ဖုန်းကို အားအပြည့်သွင်းခြင်းက ဖုန်းရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်။

စမတ်ဖုန်း ကိုင်ဆောင်သူအချို့ဟာ ဖုန်းအားကုန်မှာစိုးတာနဲ့ပဲ အားကို အပြည့်သွင်းထားတတ်ကြပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေဟာ ဖုန်း Battery လျော့တာကို မကြိုက်ကြပါဘူး။ 90% လောက် ရောက်တာနဲ့ပဲ အားသွင်းကြိုးယူပြီး တစ်နာရီလောက်သွင်းထား လိုက်ရမှ ကျေနပ်တတ်ကြပါတယ်။ လူငယ်ပိုင်း တော်တော်များများကတော့ ဖုန်းကို 1% လောက်ကျန်မှပဲ အားသွင်းဖို့ ကြိုးပြေးရှာတတ်သူတွေပါ။

ဖုန်းပဲ အားပြည့်နေတာ မကောင်းဘူးလားလို့ မေးလာရင် ကောင်းပါတယ်။ ဖုန်းကို အားပြည်တဲ့ အထိ အမြဲတမ်း အားသွင်းနေရင်တော့ ရေရှည်မှာ မကောင်းပါဘူး။ သင် စမတ်ဖုန်း အသစ်တစ်လုံး စတင်ဝယ်ယူချိန်မှာ ဖုန်းအားဟာ တစ်ဝက်လောက်ပဲ ပါတာ တွေ့ရပါမယ်။ တကယ်တမ်းသာ ဖုန်းအားပြည့်တိုင်း ကောင်းမယ်ဆိုရင် စက်ရုံက ထုတ်ပေးကတည်းက 100% နဲ့ပါလာမှာ ဖြစ်ပါတယ်။

ဖုန်းအားကို အကြာကြီးသွင်းပြီး အားပြည့်တဲ့အထိ ထားတာဟာ Battery ရဲ့လုပ်ဆောင်ရည်ကို အနည်းငယ် ကျဆင်းစေပါတယ်။ ပုံမှန်အားဖြင့် 90% လောက် Battery ရှိနေရင်ကို ကောင်းမွန်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် 30% အောက်မရောက်သွားခင် အားသွင်းထားဖို့လည်း လိုအပ်ပါတယ်။ အချိန်ကြာမြင့်စွာ အားသွင်းခြင်းနဲ့ အားကုန်ခါနီးမှ အားသွင်းခြင်းတို့က ဖုန်း Battery ရဲ့ လုပ်ငန်းဆောင်တာများကို တန်းတူရည်တူ လျော့ကျစေပါတယ်။

အချိန်ကြာကြာအားသွင်းမယ်ဆိုရင် ပထမဆုံး သင့်ရဲ့ ဖုန်းအားသွင်းကြိုး ထိခိုက်လာပါမယ်။
Battery က သိပ်ပြဿနာ မတွေ့ရပေမယ့် အားသွင်းကြိုးကိုပျက်စီးလွယ်စေလို့ လိုအပ်သလောက်ပဲ အားသွင်းရပါမယ်။ သင့်စမတ်ဖုန်းက ဝယ်ကာစမှာ ဖလန်းဖလန်းထနေနိုင်ပေမယ့် နှစ်နှစ်ခန့်အကြာမှာ Battery အားပြည့်ဖို့ ပိုမို ကြာလာမှာ ဖြစ်ပါတယ်။ ဒါကလည်း အားသွင်းကြိုးနဲ့ မီးအားပြည့်တဲ့နေရာတို့မှာ ပြောင်းလဲ အားသွင်းပေးရင် ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

Credit: MYTECH

No comments:

Post a Comment