Google စွယ်စုံကျမ်း ဖြစ်အောင် ဘယ်လိုလုပ်ယူမလဲ။

MP3 သီချင်းတွေကို google ကနေ ဘယ်လို ရှာဖွေမလဲ၊ အတိုင်းအတာယူနစ်တွေနဲ့ အဓိပ္ပယ် ဖွင့်ဆိုချက်တွေ အပြည့်အစုံ ရရှိနေတဲ့ google ရဲ့ လျှိုရ၀ှက်ချက်တွေ……….

၁။ ဂဏန်းတွက်စက်တစ်လုံးလိုအသုံးပြုနိုင်တယ်

သင့်စားပွဲပေါ်မှာ လက်ကိုင် ဂဏန်းတွက်စက် မရှိလို့များ အခက်အခဲ ကြုံရလိမ့်မယ်လို့ တွေးကြောက်နေစရာ မလိုပါဘူး။ google ကို ဂဏန်းတွက်စက် (caculator) လို့ သဘောထားပြီး သုံးစွဲနိုင်ပါတယ်။ ဂဏန်းတွက်စက်မှ တကယ့်ကို အဆင့်မြင့်နည်းပညာ သုံးစွဲထားတဲ့ online caculator တစ်ခုလို သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ညီမျှခြင်းတွေ၊ ပုံသေနည်း တွေအားလုံးကို google အင်ဂျင်က ခွင့်ပြုပါတယ်။ လိုချင်တဲ့ အဖြေတွေအတွက် google search box ထဲကို ရိုက်ထည့်လိုက်ရုံပါပဲ။ သင်ယခင်က သာမန် search လုပ်ခဲ့တဲ့ display အတိုင်းကို ပြသပေးမှာပါ။ သိပ်လွယ်ပါတယ်။ အခြေခံအဆင့် Algebra တွက်ချက်နည်းတွေ ဖြစ်တဲ့ addition (ပေါင်းခြင်း)၊ subtraction (နုတ်ခြင်း)၊ Multiplication (မြှေက်ခြင်း)၊ division (စားခြင်း) စတဲ့ အချက်အလက်တွေကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာအားဖြင့် ၂ နှင် ၃ ကို ပေါင်းချင်တဲ့အခါ (2+3) ပြီးရင်တော့ Enter ခေါက်ပေါ့။
ဥပမာ ၁၀ ကို ၂ ဖြင့် စားချင်တဲ့အခါ (10/2) ဆိုပြီး (slash) button ကို သုံးစွဲနိုင်တာပေါ့။
အဲဒီ ပေါင်း၊ နုတ်၊ မြှောက်၊ စားလောက်ကို google က စာကို မဖွဲ့တာတချို့ ဂဏန်းတွက်စက်တွေလို ဂဏန်းအလုံးရေ (၁၀လုံး၊ ၁၂ လုံး စသဖြင့်) ကန့်သတ်ထားတာ မရှိဘဲ စိတ်ကြိုက် တွက်ချက် နိုင်ပါတယ်။ ဒါဟာ တကယ့် သိပ္ပံ ပညာရှင် တွေနဲ့ သင်္ချာ မာစတာ သမားတွေ ကိုင်ဆောင် ကြတဲ့ လက်တွေ့ အသုံးချ တွက်ချက် နည်းစနစ် ကိရိယာ အကြီးစား တစ်ခုလို ပါဘဲ။ တြီဂို နိမေတြီ (sin-cos-tan) ဆိုတဲ့ functions တွေ တန်ပြန် တွက်ချက်မှု (cosin-cosec-cotan) စတာတွေ၊ hyperbolic functions (ထပ်ကိန်း စနစ် ပုံသေနည်း) နဲ့ လောဂရစ်သမ် စနစ် တွေက အစ တွက်ချက် နိုင်ပါတယ်။

၂။ ဂဏန်းသင်္ချာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကိုနားလည်တယ်။

