ပုဂံမင်းဆက်များထဲတွင်အလောင်းစည်သူမင်းသည်အလွန်ဘုန်းကြီးသော မင်းဖြစ်ပါတယ်။
အိမ်နီးချင်း တွေဖြစ်တဲ့ အိန္ဒိယ
ခမာနဲ့ထိုင်းတို့ကအလောင်းစည်သူမင်းကိုနတ်ဘုရားတစ်ပါးလို့တင်စားကြပါတယ်။အလောင်းစည်သူ
မင်းကြီးဟာတိုင်ခန်းလှည့်လည်တဲ့အခါမှာဖောင်စကြာဆိုသည့်ယာဉ်ပျံကိုအသုံးပြုကာလှည့်လည်ခဲ့တယ်လို့
ဆိုကြပါတယ်။
ဒါပေမဲ့ အလောင်းစည်သူမင်း နတ်ရွာစံပြီးနောက်မှာတော့ ထို ဖောင်စကြာဆိုတဲ့
ယာဉ်ပျံ အကြောင်းကိုရေးသားထားခြင်းကို မတွေ့ရှိတော့ပါဘူး။ထိုဖောင်
စကြာဆိုသည့်ယာဉ်ပျံမှာအဘယ်သို့ရောက်ရှိသွားပါသနည်း ? အလောင်းစည်သူမင်း၏
ဘုန်းကံကြောင့်ရရှိခဲ့သောဖောင်စကြာယာဉ်ပျံမှာ အလောင်းစည်သူ
မင်းနတ်ရွာစံချိန်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းလား ?
ထို့ အလောင်းစည်သူမင်း၏ ဘဝ
နေဝင်ချိန်မှာအံသြဖွယ်ကောင်းလှသည်။မိမိ၏သားအရင်းဖြစ်သော
နရသူမင်း၏ခေါင်းအုံးနှင့်ဖိသတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
နရသူမင်းသည် ဖခင်အရင်းကို ကိုယ်တိုင် သတ်မိသည့် အတွက်ကြောင့်မိမိ ၏
အပြစ်ကို ဆေးကြော ရန်အတွက်ထုထည်ကြီးမားပြီး လှသော ဓမ္မံရံကြီးဘုရား ကို
အကြီးအကျယ်တည်ဆောက်စေသည်။အုတ်တစ်ခုနှင့်တစ်ခုကြား
အပ်ထိုးလိုမရအောင်တည်ဆောက်စေသည်။
ထိုနောက် ဓမ္မရံကြီးဘုရား၏ အတွင်းဘက်အခန်းနံရံ များအား
အသေပိတ်ပစ်စေပြီးထိုအခန်များအားတာဝန်ယူတည်ဆောက်စေသော ဗိသုကာ
ပညာရှင်များအားလည်း နူတ်ပိတ်သည့်အနေဖြင့်သေဒဏ်ပေးသည်။
ဓမ္မရံကြီးဘုရားသည် မြန်မာသာမက ကမ္ဘ္ဘ္ဘာကျော်သော
ဘုရားတစ်ဆူဖြစ်သည်။ထိုအပြင် အာကာသပညာရှင်များ ၏ စိတ်ဝင်စား စေသော
ဘုရားတစ်ဆူဖြစ်သည်။ဓမ္မရံကြီး ဘုရား၏ တည်ဆောက်ပုံသည်အီဂျစ်ဘုရင်များ
တည်ဆောက်ခဲ့သော ပိရမစ် များနှင့် များစွာ ဆင်တူသောကြောင့်
အီဂျစ်တို့၏ဗိသုကာ ပညာနှင့် ပုဂံနိုင်ငံသားတို့၏ ဗိသုကာပညာ သည် ဆက်စပ်မူ
ရှိနိုင်သည်ဟု အာကာသသိပ္ပံပညာရှင်များ ရှေးဟောင်းသုတေသနများက
မှတ်ချက်ချကြသည်။
ထိုအပြင် အီဂျစ် တို့ ကိုးကွယ်သော နတ်ဘုရား တံဆိပ်များ နဂါး များ အား
ပုဂံဘုရား အခို့၌ တွေ့ရှိရမူ နှင့် တစ်ချိန်က
ပုဂံဒေသကကိုးကွယ်ခဲ့သောနတ်နဂါးအရည်းကြီး ကိုးကွယ်မူ တို့သည် ဘုံဝါဒ
တစ်ခုတည်းဖြစ်နိုင်သည်ဟုထင်ကြေးပေးကြပြီး သုတေသနများ လုပ်ကာရှာဖွေကြသည်။
ထိုအပြင် ပုဂံဒေသက
ဗုဒ္ဓဘာသာအဆောက်အဦးတို့သည်အရည်းကြီးတို့၏သာသနာနိကအဆောက်အဦးများ
ဖြစ်နိုင်ခြေ
ရှိသည်။အဘယ်ကြောင့်ဆိုသော်ပုဂံမင်းဆက်ပေါင်းများစွာအပေါ်အုပ်စိုးခဲ့သော
အရည်းကြီးသာသနာသည် ဗုဒ္ဓသာသနာ ထွန်းကားလာချိန် တွင်
ပျောက်ကွယ်သွားခဲ့သော်လည်း သက်သေပြစရာအဖြစ် နတ်ရုပ်များ
