Redmi Note 3 Pro ( -2 ) Batttery Error Solution ၊ Bootloop Error Solution ၊ Factory Full Firmware

Redmi Note 3 Pro ( -2 ) Batttery Error Solution ၊ Bootloop Error Solution ၊ Factory Full Firmware
-------------------------------------------------------------------------------
ပထမဦးဆုံး ဒီ Firmware
  ကို အရင်ဒေါင်းလိုက်ပါ။
ပြီးရင် QPST Tools    ကိုလည်း ဒေါင်းပြီး မိမိရဲ့ ကွန်ပျူတာထဲသို့ install လုပ်လိုက်ပါ။
 ပီးရင် ဒေါင်းထားတဲ့ Firmware ဖိုင်ကို Zip ဖြည်လိုက်ပါ။ ပြီးရင် မိမိရဲ့ ကွန်ပျူတာကနေ QFIL ကို ဖွင့်လိုက်ပါ။
ပြီးရင် Flat Build ကို အမှန်ခြစ် ထည့်လိုက်ပါ။ ပြီးရင် Programmer Path နေရာ ဘေးနားက Browse ကို နှိပ်ပြီး prog_emmc_firehose_8976_ddr.mbn ကို ရွေးပေးလိုက်ပါ။
ပြီးရင် Load XML နေရာကို နှိပ်ပြီး rawprogram0.xml ကို ရွေးလိုက်ပါ။ ပြီးရင် patch0.xml ကို ရွေးလိုက်ပါ။
ပြီးရင် မိမိရဲ့ဖုန်းကို 9008 mode ၀င်လိုက်ပါ။ ပုံမှန်အတိုင်း ၀င်မရရင် နောက်အဖုံးကိုလှန်ပါ။ ပြီးရင် နောက်ဖုံး စက်ပြားကို ထပ်လှန်လိုက်ပါ ။ ပြီးရင် Snapdragon 650 လို့ အနီရောင်နဲ့ ရေးထားတဲ့ နေရာနားမှာ Test Point ရှိပါတယ်။ အဲ့ဒါလေးကို ထောက်ပြီးတော့လည်း 9008 Mode ၀င်လို့ ရပါသည်။
9008 Mode ၀င်သွားရင်တော့ Load XML အောက်က Download လေး လင်းလာပါလိမ့်မည်။ နှိပ်လိုက်ပါ။ ဒါဆိုရင် Firmware တင်နေပါလိမ့်မည်။ ပြီးရင် အောက်က မက်ဆေ့အကွက်ထဲမှာ Dowload Success ဆိုပြီး ပြသွားရင် မိမိရဲ့ဖုန်းကို ပါဝါပြန်ဖွင့်နိုင်ပါပြီ။
ဒါပေမဲ့ မပြီးသေးပါဘူး။ အခု ရေးတဲ့ Firmware ကတော့ မိမိရဲ့ ဖုန်းက Firmware မှားရေးထားတဲ့ အနေအထားမှာ ဒီ Firmware ကို ရေးလိုက်တာနဲ့ Firmware တော့ တက်သွားပါလိမ့်မည်။ ဒါပေမဲ့ မိမိရဲ့ဖုန်းဟာ သုံးလို့ အဆင်မပြေသေးပါဘူး။ အဲ့ဒါကြောင့် Original Firmware ကို အသုံးပြုပြီး Firmware ရေးပေးရပါအုန်းမည်။
အဲ့ကြောင့် ဒီကနေ Global Stable 8.2.4 Firmware     ဒေါင်းလိုက်ပါ။
 ပီးရင် Firmware ဖိုင်ကို ဖြည်ချထားလိုက်ပါ။ ပြီးရင် ဒီကောင်ကို    ဒေါင်းပြီး အထဲက ဖိုင် ၃ဖိုင်ကို copy ယူလိုက်ပါ။
  ပြီးရင် မိမိရဲ့ Firmware ဖိုင်ထဲက images folder ထဲကို လာထည့်လိုက်ပါ။ ပြီးရင် မိမိရဲ့ဖုန်းကို 9008 mode ၀င်လိုက်ပါ။ ပြီးရင် redmi_note_3_pro.bat လေးကို ဖွင့်လိုက်ပါ။ ဒါဆိုရင် မိမိရဲ့ဖုန်းကို Firmware ပြန်တင်ပေးနေပါလိမ့်မည်။ အနည်းဆုံး မိနစ် ၃၀ လောက် ကြာပါမည်။ နောက်ဆုံးမှာ Successfully ဖြစ်သွားရင်တော့ မိမိရဲ့ဖုန်းကို ပါဝါပြန်ဖွင့်နိုင်ပါပြီ။ နောက်ဆုံးမှာတော့ Error ကင်းတဲ့ ဖုန်းလေး တစ်လုံး ပိုင်ဆိုင်သွားပါပြီခင်ဗျာ။

PDF  ဖိုင် အဖြင့် သိမ်းထားနိုင်ပါသည်။

  လေးစားစွာဖြင့်
Crd အောင်မင်းဟန်

No comments:

Post a Comment