အံ့သြဖို့ကောင်းတာက google ဟာတွက်ချက်မှုပိုင်းဆိုင်ရာ ဖော်ပြချက်မျိုးစုံနဲ့ သိပ္ပံနည်းပညာနယ်ပယ်မှာသာ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေ ဝေါဟာရတွေ ပုံသေနည်းတွေကိုပါ သိရှိထားပါတယ်။ pi ( ) Avogadro number, Planck’s constant, ကမ္ဘာမြေကြီးရဲ့အချင်း၊ နေစကြ၀ ရဲ့ အလေးချိန်၊ ထုထည်၊ အလင်ရဲ့ အလျင်၊ ဆွဲငင်အားနဲ့ ပက်သက်တဲ့ ကိန်းဂဏန်းအရေအတွက်တွေ စတဲ့ စတဲ့ ဝေါဟာရ ဖော်ပြချက်မျိုးစုံကို သိထားပါတယ်။ (ဥပမာအားဖြင့် pi တန်ဖိုး အတိအကျကို သင့်အနေနဲ့ ဇဝေဇ၀ါဖြစ်ပြီး မသဲမကွဲဖြစ်နေရင် ဒီအတိုင်း စမ်းကြည့်ပါ။
ဥပမာ (၁)
၁။ google.com ဟုရိုက်ပါ။
၂။ Search box မှာ ‘pi’ ဟု ရိုက်ပါ။
၃။ Enter ခေါက်ပါ။
၎။ 3.14159265 ဆိုတဲ့ အဖြေကို ရလိမ့်မယ်။
(ငယ်ငယ်တုန်းက (pi) စက်ဝိုင်းတစ်ခုရဲ့ အလျားကို =3.14 လို့ သင်ကြား ဖူးခဲ့ရ သ ဖြင့် google
အဖြေသည် လက်ခံချင် ဖွယ်ရာ မဟုတ် ပါလား။)
ဥပမာ (၂)
အလင်းရဲ့ အလျင်ကို သိချင်ရင်….
၁။ google.com ဟုရိုက်ပါ။
၂။ google.search box မှာ ’speed of light’ ဟု ရိုက်ပါ။
၃။ 299, 792, 458 m/s
m/s ဆိုတာက mile per Second ပါ။( တစ်စက္ကန့်မှာ ရောက်တဲ့ခရီးရဲ့ အကွာအဝေးကို မှိုင်နှုန်းဖြင့် ဖော်ပြ ထား ခြင်း ဖြစ်ပါတယ်။)

၃။ အတိုင်းအတာယူနစ်တွေကိုလည်း ပုံသဏ္ဍန်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။

နောက်ထပ် အံ့သြစရာ ကောင်းတာတစ်ခုက အင်ဂျင်ထဲမှာ ရှိတဲ့ နည်းစနစ်က လက်ကိုင် တွက်စက်တွေလိုပဲ မိုင်တွေ၊ မီတာတွေ၊ ဖာလုံတွေ၊ အလင်းနှစ်၊ စက္ကန့်၊ ၁၄ရက် တစ်ကြိမ် စတဲ့ အရာအားလုံးကို သူသိနေတယ်။ သိရုံတင် မဟုတ်ပါဘူး။ မူလယူနစ်ကို နောက်ထပ် အတိုင်းအတာ ယူနစ်တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် စွမ်းရှိပါတယ်။ အဲ သုံးရမယ့် keyword တွေနဲ့ သင်္ကေတလေးတွေကိုတော့ သိထားရမှာပေါ့ လေ။ google ကတော့ ‘x’ ဆိုတဲ့ ပထမ unit ကို ဒုတိယ unit ဖြစ်လာဖို့ ‘in’ ဆိုတဲ့ word ကို သုံးပါသတဲ့။ နားရှုပ် သွားပါသလား။ တွက်ချက်ပုံနဲ့ အဖြေ ရှင်းထုတ်ပုံတွေက အလွယ်လေးပါ။ ဥပမာ ဆိုရရင် တစ်မီတာမှာ ပေဘယ်လောက် ရှိသလဲ။ တွက်ကြည့်စမ်းပါဆိုရင် ဘယ်လောက်ကိုများ သတိ ရမှာပါလိမ့်။ နောက်ဆုံးပေါ် ဂဏန်း တွက်စက်တွေလား၊ ဒါမှမဟုတ် ရှေးယခင်က လေယာဉ်ပျံတံဆိပ် ပေတံ အဟောင်းလေးလား၊ ‘M’ တံဆိပ် သံကွန်ပါဘူးလေးလား၊ ဘာကိုမှ အတွေးမှား မနေပါနဲ့ အခုအတိုင်း ကြိုးစားကြည့်ပါ။
၁။ google.com ဟုရိုက်ပါ။
၂။ google search box မှာ ‘1 meter in feet’ ဆိုပြီး ရိုက်ပါ။
(တစ်မီတာမှ ရှိတဲ့ ‘ပေ’ ယူနစ်ပေါ့) ! “in” ဆိုတာ syntax ပါ။ ဒါဆိုရင် တစ်မီတာမှာ ရှိတဲ့ ပေ
အတိ အကျ ရလာပါလိမ့်မယ်။
နောက်ဥပမာတစ်ခုက ဖန်ခွက်လတ် တစ်ခုမှာ လက်ဖက်ရည်ဇွန်း (ငယ်) ဘယ်လောက်ပါဝင်သလဲ။ ရှာကြည့်ရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ half a cup in teaspoons
ဒေါ်လာ ၁၀၀ မှာ Euro ဘယ်လောက်ရှိလဲ။ ၁ ဒေါ်လာမှာ မြန်မာကျပ် ဘယ်လောက် ရှိသလဲ စသဖြင့် တွက်ချက် ကြည့် နိုင်ပါတယ်။ ! သူ့ရဲ့ ပုံသေနည်း ဒါမှမဟုတ် syntax က x first in second unit ! Search box မှာ ” ” မသုံးရပါ။

