Android Gesture.key Rainbow Table Maker

Android Gesture.key Rainbow Table Maker
******************************
Android ရဲ့ gesture.key ကို တိုက်စစ်တဲ့အခါ သုံးရတဲ့ Rainbow Table ဖိုင်ဆောက်တဲ့ Project လေးဖြစ်ပါတယ်။
ဒီ Rainbow Table ဟာ Online မှာ ပလူပျံအောင် ထွက်ရှိထားပြီး ဖြစ်ပေမယ့် ကျွန်တော်ကတော့ သိပ်မကြိုက်လှပါဘူး။ မကြိုက်ရတဲ့ အကြောင်းအရင်းကတော့ မဖြစ်နိုင်တဲ့ အတွဲအစပ်တွေကိုပါ ထည့်ထွက်ထားလို့ဖြစ်ပါတယ်။ ဥပမာ Pattern ဆွဲတဲ့အခါမှာ dot 1 ကနေ dot 3 ကို သွားရင် dot 2 မပါဘဲ သွားလို့မရပါဘူး။ အဲဒါကို 1354 အဲလိုမျိုးတွေ တွဲစပ်ထားတဲ့အတွက် မလိုလားအပ်ဘဲ ဖိုင် Size ကြီးသွားရသလို Brute Force လုပ်တဲ့အခါမှာလည်း အချိန်ကြန့်ကြာရပါတယ်။
ဒီ Code ကတော့ ကျွန်တော့်ကိုယ်ပိုင် Code မဟုတ်ပါဘူး။ Github ကနေ ကူးထားတာပါ။ မူရင်းမှာတော့ ဖြစ်နိုင်တဲ့ Combination တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒါကို နည်းနည်းလေးပြင်လိုက်တာပါ။
မူရင်းက C Code ဖြစ်ပေမယ့် C မှာ SHA1 Hash ဘယ်လို ထုတ်ရမလဲ မသိတာကြောင့် Qt Framework နဲ့ပဲ ထပ်ဖြည့်လိုက်ပါတယ်။
ဒီ Project ဟာ Educational Purpose only ပဲဖြစ်ပါတယ်။ ကူးချဖို့ မဟုတ်ပါ။
Github က မူရင်း ပိုင်ရှင်ကို Credit ပေးပါတယ်။ Open Source ဖြစ်တဲ့အတွက် ဘယ်သူမဆို ပြင်ဆင် သုံးစွဲနိုင်ပါတယ်။
Source code ကို အောက်ပါ link ကနေ ရယူနိုင်ပါတယ်။
http://www.mediafire.com/file/dtsoryl7hvrsm5o/rbt.rar

 Credit To : Ray Marm Aung

No comments:

Post a Comment