EMMC Repairing Knowledge

MTK 730  610 တွေ EMMC အလွတ်ကပ်ပြီး flashtool နဲ့ လွယ်လွယ် ရေးကြမယ်'( ကိုယ့်လို ဘီဂင်နာတွေ အတွက် ရည်ရွယ်တာပါ)
ကိုယ့်ဆိုင်လာ တဲ့ ဖုန်းက emmc လဲကတော့မယ့်  အခြေအနေ ဆိုပါစို့  ( format ချလည်း  data မပျက်တာ  ဗိုင်းရပ်စ်ကိုက် နေပြီး software ရေးလည်း ဗိုင်းရပ်မသေတာ    Logo ရပ်နေတာ    ရေးနေကျ fw ရေး သော်လည်း   fwအောင်ပြီး logo မှာ ထောက်နေတာ   boot fail ဘာ fail ညာ fail စသဖြင့်   software နဲ့ အဆင်မပြေတော့ပဲ emmc replace လုပ်ပေး ကတော့မယ်  ဆို ပါတော့။   ဒါက mtk 730နဲ့ 610 ကို ရည်ညွှန်း တာပါ။   mtk အားလုံးရလိမ့်မယ်လို့ မဆိုလိုပါ။  အိုကေ   ဆိုပါတော့   ကျနော်ပြောတဲ့ 730 သို့မဟုတ် 610 တစ်ခုခု  emmc လဲဖို့ ဖြစ်လာ ပြီဆိုပါစို့။  ကိုယ်ကလည်း  emmc စတစ်ချောင်း မှာကပ်   ရေး ပြန်ခွါ   ပြန်ကပ်    softတက်မလာသေးရင် တစ်ခေါက်ထပ်ရေး ဘာညာ မလုပ်ချင်ဘူး ဆိုရင်    ကျနော်ပြောတဲ့နည်းက အဆင်ပြေမှာပါ။    တစ်ခု တော့   ခင်ဗျား ရှာ က ဝယ်က လိမ့်မယ် ။   Sandisk 4G ဆိုတဲ့ emmc ဝယ်ပါ။   ကိုယ့်မှာ ဘုတ်အဟောင်း တွေ အစုတ်တွေရှိရင်လည်း  အဲဒိက ခွါပါ ။  hol U10 610 C00 တို့မှာတွေ့ပါတယ်။   အခြား လည်း အများကြီး ရှိမှာ ပေါ့( ကိုယ်တွေ့တာ ကိုယ်ပြောတာ)    ကျနော်ကတော့ တစ်ခါမှမဝယ်ဖူး ဘူး။   ဘုတ်အဟောင်းတွေကပဲ ခွါ တယ်။      ချိတ်မပါရင်   heat 280 air 5  လောက်နဲ့  နှစ်မိနစ် သုံးမိနစ်ဆို  ပြုတ်ပါတယ်။   ic လည်း အကောင်းအတိုင်း ရပါတယ်။   အဲ  ချိတ်ပါတယ်ဆိုရင်တော့  ချိတ်အမာ အပျော့  ကလည်း ရှိပါတယ်။   heat gun ကလည်း အမျိုးအစား တံဆိပ်တွေ လေအား အပူအား တွေမတူ တော့  ကိုယ် သန်သလို စမ်း ပေါ့။    ပြီးတော့ မီးအား ဘာညာ  ကလည်း တစ်နေရာနဲ့တစ်နေရာ မတူတာ ဘာညာ တစ်နေရာထဲမှာကို   မီးအား အနည်း အများ က  ပုံမှန် မရှိတာ ဘာညာ တွေ အများ ကြီး ပါ။ ဘုတ်အဟောင်းကicယူနည်းလေးပြောပြပါ့မယ်။ချိတ်ရှင်းတာတော့ အပူ200လောက်နဲ့ ဖြည်းဖြည်းပေါ့။icခွါယူတော့မယ် ဆိုရင်   ကျနော် ကတော့   