၎။ အဘိဓာန်တစ်ခုလိုလည်း သုံးစွဲနိုင်ပါတယ်။

dictionary တစ်ခု လိုချင်တယ်။ များသော အားဖြင့် သုံးလေ့ သုံးထ ရှိကြတဲ့ အဘိဓာန် နဲ့ ပတ်သက်တဲ့ Website တွေကို မသိဘူး ဆိုရင် google ကိုပဲ အဘိဓာန် စာအုပ်တစ်အုပ်လို သဘော ထားပြီး သုံးစွဲ နိုင်ပါတယ်။
ဥပမာ …chatting ဆိုတာဘာလဲ၊ (what is chatting) ဆိုတဲ့ အဖြေကို ရရှိဖို့ အတွက် google ရဲ့ search box မှာ ဒီအတိုင်း ကြိုးစားပါ။
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ what is chatting ရိုက်ပါ။(? အမှတ်အသား ထည့်ဖို့ မလိုပါ။)
၃။ ရလာတဲ့ အဖြေစာရင်းတွေနဲ့ ထိပ်ဆုံးမှာ chatting ဆိုတဲ့ စကားလုံးရဲ့ ဖွင့်ဆိုချက်ကို ရှင်းပြထားပါတယ်။
၎။ နောက်တစ်ကြောင်း ဖြစ်တဲ့ “definition in context” ဆိုတဲ့ Link စာမျက်နှာကတော့ သက်ဆိုင်ရာ webpage ဆီကို အရောက်သွားနိုင်ဖို့ အကောင်းဆုံး လမ်းညွှန်ချက်ပါ။
၅။ အဆိုပါ ‘what is chatting ‘ ဆိုတဲ့ စကားစုံကို ဝါကျထဲမှာ သုံးစွဲပုံ သုံးစွဲနည်းကို နမူနာအနေနဲ့ ဖော်ပြထားပါသေးတယ်။

၅။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်းရရှိနိုင်ပါတယ်။

စကားလုံး အသစ်၊ အသစ်တွေဟာ အမြဲမပြတ် ထွက်ပေါ်နေတတ်တာမို့ တစ်ခါတရံမှာ ကိုယ်သိချင်တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် မရရှိပဲ ဖြစ်တတ်ပါတယ်။ အဲဒီ အခက်အခဲကို google ဟာ ကူညီဖြေရှင်းပေးပါတယ်။ ကောင်းပြီ ဒါဆိုရင် အခုတလောမှာ လူပြောသူပြော များလာတဲ့ ‘p2p’ လို့ အတိုကောက် ခေါ်ဆိုကြတဲ့ ‘peer to peer’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာကြည့်ကြရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ define: “peer to peer ” ဟုရိုက်ပါ။ (define ဆိုတာက google ကသတ်မှတ် ပေးထားတဲ့ operator တစ်ခုဖြစ်ပြီး အဲဒီလို ဖွင့်ဆိုချက်

(definitions) တွေကို ရည်ညွှန်းပါတယ်။)
၃။ peer to peer ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စနစ်တကျနဲ့ သေချာစွာ စာမျက်နှာထဲမှာ အပြည့်အဝ ရှင်းလင်း ပြသပါလိမ့်မယ်။
၎။ မှတ်သားဖို့ တစ်ခုရှိတာကတော့ (operator) define ကို သုံးစွဲတဲ့

