ဆိုင်ကယ် CARBURETOR ရဲ့ ပါဝင်ပစ္စည်းများနှင့်
သဘောတရားကို သိလိုတဲ့သူများ အတွက်ပါ။
ဖွဲ့စည်းပုံပါ လို့ ပြောပြော
သဘောတရားပါ ပြောပြော
ကာဗြူရီတာကနေ မီးလောင်ခန်းအတွင်း
လောင်စာ ဓါတ်ဆီ ရောက်သွားပုံကို တစိတ်တပိုင်း ပြောပါမယ်။
1989 ခုနစ်ထိ ဓါတ်ဆီကားတွင် လောင်စာဆီကို တိုင်ကီမှ ကာဗြူရီတာကို ဆီစစ်ဘူးမှတဆင့် ပန့် ဖြင့် ပို့ တယ်။
ဆိုင်ကယ်မှာ ဆီတိုင်ကီအမြင့်တွင်ထား
ကာဗြရီတာ အောက် အနိမ့်ထား စီးဆင်းစနစ်
ကို သုံးတာတွေ့ရတယ်။
ယနေ့ ခေတ် အချို့သော ဆိုင်ကယ်တွင်မူ
ဆီတိုင်ကီသည် အောက်အနေအထား
ကာဗြူရီတာကို အပေါ် အနေအထား ပုံစံနှင့်
တွေ့ရပြန်တယ်။
ဒီဆီပို့ စနစ်ကို အင်ဂျင်ရဲ့ စုပ်ယူအားဖြင့်
suction valve ကိုကြားခံ၍ ဆီကို ပို့ ပေးတယ်။
တိုင်ကီ အမြင့်ထားစနစ်က ဆီကုန်တာနဲ့
ဆီပြန်ထည့်ရာမှာ ကာဗြူရီတာကို ဆီရောက်ဘို့ ခက်ခဲမှု မတွေ့ ရဘူး ။ ဆီသွားလမ်းပိတ်
ဆို့ နေမှသာ ( ဆီကောက် ပိတ်နေမိလျှင်သာ)
ကာဗြူရီတာမှာ ဆီမရောက်လို့  အခက်တွေ့
တာပါ။
ပုံမှန်သုံးနေကြတဲ့ ကာဗြူရီတာမှာ ဆီကောက် နောက်တွင် ချေးနဲ့ ရေကို စစ်ပေးသော အခန်းငယ် ပါရှိတယ်။
ဒီအခန်းကို ကျော်ဖြတ်ပြီးဆီဟာ ကာဗြူရီတာ ဆီသိုလောင် ထားရာခွက် ( float chamber ) ကို ဝင်ရောက်ပါမယ်။
ဆီဝင်ပေါက်မှာ float valve ထားရှိတယ်။
ဒီဘားဟာ ချိန်ဘာခန်းအတွင်း ဆီကို ကန့်သတ် ချိန်တွယ် ထားရှိစေတယ်။
လောင်စာထားနိင်သည်ထက် ကျော်လွန်သွား
ခဲ့လျှင် အင်ဂျင်ခန်းအတွင်းသို့ စီးဆင်းမှု့မှ
ကာကွယ်ရန် over exit ပိုက်လိုင်း ထားရှိ
တယ်။
ဒီပိုက်လိုင်းက ဆီ စီးဆင်းလာလျင် ဖလုပ်
ဘား ချေးခု့ နေခြင်း ဘားချို့ယွင်းခြင်း ဖလုပ်
ချို့ယွင်းခြင်း ကို သိသာ ဖြေရှင်းနိင်ပါတယ်။
float chamber မှာ လိုအပ်သည်ထက် ပိုမို
ပါကလည်း စက်မမှန် ရောထွေး ပေါက်ကွဲသံ
ဖြစ်တတ်တယ် ။
ကာဗြူရီတာ အပေါ်ခြမ်းကို magazine
chamber လေ/ဆီရောနှော ခန်းလို့ ဆိုပါမယ်။
ဒီအပေါ်မှာ လေအဝင်ကို ထိန်းကျောင်းမယ့်
throttle cylinder တခါး ကိုတွေ့ရမယ်။
ဒီတခါးမှာ ဆီကို ထိန်းချုပ်ပေးမယ့် ဆီသွား
လမ်းထိန်း ပင်အပ် ရှိပါမယ်။
အဲဒီအပ်တိုင်မှာ ဆီကို အနည်းအများ
လုပ်ဆောင်နိင်အောင် ကလစ်လိုင်းထားတယ်။
အပ်တိုင်မှာ လိုင်းရွှေ့ပြောင်းနိုင်ရန် လိုင်းများ
ပြု့ထားတယ် ။
UP အပေါ် ရွှေ့ခြင်းသည် ဆီနည်းစေရန် ဖြစ်ပြီး
Down အောက်သို့ ရွှေ့ခြင်းသည် ဆီများ စေပါသည်။
အင်ဂျင်မှ suction ပြုလုပ်ရာ ကာဗြူရီတာ
အတွင်းရှိ လောင်စာဆီတို့  မိန်းဂျက် မှဝင်၍ အပ်တိုင်လမ်း needle het ကိုဖြတ်သန်းကာ
လေတခါးတွင် လေနှင့်အရော အနှောပြု့ကာ
မီးလောင်ခန်းသို့ industion ဝင်ရောက်ကာ
မီးဖြစ်စေပါတော့တယ် ။
Credit》》
Sir U Thein Swe
No comments:
Post a Comment