Create System restore point လုပ်နည်း


Create System restore point လုပ်နည်း
--------------------------------------------





ဒီတခါ ကွန်ပျူတာ နည်းပညာ လေ့လာခါစ ညီကိုမောင်နှမတွေအတွက် အသုံးဝင် အသုံးတည့်မယ့် နည်းတစ်ခု တင်ပေးလိုက်ပါတယ်...။
၁။ System restore point လုပ်နည်းပါ ...အရင်ဆုံး နည်းမပြောခင် ဘာကြောင့် System restore point လုပ်ရတာလဲ ဘယ်လို နေရာတွေမှာ အသုံးဝင်လဲဆိုတာပြောပြချင်ပါတယ်..
ကွန်ပျူတာမှာ System restore point တစ်ခုလုပ်ထားတယ်ဆိုတာက

( ဥပမာ အနေနဲ့ပြောရရင် မိမိ Smart Phone ထဲမှာ Backup & Restore လုပ်သမျိုးပါပဲ ... ကွန်ပျူတာမှာလည်း Restore point တစ်ခုလုပ်ထားလိုက်မယ် Software Error တက်ရင် အဲ့ Restore point ကို အသုံးချပြီး System restore လုပ်လိုက်မယ် ဒီအတိုင်းပါပဲ ) စာရှည်နေမှာစိုးလို့ အရှည်မရှင်းပြတော့ပါဘူး။ ( ကျွန်တော်က စာရေးရင် တိုတိုနဲ့မပြီးနိုင်ဘူး မပြီးနိုင်ဘူးဆိုတာကလည်း ဖတ်တဲ့သူ လေ့လာတဲ့သူတွေကို သေသေချာချာ နားလည်စေချင်တဲ့ စေတနာပါ ခက်တာက တစ်ချို့စာရှည်ရင် မဖတ်ချင်ကြတော့ဘူး)
မိမိမှာ ကွန်ပျူတာတစ်လုံးဝယ်လိုက်ပြီး ကွန်ပျူတာနည်းပညာနဲ့ကလည်း


သိပ်မကျွမ်းကျင်သေးတဲ့သူတွေအတွက် Windows Error Software Error တက်တာကအဖြစ်အများဆုံးပါပဲ သူတို့အတွက် ဖြစ်လာတော့ ဘာလုပ်လဲ နည်းပညာလောကထဲက ဆရာတွေကို မေးရတာနဲ့ ဆိုင်ပြေးရတာနဲ့ မောလည်းမော ပိုက်ဆံလည်း ကုန်ပါပဲ ဒီလိုမျိုးတွေ အများကြီးတွေ့ရပါတယ်..)
အဲ့လိုတွေ မဖြစ်ဖို့အတွက် ကွန်ပျူတာကို ကလိတော့မယ် စာစမ်းတော့မယ်ဆိုရင် ပထမဆုံး ကွန်ပျူတာမှာ Restore point တစ်ခုလုပ်ထားလိုက်ပါ ပြီးရင် စာစမ်းမလား ကလိမလား ကြိုက်သလောက်ကလိ အားလုံးပြီးတဲ့အခါ မိမိပြုလုပ်ထားတဲ့ Restore point ကို အသုံးပြုပြီး System restore ပြုလုပ်ပေးလိုက်ပါ မိမိကလိထားတာ Error တက်သွားတာတွေ အားလုံးပျောက်သွားပါလိမ့်မယ် ( Hardware Error မပါ )
Restore point လုပ်တဲ့နေရာကို သွားတဲ့အခါမှာ Windows အပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခု သွားတဲ့လမ်းကြောင်းက မတူတဲ့တွက် ပုံမှန်သွားနေကြဖြစ်တဲ့ Start > ကို နှိပ်ပြီး သွားတဲ့နည်းက မသွားပဲ Windows အားလုံးအတွက် အဆင်ပြေအောင် Desktop ပေါ်က Computer Icon လေးကို နှိပ်ပြီး သွားကြမယ်...
ကဲစလိုက်ရအောင်ဗျာ ဘာလိုလိုနဲ့စာရှည်သွားပြီး ---ပထမဆုံး Desktop ပေါ်က Computer Icon လေးကို Right Click နှိပ်ပြီး Properties ကို နှိပ်ဝင်လိုက်ပါ System Preperties Box ကြီး ပွင့်လာပါလိမ့်မယ် အဲ့အထဲ ဘေဘက် အပေါ်နားက System Protection ဆိုတဲ့ စာကြောင်းလေးကို နှိပ်ဝင်လိုက်ပါ System Preperties Box လေးတစ်ခုထပ်ပွင့်လာပါမယ် Protection Settings စာကြောင်းအောက်က လေးဒေါင့်ပုံစံထဲမှာ Local Disk ( C ) ဆိုတဲ့နေရာမှာ On ဖြစ်နေရပါမယ် ( On မဖြစ်ပဲ Off ဖြစ်နေတယ်ဆိုရင် Local Disk ( C ) နေရာကို Select ပေးပြီး အောက်နားက Configure ကို နှိပ်ဝင်လိုက်ရင် နောက်ထပ် ဘောက်လေးတစ်ခု ပွင့်လာပါမယ် အဲ့အထဲက Turn on system Protection စာကြောင်းမှာ နှိပ်ပေးပြီး Apply နှိပ် OK နှိပ်ပေးလိုက်ပါ ) Local Disk ( C ) ဆိုတဲ့နေရာမှာ On ဖြစ်နေပြီဆိုရင် Local Disk ( C ) ကို Select ပေးပြီး အောက်နားက Create ကို နှိပ်ပေးလိုက်ပါ စာရေးမယ့် ဘောက်လေးတစ်ခု ထပ်ပွင့်လာပါမယ် Name တစ်ခုရေးထည့်ပြီး Create ကို နှိပ်ပေးလိုက်ပါ အစိမ်းရောင် အကြောင်းလေးပြေးပြီး Restore point လုပ်နေတာကို တွေ့ပါလိမ့်မယ် ခဏစောင့်လိုက်ပါ ပြီးသွားရင် Create restore point successfully ပြီးကြောင်းပြပါလိမ့်မယ် Close ကို နှိပ်ပြီးပိတ်ပေးလိုက်ပါ ဒီအခြေနေရောက်ပြီဆိုရင် မိမိကွန်ပျူတာမှာ System restore point တစ်ခု လုပ်တာ အောင်မြင်ပြီးစီးသွားပါပြီ System Restore ကို နှိပ် Next ကို နှိပ်ပြီး မိမိပြုလုပ်ထားခဲ့တဲ့ Restore point ကို Name. Date . Time အပြည့်စုံနဲ့ ပြထားတာတွေ့ရပါလိမ့်မည်။ ဖွင့်ထားတဲ့ဘောက်တွေ အကုန်ပိတ်လိုက်လို့ရပါပြီ။

Credit:

No comments:

Post a Comment