အခါမှာ ပါဝင်ရမယ့် သင်္ကေတတွေ အပြည့်အဝပါဝင်ဖို့ လိုပါတယ်။
Semicolum(;) နှင့် open comma, close comma (”,”) တွေ

ပြုတ်ကျန်နေခဲ့လို့ မရပါဘူး။
! define: “သင်ရှာလိုသော စကားလုံး” ဆိုတဲ့ ပုံသေနည်းကိုသာ

အလွတ်နည်းပါး မှတ်သားဖို့ လိုပါတယ်။

၆။ တိကျတဲ့ အချက်အလက် တွေရှိတယ်။

ဘွဲ့ယူစာတမ်းတင်ဖို့၊ သေချာခိုင်မာတဲ့ ဖြီးလုံးဖြန်းလုံးတွေ မဟုတ်တဲ့ အချက်အလက်တွေ လိုအပ်နေပြီဆိုတော့ google ကို အားကိုးနိုင်ပါတယ်။ (များသောအားဖြင့် google အပါအဝင် spider engine တွေဟာ အဖြေတွေကို မရေမတွက်နိုင်အောင် ဖေါ်ထုတ်ပေးတတ်ကြပေမယ့် အလိုချင်ဆုံးအဖြေဟာ Search result ရဲ့ ထိပ်ဆုံးနားမှာ ရှိတတ်ပါတယ်။) သတင်းရင်းမြစ်တွေ ရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း key လေးတွေကို တိုလိုရှင်း ထည့်ပေးနိုင်မှ ဖြစ်မှာပါ။ ပုံသေနည်းမှန်မှ အဖြေမှန်မယ့် သဘောပါပဲ။
ဥပမာ (၁) စာရေးဆရာကြီး မတ်တွိုင်း ရဲ့ မွေးရပ်ကို သိချင်ရင်…
- birth-place mark twin
ဥပမာ (၂) ကုလသမဂ အတွင်း ရေးမှုးချုပ် ဟောင်း ဦးသန့်ရဲ့ မွေးရက်နဲ့ ချက်မြုပ် ဇာတိကို သိချင်ရင်…
- birth-place U Thant
ဥပမာ (၃) ကိုရီးယားကြယ်ပွင့်လေး ရိန်းကိုတော့ သူ့ နာမည်ရင်း ဖြစ်တဲ့ Jung Ji Hoon နဲ့ ရှာပါ။

၇။ သတ်ပုံတွေ အလိုအလျှောက် ပြင်ဆင်ပေးတယ်။

မင်းသမီးတစ်ယောက်ရဲ့ ပုံတွေကို ရှာဖွေချင်တဲ့ အခါမှုာ search box မှာ ရိုက်လိုက်မိပါတယ်။ (ပဲရစ်ဟီတန်) ဆိုတဲ့ စကားလုံးအတွက် (peris-hetton) ဆိုပြီး ရိုက်လိုက်တဲ့ အခါမှာ google ရဲ့ search results ရဲ့ ထိပ်ဆုံးမှာ တောက်ပတဲ့ အပြာရောင်နဲ့ (…..) ကို မေးတာလားဆိုပြီး ပြင်ဆင်ပေးပါတယ်။
ဒါဟာ ဘယ်လို စကားလုံး၊ စကားစု မျိုးအတွက်မဆို အလိုအလျှောက် ပြင်ဆင်ပေးတဲ့ “spelling checker” တစ်ခုပါ။ ဒါကြောင့် နောက်နောင်မှာ အမည်နာမ မေ့သွားလို့ဖြင့် ပြဿနာတက်စရာ မရှိပါဘူး။ နည်းနည်းတော့ ဥာဏ်သုံးပြီး စဉ်းစားရမှာပေါ့။ လူကို မှတ်မိတယ်။ နာမည်ကို အလွတ်မရဘူး။ ထိုသူရဲ့ website ကို ရှာဖွေချင်တယ်ဆိုရင်…
၁။ images.google.com ကို ခေါ်ပါ။
၂။ search box မှာ ကိုယ် မှတ်မိသမျှ အမည်နာမကို ရတတ်သလောက် ရိုက်ထည့်ပါ။
၃။ google ကနေ အမှား ပြင်ဆင်ပေးပါမယ်။
၎။ ရလာတဲ့ image တွေမှာ ကိုယ်သိထားတဲ့ လူရဲ့ ပုံပန်းသဏ္ဍာန်ကို ရှာဖွေပြီး ထိုနေရာမှ တစ်ဆင့် copy ကူးပြီး google ရဲ့ သာမန် search box ထဲမှာ paste လုပ်ပါ။
၅။ Enter ခေါက်ပါ။
၆။ အဲဒီအခါမှာ အလွန်ကို လွယ်ကူချောမွေ့စွာနဲ့ လိုချင်တဲ့ အဖြေကို ရရှိသွားပါလိမ့်မယ်။

