Chainfire’s SuperSU zip ကိုအလွယ်တကူ ပြန်ဖျက်နည်း (Custem Recovery Only)

Chainfire’s SuperSU zip ကိုအလွယ်တကူ ပြန်ဖျက်နည်း (Custem Recovery Only)
--------------------------------------------------------------------------
သင့်ဖုန်းကို One Click Root Tool များဖြင့် Root access ကိုရယူထားတာမျိုးမဟုတ်ဖဲ Custom Recovery ကိုထည့်သွင်းပြီး Supersu.zip ဖြင့် Root access ကိုရယူထားတယ်ဆိုရင်တော့ Chainfire’s SuperSU zip ပို အလွယ်တကူ ပြန်ဖျက်ယူဆိုတာ မလွယ်ကူတော့ပါဘူး...
Root ကို Unroot ပြုလုပ်ဖို့အတွက် သိပြီးသားသူတွေကတော့ Unroot ပြုလုပ်နိုင်တဲ့ Apps တွေနဲ့ Firmware ကို ပြန်လည် ရေးပေးလေ့ရှိကြတပါတယ်၊ ဒါလည်း Useful way ဖြစ်နေတာပဲလေ
အခုတော့ သိပ်ခေါင်းစားခံနေစရာမလိုတော့ပါ နာမည်ကြီး xda မှ osm0sis ရဲ့ ကြိုးစားအားထုတ်မှုဖြင့် SuperSU uninstaller zip ဖိုင်ကိုသာ Custem Recovery ကနေ ပြန်လည် Flash ပေးလိုက်ရင် SuperSu ဖိုင်က သူ့အလိုလို Remove ပြုလုပ်မှာဖြစ်သလို မိမိဖုန်းလည်း Unroot Device ဖြစ်သွားမှာပါ
ဖေါ်ပြပါနည်းလမ်းသည် (Custem Recovery Only) ဖြစ်ပါတယ် သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်း ထားခြင်းမျိုး ရှိနေပါမှသာလျှင် ဒီနည်းလမ်းဖြင့် Remove အလွယ်လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Download >>>SuperSU Unroot zip


SuperSU ဖိုင်ကို Remove ပြုလုပ်နည်း
-------------------------------------------
၁. ဒေါင်းလော့လင့်မှ SuperSU Unroot zip ဖိုင်ကိုဒေါင်းလော့လိုက်ပါ။
၂. ဒေါင်းလော့ရလာတဲ့ UPDATE-unSU.zip file ကို ဖုန်း Device မှာထည့်ပါ
(Internal Storage & SD Card တစ်ခုခုသို့ Copy ကူးထည့်ပေးလိုက်ပါ)
၃. ပုံမှန်အတိုင်း ဖုန်းကို ပါဝါပိတ်ပြီး Custom Recovery Mode သို့ဝင်လိုက်ပါ Power + Vol+Up+ Home ကီးတွဲနှိပ်ပါ (TWRP Recovery Mode)
၎. Custom Recovery Mode တွင် Install ကိုတစ်ချက်နှိပ်လိုက်ပါ။
UPDATE-unSU.zip file ကိုရွေးချယ်ပြီး Swipe to confirm လုပ်ပြီး Flash ပြုလုပ်ပါ။
၅. ပြီးရင် Wipe cache/dalvik ကို ရှင်းထုတ်ပေးလိုက်ပါ။
၆. အားလုံးပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ။
၇. ပြန်တက်လာရင်တော့ သင့်ဖုန်းမှာ SuperSu ဖိုင်ကို အလွယ်တကူပဲ
Remove လုပ်ပြီးဖြစ်သလို သင့်ဖုန်းဟာလည်း Unroot Device ဖြစ်နေပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်

Credit =ဇူးနစ်(နည်းပညာ)
www.zunite.org

No comments:

Post a Comment