မီးအား ဘာညာ တွေ ဒိုင်ခွက် ခဏ ခဏ ကြည့်ရတာတွေ  အာရုံနောက်လို့   heat gun မှာ  အပူ  အဆုံး  လေ အဆုံး ထား လိုက်တယ်။      အပူက ၄၅၀ လောက်တော့ ရှိမှာပေါ့။   လေ ကလည်း သူထွက် ချင်သလောက်ထွက်ပစေ ဆိုပြီး  အဆုံးထိ ထား ပါတယ်။ emmcရဲ့ ဘေး နုတ်ခမ်းမှာ ကလော်တံ အပြားကို readyထောက်ထားပါတယ်။    ပြီး ရင် emmc ကို  မွှေ့ထိုး ပါတယ်  15 စက္ကန့် ထိုး လို့ ပြည့်တာနဲ့   ကလော်တံနဲ့  ကလော် လိုက်တာပဲ။    ic အကောင်း  ရပါတယ်။    အောက်က ဘုတ် ကတော့80 % အကောင်းရပါတယ်။   ကိုယ်လိုချင်တာ ic ဆိုတော့  ic အကောင်းရဖို့ပဲ ကျနော် တွေးပါတယ်။  အိုကေ   ခွါထား တဲ့ ic ကို သန့်ရှင်းရေး လုပ်  ခဲ ပြန်လောင်း မယ်       ကိုယ် ကပ် ချင်တဲ့ ဘုတ်ကို လည်း   ခဲလေး ဘာလေး ရှင်း ထား ပြီး ပြီဆို ရင်    emmc  ပြန်ကပ် ဖို့ ready ဖြစ်ပါပြီ။        ပြန်ကပ် မယ် ဆို ရင်   ကျနော်ကတော့ အပူ 280 နဲ့ လေ  က 5/6 တစ်ခုခ်ုနဲ့ပြန်ကပ်ပါတယ် ။    ခဲ  လောင်းထားတဲ့အတွက်   အပူနည်းနည်း နဲ့  ခဲပျော်ပါတယ်။    လေ များများထားတဲ့အတွက် လေ ရဲ့ ဖိအားနဲ့ မြန်မြန် ကိစ္စ ပြီးတယ် ထင်တာပဲ။    အပူ 280 လေ   5/6    လောက်နဲ့  တစ်မိနစ်လောက် မွှေ့ ရမ်းထိုး လိုက်ရင်   emmc က  ခဲကွက်မှာ နေရာတစ်ကျ  ပြန်ကပ်ပါပြီ။     တစ်မိနစိလောက်အအေး ခံပါ။   supplyနဲ့ ချိတ် ပြီး  pwr key နှိပ် ကြည့်ပါ။   ဒု ကနဲ့ နှစ်စိတ်လောက်မှာ ရပ်နေတာ  ဒါမှမဟုတ်  ကီး လွှတ်လိုက်ရင် ပြန်ကျ သွားတာ    တွေ့ရပါလိမ့်မယ်။    စိတ်   မညစ်ပါနဲ့   ရေးကမှာ   ကိုယ့် အလုပ်ပဲလေ။ အရေးခံမခံက   emmc  ရဲ့အလုပ်။     spflashtool  ဖွင့်ပါ   ။ ထုံးစံအတိုင်း   flashtool fw ရှိတဲ့နေရာ    ဘာညာ ထုံးစံ အတိုင်း ပါပဲ။    tool တစ်ခုခု နဲ့  backup ယူထား တဲ့ဖန်းဝဲ   သို့မဟုတ်  download လုပ်ထားတဲ့ ဖန်း ဝဲ ဖိုင်ရွေးပါ   download    နှိပ်  ကြိုး ထိုး ပါ။    အနီ တန်း ပြေး   pc သိပြီ ဆိုပါတော့    ခရမ်း တစ်တန်း ပြေး   ပြီး ရင်   အဝါတန်း ပြေး ရေးနေပါပြီ။  pmt ချိန်း ဘာညာ ဆိုရင် 

