မန္တလေးသူတွေ ကျွန်တော်-ကျွန်တော် နဲ့ ပြောကြတာ ဘာကြောင့်လဲ

ကျွန်တော်….ကျွန်တော်” နဲ့ပြောတာဘာကြောင့်လဲ ” အကြည်တော် “ပြောမှပဲသိရတယ်……
မင်းတုန်းမင်းကြီပေါ့…သိကြတဲ့အတိုင်းမိဖုရား၅၀၀နဲ့စံစားတာလေ……ထို့အပြင်တောင်..၅၀၀နဲ့မလုံလောက်ပဲ…. သူစက်တော်ခေါ်နေတုန်အခန်းရှေ့ကခြေသံ ကြားတိုင်း..
“ဟဲ့..ဘယ်သူတုန်း;;;;”
ဟုလှမ်းလှမ်းပြီမေးတယ်-ရံရွေတော်တွေက


“ကျမပါရှင့်”
ဆိုလျှင်..အသံသြကြီးနှင့်
“ကျမဆို ဝင်ခဲ့လေကွယ် … ဟီးဟီး”
လုပ်တတ်လွန်းတော့ ရံရွေတော်တွေလဲ
စိတ်ညစ်ကြတာပေါ့…….
မင်းကြီးရှေ့ခြေဖွဖွပင်ဖြတ်မလျှောက်ရဲ…လျှောက်လိုက်လို့ကျမ်းပြင်က”ကျွီ”ခနဲ
မြည်သွားရင်တောင်,,,,
“ဟဲ့ ဘယ်သူတုန်းးး”
ဆိုပြီးမေးတော့ ရံရွေတော်တွေလဲဘုရင်က
မေးတော့ဖြေရတာပေါ့
“ကျမပါ ရှင့်”
“ကျမဆို လာခဲ့အုံးကွဲ့!!!!!”
ထိပါများတော့ရံရွေတော်တွေလဲအထဲမဝင် ကြရအောင်တိုင်ပင်ကြတယ်….နောက်ဆုံးမှာအ ဖြေတခုထွက်လာပြီး အရဲစွန့်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်…………..
ထိုအရာကားမင်းကြီးအခန်းရှေ့ဖြတ်လျှောက် တဲ့အခါ အရင်လိုခြေမဖွပဲခြေသံခတ်ပြင်းပြင်း နဲ့လျှောက်ကြည့်ကြတယ်….ထုံးစံအတိုင်း
“ဟဲ့…ခြေသံပြင်းပြင်နဲ့…ဘယ်သူတုန်း!!”
ဆိုပြီးလုပ်ပြန်ရော…
အဲ့ဒီမှာ ရံရွေတော်လေးကအရဲစွန့်ပြီး အသံလေးပါသြပြီး…….
“ကျွန်တော် ပါမင်းကြီး”
ထိုအခါမင်းကြီလည်း စိတ်မသက်မသာအသံကြီးနဲ့……..
” ကျွန်တော်ဆိုသွား ကျွန်တော်ဆိုရင်သွား ”
ဆိုကာမှရံရွေတော်တွေလဲ လွတ်လပ်စွာသွား လာနိုင်ကြတော့သတဲ့…..
အကြံအောင်မြင်သွားကြတဲ့ရံရွေတော်တွေလဲ အခန်းရှေ့ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေဝတ်ပြီးတဒုံးဒုံးနဲ့ဖြတ်လျှောက်ကြတော့တယ်တဲ့…. မင်းကြီးကတော့အသံကြားရင်
“ဟဲ့ … ဘယ်သူတုန်း ”
“ကျွန်တော် ……ကျွန်တော် ”
” အေး … ကျွန်တော်ဆိုရင် လစ်ချင်သလိုသာ လစ်လိုက်တော့”
ဤသို့ဖြင့်….မန္တလေးသူများသည် ” ကျွန်တော် …ကျွန်တော် ” ဟုပြောဆိုသော အမူအကျင့်နှင့် ခြေကျင်းဝတ်သောအလေ့အထ ထိုအချိန်ကစသည်ဟူ၏ …………
( မယုံလျှင် ပုံပြင်ဟုမှတ်ပါ )

Crd:khitthitmedia

No comments:

Post a Comment