၈။ လိုချင်တဲ့ အဖြေတစ်ခုပဲ လိုချင်လျှင်

လူတိုင်းလိုလိုကတော့ သတင်းရင်းမြစ်များများ ရရှိတာကို ကြိုက်နှစ်သက်ကြပါတယ်။ဒါမှလည်း အားလုံးကို ခြုံငုံသုံးသပ်နိုင်မှာလေ။ ဒါပေမယ့် လူတချို့ကတော့ တိကျတဲ့၊ မှန်ကန်ပြည့်စုံတဲ့ အဖြေတစ်ခုတည်းကိုသာ တောင့်တကြလေ့ ရှိကြပါတယ်။ ဆိုပါစို့ ‘ဘယ်သူဟာ ကွန်ပျူတာ ဗိုင်းရပ်စ်ကို စတင် တီထွင်ခဲ့ ပါသလဲ’ ဆိုပြီး ရှာဖွေလိုက်တဲ့အခါမှာ ရလာတဲ့ အဖြေပေါင်း ခြောက်သောင်းကျော်လောက် ကြားမှာ မူးနောက်နောက်ဖြစ်ပြီး ဟိုဟာပဲ မှန်သလိုလို၊ ဒီဟာပဲ မှန်သလိုလို တွေ့ရှိခံစားဖူးပါလိမ့်မယ်။ အဲဒီ ကိစ္စကို ကူညီဖို့ search engine လောကမှာ google တစ်ယောက်သာ အဆင်သင့် ရှိတာပါ။ ဒီလို ကြိုးစားကြည့်ရအောင်-
၁။ google.com ရိုက်ပါ။
၂။ Search box မှာ ‘first inventer of computer virus’ ဟုရိုက်ပါ။

ပြီးလျှင် Enter မခေါက်ပါနှင့် ’search buttom’ ကို နှိပ်ပြီး မရှာဖွေခိုင်းလိုက်ပါနှင့်။
၃။ search buttom ဘေးမှာရှိတဲ့ ‘I am feeling lucky’ဆိုတဲ့ buttom ကို နှိပ်လိုက်ပါ။
၎။ အပြည့်စုံဆုံး အတိကျဆုံးနှင့် အမှန်ကန်ဆုံး အဖြေရှိတဲ့ website ထဲကို ရောက်ရှိ သွားပါလိမ့်မယ်။
၅။ များသောအားဖြင့် အဲဒီ အဖြေဟာ wikipedia လို့ ခေါ်တဲ့ ကမ္ဘာ့စွယ်စုံကျမ်းထဲမှာ ရှိနေတတ်ပါတယ်။
ဒါကြောင့် အဲဒီ link ဟာ wiki ရဲ့ စာမျက်နှာမှာ ခေါင်းစဉ်နဲ့အတူ အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်။

၉။ ဧရိယာ အမှတ်အသားတွေလည်းနားလည်တယ်။

Email တွေ ယူတဲ့အခါမှာ ဧရိယာ code ကို ထည့်သွင်းပေးခဲ့ရဖူးတယ် မဟုတ်ပါလား။ တကယ်လို့ သင်ဟာ နိုင်ငံခြားမှာ ရောက်နေခဲ့တဲ့ လူတစ်ယောက်ဆိုရင် ရန်ကုန်က ဖုန်းနံပါတ် ၃၈၇၃၀၅ ဆိုတဲ့ ဖုန်းနံပါတ်ကို နှိပ်ဖို့အတွက် ၀၉၅-၀၁-၃၈၇၃၀၅ ဆိုတာကို နှိပ်ရမှာပါ။ အဲဒီ အရှေ့ ဆုံးက (၀၉၅) ဆိုတာဟာ မြန်မာနိုင်ငံရဲ့ area code ပါ။(၀၁) ဟာရန်ကုန်ရဲ့ area code ပေါ့။ ဒါကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  အတွင်းမှာရှိတဲ့ ၃၈၇၃၀၅ ကို ချိတ်ဆက်ပေးပါလို့ ဆိုတာပါ။ ဒါကို google မှာ ရှာဖွေ ကြည့်လိုက်ပါ။