နဂါးရုပ်များနှင့်အရည်းကြီးတို့ကိုးကွယ်သောနတ်ဘုရားကျောင်းမှာ အဘယ်ကြောင့်
မကြွင်းကျန်ရစ်သနည်း။
သမိုင်းသုတေသန အခို့က ထိုနတ်ဘုရား ကျောင်းများ အပေါ်တွင်
ဗုဒ္ဓဘာသာဝင်တို့က ပြန်လည်မွန်းမံ ဖြည့်စွက်ပြီး ဘုရားစေတီ
တည်ခဲ့သည်ဟုယူဆကြသည် ( ဤအယူအဆမမှန်နိုင် )ဓမ္မံရံကြီး
ဘုရားအားအာကာသသိပ္ပံပညာရှင်များပိုမိုစိတ်ဝင်သွား စေသည့် အချက်မှာ
နာမည်ကျော်အာကာသ
အဖွဲ့အစည်းဖြစ်သည့်နာဆာအဖွဲ့အစည်းထံမှလျိုဝှက်စွာပေါက်ကြားလာသော ဓါတ်ပုံ
များထဲ့ တွင် ဓမ္မံရံကြီးဘုရားဓါတ်ပုံလဲပါဝင်လာသည်။
ထို ဓါတ်ပုံ ကြောင့် အာကာသ သိပ္ပံပညာရှင်များမှာဓမ္မရံကြီးဘုရားအား ပိုမိုစိတ်ဝင်စားလာခဲ့သည်။
ဓမ္မရံကြီးဘုရားသည်လည်းစိတ်ဝင်စားရာကောင်းလောက်အောင် ပဟေဌိ များနှင့်ပြည့် နေသည်။
ိနရသူမင်းသည် အဘယ်ကြောင့် ဘုရားအတွင်းဘက်ခန်းရှိ နံရံများ အား အသေပိတ်ပစ်စေခဲ့သနည်း?
တာဝန်ယူတည်ဆောက်သောပန်းရံပညာရှင်များအဘယ်ကြောင့် နူတ်ပိတ်ပစ်စေခဲ့သနည်း ?
သုသေနသမားများ ရတနာသိုက် မုဆိုးများ ၏ပြောကြားချက် များ၌
ဓမ္မရံကြီးဘုရား၏ ဌာပနာတိုက်သည် သာမန်ဘုရားများ၏
ဌာပနတိုက်ထက်အလွန်ကျယ်ဝန်းသော အခန်းနှစ်ခန်း ဖြစ်ပုံရပြီးတစ်ခန်း၌
အလောင်းစည်သူမင်း ၏
ပိုင်ဆိုင်သောပစ္စည်းများနှင့်ရတနာများဌာပနာထားပုံရသည်ဟုထင်ကြေးပေးကြသည်။ထိုပညာရှင်များ၏
မှတ်ချက်အရအလောင်းသည်စည်သူမင်း ပိုင်ဆိုင်သော ပစ္စည်းများထဲတွင်
ဖောင်စကြာယာဉ်ပျံလဲ ပါနိုင်လောက်သည်။
အလောင်းစည်သူမင်းသည်မဟာသမုဒ္ဒရာ အားသွားရာ၌ ဖောင်စကြာ ဆိုသည့် ယာဉ်ပျံ
အား အသုံးပြုခဲ့သည်ဟုဆိုရာတွင် ယခုခေတ်တွင် မဟာသမုဒ္ဒရာအား စကြာဝဋ္ဌာ ဟု
သတ်မှတ်လျင် အလောင်းစည်သူမင်း၏ ဖောင်စကြာဆိုသည်မှာ
အာကာသယာဉ်တစ်ခုဖြစ်နိုင်ပေသည်။
ထို အယုအဆ အားခိုင်မာအောင် ထောက်ပံ ပေးနေသည်မှာ UFo များ
နှင့်Alienတို့အကြောင်းအား အသည်းအသန် လေ့လာနေသော
နာဆာအဖွဲ့အစည်းထံမှဓမ္မံရံကြီးဘုရားအားရူထောင့်အမိုးမိုးက
ရိုက်ထားသောဓါတ်ပုံများကြောင့်ဖြစ်သည်။ထိုအပြင် ပုဂံဒေသ ဘုရား စေတီ များ
အပေါ်၌ ပျံဝဲနေသော UFO ယာဉ်ပျံ အခို့ အကြောင့် ပုဂံဒေသ၏ဘုရားစေတီအခို့သည်
အာကာသသီအိုရီများ Alien Theory များ နှင့်
ဆက်နွယ်မူရှိသည်ဟုကောက်ချချနိုင်ပေသည်။
ထိုအပြင်ပုဂံဒေသ ဘုရားစေတီ များ၏ပတ်ဝန်းကျင်၌ကွင်းပြင်အကျယ်ကြီးများ၊
ပုဂံဘုရားအခို့အား လူတစ်ရစ်နတ်တစ်ရစ် တည်ဆောက်ခဲံသည်ဟုသော
အယူအဆများ၊နာဆာအဖွဲ့အစည်းထံမှပုဂံဘုရား အခို့၏ ဓါတ်ပုံများကြောင့် ပုဂံဒေသ
သည် UFoများ Alien များနှင့် ပတ်သတ်မူရှိခဲ့လေ သလား ဟု ယူဆရသောသက်သေများဖြစ်သည်။
Credit :H.H
No comments:
Post a Comment