  format all+ download နဲ့ ကစ်ပါ။   အစိမ်းတန်းပြေး  complete ဘာညာ ဆို format ချတာ ပြီးပြီပေါ့ အဝါတန်း ဆက်ပြေးပြီး   ရာခိုင်းနုန်း တွေ ဆက်ပြေး   နေတယ်ဆိုရင် emmc ထဲကို toolက data တွေ ရေး နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။     format ချတဲ့အချိန်   your format  not complete ဘာ ဖြစ်ညာ ဖြစ် တယ် ဆိုပြီး ပြ ပြီး   အဝါ တန်း လဲမပြေးအစိမ်း တန်းမှာ    ရပ်နေမယ် ဆိုရင်   ကိုယ်ခွါ လိုက်တဲ့ emmc က မကောင်း တာ ဖြစ်ဖို့များ ပါတယ်။   နောက်ထပ်  emmc တစ်လုံး  ပြောင်းကပ်သင့်တယ်။  ပါဝါပိတ် ကြိုးထိုးလိုက်လို့     storeage missmatch ဘာညာ ဆို ရင်လည်း   emmc ပျက်နေတာ ဖြစ် ဖို့များပါတယ်။  ကိုယ်ကပ်လိုက်တဲ့emmc က တစ်ဝက်မကောင်း တာ ဆိုရင်လည်း   error ဂဏန်း ပေါင်း များစွာ  မရိုးနိုင်အောင် အမျိုး မျိုး ပြလေ့ ရှိတယ်။    ကိုယ်ခွါလိုက်တဲ့emmc က  အကောင်း ဆိုတာ သေချာရင်တော့    သေချာ  ခဲလောင်း ပြီး   ပြန်ကပ်သင့်တယ်။  အဲဒိ တော့  mtk  610 730 emmc  လဲတော့မယ် ဆို   ကိုယ် က  လည်းစတစ်တို့ဘာတို့ မသုံးပဲ  အလွတ်ကပ်ပြီး  tools တစ်ခုခု နဲ့ ရေး တော့မယ် ဆိုရင်    Sandisk 4G သာ  သတိရလိုက်ပါ။     ဝယ် ကပ်တာတော့   အသေချာဆုံးပေါ့။    ကိုယ့်မှာ   ဘုတ်အစုတ်အဟောင်း ပေါတယ်ဆိုရင်တော့    ကျနော်ပြောသလို ခွါပြီး  ပြန်ကပ်ပြန်ရေး   အဆင်ပြေ မှာပါ။ ရှိမှာပါ ဆားဗစ်သမားပဲအပေါဆုံးက ဘုတ်အစုတ်တွေပဲယေ။   အသစ်ကတော့ ပိုသေချာ တာပေါ့။    emmc ကောင်း နေတဲ့ဘုတ်ကခွါလည်း  အိုကေပါတယ်။   ကျနော်ပြောသလို အပူ အဆုံး  လေအဆုံးနဲ့ 15စက္ကန့် ဆို   ဂွမ်းကနဲ့ ထိုး လှန်လိုက်။   ကျနော်စမ်းကြည့်တာ  ၇ လုံး ၈ လုံးလောက်ရှိပီ ic   အကောင်း  ရပါတယ်ဗျ။   အဲမေ့လို့   emmc ကပ်ပြီး   software ရေးပြီးတဲ့အခါ   ကိုယ်ရေးလိုက်တဲ့fwက userdata မပါရင် ပြန်တက်လာတဲ့အခါ Emergency  data ဘာညာ ပြပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့   ကီးတွေနှိပ် ပြီး factory reset တစ်ခေါက်ပြန်ချ ပေးလိုက်ပါ။   imei ဘာညာ  ပြန်fix  ပေါ့။    root ထားပြီးသား fw လေးတွေ backup လုပ်ထားပြီး  ပြန်ရေး ပေး လို က်ရင် ပို လွယ်တာပေါ့။ မျက်လုံး apk လေး နဲ့ imei generate လုပ်လိုက်။ လာထား ၂၀၀၀၀   လာထား ၁၈၀၀၀   ။ အခြား  မော်ဒယ်တေလည်းစမ်းသပ်ပြီးရင်  sharing  ပြန်လုပ်ပေးပါ့မယ်။       ကိုယ့်လို   ဘီဂင်နာတွေကို ရည်ရွယ်ပြီး  sharing လုပ်တာပါ။  ကျနော်ကိုယ်တိုင်လည်း ဘာမှမတက်သေးတဲ့ ဆားဗစ် ကလေး ငယ်တစ်ယောက်မို့    မှားတာ ရှိ ရင် အပြစ်မမြင်   ချစ်ချင်တာပဲ သိတဲ့နောက် ÷€€¢_£€±×¢£^®^£®£©®¥_^®×£>¥€£^¢   အဲ့     ဝိုင်းစုခိုင်သိန်း သီချင်း ရောက်သွားပြီ     
(အားလုံးပဲ ဆားဗစ်များများ လုပ်က ပါစေ ဗျာ)

Ko Kyaw Kyaw

No comments:

Post a Comment