၁၀။ အပြည်ပြည်ဆိုင်ရာ ရာသီဥတု အခြေအနေတွေကိုလဲ သိရှိထားတယ်။

တစ်နေရာဆီ ခွဲခွာနေရလို့များ သင့်ရဲ့ ဇာတိချက်မြှုပ်မြေမှာ ဘယ်လိုမျိုး ရာသီဥတု ဆိုးရွားမှုတွေကို တွေ့ကြုံနေရပါလိမ့် ဆိုပြီး တွေးတော သောကဖြစ်နေစရာ မရှိပါဘူးခင်ဗျာ။ ရန်ကုန်က မိုးလေဝသ အခြေအနေကို သိချင်ရင် ….
၁။ google.com ရိုက်ပါ။
၂။ Search box မှာ yangon weather ဟုရိုက်ပါ။
၃။ နေပူမိုးရွာ ပုံစံလေးကို ကာတွန်းပုံ သင်္ကေတလေးတွေနဲ့ကို ပြသပေးမှာ ဖြစ်ပြီး အောက်မှာ ရှိနေမယ့် Link ကတော့ အသေးစိတ် သိချင်သူတွေ ဆက်လက် လျှောက်လှမ်းသွားနိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။

၁၁။ ဘာသာပြန် ဆရာကောင်း တစ်ယောက်လည်း ဖြစ်တယ်။

ဥပမာ အားဖြင့် ဂျပန်နိုင်ငံမှာ ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းတွေကို လေ့လာချင်လို့ ရိုက်ကြည့်လိုက်တဲ့ အခါမှာ http://www.iujac.jp/j/ ကို စမ်းသပ်ကြည့်ပါ။ ဂျပန် ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ home page ကို သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတွက် ??? တွေနဲ့ အဓိပ္ပာယ် ပြန်ဆိုလို့ မရနိုင်တဲ့ page တွေမှာ ယခင်အချိန်တွေ တုန်းကတော့ status bar အားကိုးနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ဒီအတိုင်းကြိုးစားကြည့်ပါ။
၁။ google.com ရိုက်ပါ။
၂။ ဖွင့်မရ၊ ကြည့်မရ ဖြစ်နေတဲ့ လိပ်စာကို copy ကူးပြီး search box မှာ paste လုပ်ပါ။
၃။ Enter ခေါက်ပါ။
၎။ ပေါ်လာတဲ့ search မှာ ရှိတဲ့ ‘translate this page’ ကို Click နှိပ်ပါ။
၅။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားတဲ့ home page တစ်ခုကို google မှ ဖန်တီးပေးပါလိမ့်မယ်။
google ရဲ့ translation page ဟာ ဘာသာစကားပေါင်း ၂၀ ကျော်ကို ပြန်ဆို ရရှိနိုင်တဲ့ အတွက် အာရေဗျ နဲ့ အီတလီ တို့လို ဖတ်ရခက်တဲ့ ဘာသာစကားတွေနဲ့ ရေးသားထားတာကြောင့် website ကလေး လှပလို့ လှည့်ပတ် ကြည့်ရှုချင်သူတွေရဲ့ မချင့်မရဲ ဖြစ်တဲ့ စိတ်တွေ ပြေပျောက်စေမှာ အသေအချာပါပဲ။

၁၂။ ရုပ်ရှင် ဗီဒီယိုသတင်းတွေကိုလည်း သူသိတယ်။

တလောက ရုံတင်သွားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်ကို သတိရတယ် မဟုတ်လား။ မင်းသားက လူကြမ်းမျက်နှာပေးနဲ့ ငနဲလေး၊ ဒီလို movie သတင်းမျိုး လောက်ကတော့ google အတွက် အသေးအမွှားလေးတွေပေါ့။
၁။ google.com ဟုရိုက်ပါ။
၂။ Movie:Casino Royale ဟု search box မှာရိုက်ပါ။
အဖြေကတော့ ၁၉၆၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ မူလရုပ်ရှင် Casinon Royale ရဲ့ အကြောင်းအရာကိုရော၊ ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒန်ရီရယ်ခရိတ် ပါဝင်တဲ့ ဇာတ်ကားအကြောင်းကိုရော Review တွေတင် ဖတ်ရမှာ မဟုတ်ဘဲ Casino Royale ရဲ့ ကျောရိုးဖြစ်တဲ့ စုံထောက်ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေ အကြောင်းကိုပါ သိရှိရမှာ ဖြစ်ပါတယ်။

