ECL တွေသုံးမယ်ဆိုရင်........

ECL
===

ECL တွေသုံးမယ်ဆိုရင် EN pin အကြောင်း သိမှ ရပါလိမ့်မယ်။
EN ပင်ကို
Backlight Control
Backlight Enable
PWM (Pulse Width Modulation) ဆိုပြီး ခေါ်ဝေါ်သုံးစွဲထားတာ တွေ့ရပါတယ်။
အချို့ model တွေမှာ အဲ့ထဲက တစ်ပင်ထဲပဲ ပါပြီး အချို့ မှာတော့ ၂ ပင် ပါကြပါတယ်။

Enable pin က ဘာအလုပ်လုပ်ပေးသလဲဆိုတော့ Backlight ic အဖွင့်အပိတ် ကို ထိမ်းချုပ်ပေးပါတယ်။
En လာရင် BL ic အလုပ်လုပ်မယ်။
EN ပျောက်ရင် BL ic အလုပ် မလုပ်တော့ပါဘူး။
အဲ့တော့ ပါဝါဖွင့်လိုက်တာနဲ့ Enable ထွက်လာမယ်
Sleep mode ၊ Standby အနေအထားမှာ EN ပျောက်ရပါမယ်။မပျောက်ရင် ဖုန်းကို မှိတ်ထားလည်း LCD ကြီး ဖွေးနေတာ အလင်းထွက်နေတာတွေ ဖြစ်မှာပေါ့။
PWM ဘာအလုပ်လုပ် သလဲဆိုတော့ BL ic အလုပ်လုပ်ဖို့ ကြိမ်နှုန်း(Frequency)ပေးပါတယ်။
PWM များများလာရင် BL ic များများ အလုပ်လုပ်မယ်။
အဲ့တော့ Hight Voltage များများထွက်မယ်။
Backlight များများလင်းမယ်ပေါ့။
နည်းနည်းလာရင်တော့ နည်းနည်း လင်းမယ်ပေါ့။
ခင်ဗျားတို့ သုံးနေတဲ့ Brightness အတင် အချနဲ့ ဆိုင်တာပေါ့။
Y511Bl ic အုပ်စု
Y320-U01 Bl ic အုပ်စု စတဲ့ model နိမ့်တွေမှာတော့ Enable အတွက်ရော PWM အတွက်ရော ၂ခုစလုံးအတွက် PWM တစ်ပင်ထဲ ပေါင်းလုပ်ပေးပါတယ်။
ပါဝါဖွင့်လိုက်တာနဲ့ PWM ထွက်လာမယ်
Sleep လုပ်လိုက်တာနဲ့ PWM ပျောက်သွားမယ်။PWM မထွက်တော့တဲ့အတွက် BL မထွက်တော့ပါဘူး။
အဲ့တော့ ဒီလို အနိမ့်တွေမှာတော့ ECL အတွက် EN ကို PWM(Control pin)က ယူပေးလို့ ရပါတယ်။
G730-U00 အုပ်စုတို့
အချို့ Xiaomi တို့မှာ ဆိုရင်တော့
Enable အတွက် သပ်သပ်
PWM အတွက် သပ်သပ် ခွဲလာပါတယ်။
ဒီ model တွေမှာတော့ ပါဝါဖွင့်လိုက်တာနဲ့ PWM က အမြဲထွက်နေမှာပါ။
Enable pin ကပဲ BL လင်းဖို့ မှိတ်ဖို့ အတွက် အဖွင့်အပိတ် လုပ်ပေးပါတယ်။
အဲ့တော့ ဒီလို model တွေမှာတော့ ECL အတွက် EN ကို PWM က ယူလို့မရပါဘူး။
Sleep mode မှာ Volt ပျောက်တဲ့ EN pin က ယူမှ ရပါမယ်။
အနှစ်ချုပ်ပြောရရင် BL ic ဟာ Sleep mode မှာ အလုပ်မလုပ်ရပါဘူး။Sleep Mode မှာ BL ic အလုပ် မလုပ်ဖို့အတွက် EN pin ဖြစ်ဖြစ် PWM pin ဖြစ်ဖြစ် တစ်ပင်ပင်တော့ Volt ပျောက်ပေးရမှာပါ။
အဲ့တော့
ECL အတွက် EN pin ကို ဘယ်လိုယူရမလဲဆိုရင်
Sleep Mode မှာ Volt ပျောက်တဲ့ pin က ယူရပါမယ်။
BL ic pin တွေ အလုပ်လုပ်ပုံကိုလည်း အရင်က တင်ပေးထားပါတယ်။
အဆင်ပြေကြပါစေဗျာ။
(ဒီပုံလေးကတော့ သူများပုံပါဗျာ။)
#credit

No comments:

Post a Comment