ROM မှာကျတော့ OTA ကို
တိုက်ရိုက်ဖုန်းထဲကို ဒေါင်းဖို့ နေရာရှိပါတယ်..။
MIUI website ကိုသွားပြီး သက်ဆိုင်ရာ ဖုန်းထဲကို
ဝင်ပါ။ ပြီးနောက် Developer ROM အောက်က Incremental ROM Pack ကို သက်ဆိုင်ရာ အလိုက်ဒေါင်းပါ…။
အဲဒါက OTA Offline ပါပဲ ။ သို့သော် အရမ်း နောက်ကျတဲ့ OTA တွေကို ရှာတွေ့မှာ မဟုတ်ပါ…။
Stable ROM မှာ လဲ ဒါတွေ တွေ့ရမှာ မဟုတ်ပါ။
ကဲ ဘာကိုဒေါင်းမလဲ တွေ့ရတာက အများကြီး။ ဒါက
ကိုယ့်ဖုန်း MIUI version ပေါ်မှာ မူတည်ပါ တယ်။ ကိုယ့်ဖုန်းက 5.8.13 ဆို upgrade from 5.8.13 ဆိုတာကို ဒေါင်းပါ။
ဒေါင်းပြီး update လုပ်ရင် ဘယ် MIUI
version ကိုရောက်သွားမှာလဲ သိချင်ရင်တော့ upgrade from ဆိုတဲ့ စာသားမဟုတ်ရင် MIUI
version ပေါ်မှာ Mouse လေးတင်ထားလိုက်ပါ။ တွေ့ရပါမယ်…။
နောက်တစ်ခုက အခုမှ MIUI ROM တင်မယ့်လူတွေအတွက်
Full ROM ကို အရင်တင်ရမယ်လို့ ဆို ထားပါတယ်။
နောက်ပြီး Developer version အမြင့်ကနေ အနိမ့်ကို
မပြောင်းရပါ…။ Error လေးတွေတက်လာ မယ်လို့ ဆိုထားပါတယ်..။ ဥပမာ No SIM , No Network
, Baseband Unknow …..
MIUI version 6 ? 7 ?
Developer မှာတော့ 5.8.13 ဆိုရင် 5.8.x က
MIUI 6 ဖြစ်ပြီး 5.9.x က MIUI 7 ပါ။
MIUI 7 Global 5.9.16 | Beta ဒါကတော့ Global Developer ပါ။
ROM တင်ရင်သတိထားရမည့်အချက်များနှင့်
သိထားသင့်သည့်အချက်များ
(၁) Stable
ROM တင်ထား Root လုပ်ထားတာကို Update လုပ်ရင် Bootloop ဖြစ်တတ်တယ်။
(ဖြေရှင်းနည်း ROM ပြန်တင်ပါ။ သို့မဟုတ်
UnRoot လုပ်ပြီးမှ Update လုပ်ပါ။)
(၂) Global
ROM တင်ထားပြီး China ROM တင်ရင်လဲ MI logo မှာ ရပ်နေတတ်ပါတယ်တဲ့။
(သို့သော် China အလုံးတွေမှာ
Global ROM တင်နိုင်သလို International အလုံးတွေမှာ
China ROM တွေတင်နိုင်တယ်လို့လဲ
ဆိုထားပါတယ်…. မစမ်းသပ်ရသေးပါ…။)
(၃) China
အလုံးတွေမှာ MIUI 5 ကစပြီး Gapps တွေ ဖယ်ထုတ်ထားလိုက်ပါတယ်။
ဥပမာ MIUI 5.4.1.0 (KXDCNCB)
(သို့သော် Global Developer
ROM မှာကျတော့ Gapp ပါပါတယ်…။)
(၄) Global
Build ကတော့ Stable ROM တွေနဲ့ပဲ ထုတ်လေ့ရှိပါတယ်။ Redmi 1S ကတော့ ချွင်းချက်ပေါ့။
ဥပမာ … MIUI 6.4.2.0 (KXDMICB)
(၅) Recovery
Mode ထဲဝင်ပြီး Clear Cache လုပ်ပြီးမှ Update လုပ်ရင် MB နည်းသွားတယ်
လို့ဆိုထားပါတယ်။Credit to Ko Chit Htike
Copy From Myanmar Mi Fans Facebook Group
No comments:
Post a Comment