၁၃။ ဂီတရဲ့ လျှို့ ဝှက်ချက်တွေလည်းရှိနေတယ်။

google ဟာ ဗီဒီယို ရုပ်ရှုင် တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ သီချင်းဂီတတွေ အတွက်ပါ အသုံးဝင်ပြီး ကျော်ကြားထင်ရှားတဲ့ ဂီတ သမားပေါင်း ထောင်ချီပြီး သူ့ရဲ့ server ထဲမှာ စုပေါင်း သိမ်းဆည်း ထားသလိုပါပဲ။ Search box မှာ လိုချင်တဲ့ အနုပညာရှင်ရဲ့ နာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ မိုက်ကယ်ဂျက်ဆင် ဆိုပါတော့၊ google ကနေ အလွှာသုံးခု၊ အပိုင်းသုံးပိုင်းနဲ့ ခွဲခြားပြီး ပြသပေးပါလိမ့်မယ်။
ပထမပိုင်း (Artists) ဆိုတာကတော့ “Michael Jackson” ဆိုတာကို ရိုက်ပြီး ရှာဖွေခဲ့တဲ့အတွက် “မိုက်ကယ်” နဲ့ “ဂျက်ဆင်” မျိုးနွယ်စုတွေနဲ့ တူညီတဲ့ အမည်နာမရှိတဲ့ အနုပညာရှင်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။
ဒုတိယ (Albums) ကတော့ မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်းခွေတွေ အယ်လ်ဘမ် cover အဖုံးတွေကို ဖော်ပြထားပြီး အဲဒီ အယ်လ်ဘမ်တွေထဲမှာ ဘယ်လို သီချင်းမျိုးတွေ ပါဝင်သလဲ ဆိုတာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။
တတိယ (songs) ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေနဲ့ တည်ရှိနေတဲ့ store တွေရဲ့ တည်နေရာနဲ့ လိပ်စာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အဆိုတော် တစ်ယောက်ရဲ့ သီချင်းခွေတွေနဲ့ နှစ်သက်တဲ့ သီချင်းတွေကို ရှာဖွေကြည့်ဖို့အတွက် keyword ကတော့ “music:” ဖြစ်ပါတယ်။

၁၄။ google စွယ်စုံကျမ်း ဖန်တီးနိုင်ခြင်း။

၁။ firefox browser ကို ဖွင့်ပါ။
၂။ http://www.google.com ရိုက်ပါ။
၃။ Search box မှာ သိချင်တဲ့ စကားလုံး၊ ဥပမာ- ‘hacker’ ကိုရိုက်ပါ။မြင်နေရတဲ့ မြင်ကွင်းဟာ သမရိုးကျ google ရဲ့မြင်ကွင်းပါ။ ဒါကို google နဲ့ wiki တို့ ပူးပေါင်းပေးနိုင်တဲ့ add-ons တစ်ခု လောက် ပေါင်းထည့်ကြည့်ရအောင်။
၎။ tag အသစ်တစ်ခု ခေါ်ပါ။(Ctrl+T)
၅။ ရောက်လာတဲ့ next page မှာ http://add-ons.moxilla.org/firefox/2517 ဟုရိုက်ပါ။
၆။ install Now ကို click နှိပ်ပါ။ (အဲဒီ add-ons ဟာ firefox version 1.5 နှင့် အထက်အတွက် အလုပ်လုပ်နိုင်ပါတယ်။)
၇။ ပေါ်လာတဲ့ box မှာ install Now ကို Click နှိပ်ပါ။
ဂ။ အခုဆိုရင် google pedia ကို install လုပ်နေပါပြီ။

ပြီးရင် အောက်နားမှာ ရှိတဲ့ restart firefox buttom ကို click နှိပ်ပါ။ Firefox ကို restart ပြန်လုပ်ပေးပါလိမ့်မယ်။
၉။ ယခုအခါမှာ Firefox ကို အသစ်ပြန်ခေါ် နိုင်ပါပြီ။

address bar မှာ စမ်းသပ် ကြည့်ရအောင် Http://www.google.com ရိုက်ပါ။
၁၀။ Hacker ဟု search box မှာရိုက်ပါ။
၁၁။ မြင်တွေ့ရမယ့် မြင်ကွင်းဟာ ယခင်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ဘဲ စကားလုံးတစ်ခုကို ရှာဖွေချင်တဲ့ အခါတိုင်းမှာ ဘေးနားကနေ google pedia တစ်ခုကနေ Frame နှစ်ခုခွဲပြီး ဖော်ပြ ပေးတာကို ပိုင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် google ကို ဖွင့်ကြည့်နေရင်းနဲ့မှ wiki ရဲ့ တန်းဖိုးရှိတဲ့ ဖွင့်ဆိုချက်တွေကို ရရှိနိုင်ပါလိမ့်မယ်။

၁၅။ enlarge scripts ပေါင်းထည့်ခြင်း။

၁။ Firefox ကို ခေါ်ပါ။
၂။ images.google.com ဟုရိုက်ပါ။
၃။ Search box မှာ vista ဟု ရိုက်ကြည့်ပါ။
အကြီးအသေး၊ အရွယ်အစား စုံလင်တဲ့ vista စတိုင်လေးများစွာကို
တွေ့ရပါလိမ့်မယ်။ ဒါဟာ သမားရိုးကျ google image ရဲ့ မြင်ကွင်းပါ။

ကြိုးစားကြည့်ရအောင်။ ခန page တွေအားလုံးပြန်ပိတ်လိုက်ပြီး

Firefox အသစ်ပြန်ခေါ်ပါ။
၁။ http://www.grease-pot.net ဟု ရိုက်ပါ။
၂။ ညာဘက်ထောင့်မှာရှိတဲ့ download greasemonkey ကို click

နှိပ်ပြီး install လုပ်ပါ။
၃။ ပြီးရင် နောက်စာမျက်နှာမှာ http://userscript.org ကို ရိုက်ပါ။
၎။ (install လုပ်နည်းနှင့် scripts များသွင်းနည်းကို မေလထုတ်
ကွန်ပျူတာဂျာနယ် မှာ ဖော်ပြခဲ့ဖူးပါတယ်)greasemonkey ရောက်
မရောက်ကို tools>greasemonkey> မှတစ်ဆင့် ကြည့်နိုင်သလို
tool>add-ons များမှ တစ်ဆင့်လည်း ကြည့်နိုင်ပါသည်။
၅။ User script များမှာ ဝင်ခွင့်ရဖို့ အတွက်
a.sign up လုပ်ပြီး register မဖြစ်မနေ လုပ်ရပါလိမ့်မယ်။
b.ယုံကြည်စိတ်ချရတဲ့ website ဖြစ်တဲ့အတွက် gmail အပါအဝင်
standard Mail များကို အသုံးပြုလို့ ရပါတယ်။
c.မှတ်ပုံတင်ဖြည့်၊ ပုံစံသွင်းပြီဆိုလျှင် သင့် Email ထဲကို အတည်ပြု
ခိုင်းတဲ့ စာတစ်စောင်ကို userscripts ရဲ့ admin တွေဆီမှ ပို့လွှတ်
လိုက်ပါလိမ့်မည်။ click နှိပ်ပြီး confirm လုပ်ပေးပါ။
d.သို့မှသာ user scripts ကို ဝင်လို့ရပါလိမ့်မယ်။
၆။ Login form မှာ Email နှင့် password ဖြည့်သွင်းပြီး ဝင်ပါ။
၇။ ပြီးရင် search box မှာ”google enlarge” ဟု ရိုက်ထည့်ပြီး ရှာဖွေပါ။
၈။ ရလာတဲ့ အဖြေမှ install this script ကို click နှိပ်ပြီး install လုပ်ပါ။
၉။ Scripts ဟာ greasemonkey ရဲ့ scripts ဂိုဒေါင်ထဲကို ဝင်ရောက်
သွားပါလိမ့်မည်။
၁၀။ ပြီးရင် browser ကို ပိတ်ပစ်လိုက်ပါ။
၁၁။ ခဏကြာလျှင် Firefox ကို ပြန်ဖွင့်ပါ။
- http://www.google.com ရိုက်ပါ။
- Search box မှာ vista ရိုက်ပါ။
- ရလာတဲ့ scripts ရဲ့ အဖြေဟာ image လှလှလေးများကို

ရှာချင်သူတွေအတွက် တွေ့ရပါမယ်။
Search မြင်ကွင်းမှာ ရှိတဲ့ ပုံသေးသေးလေးတွေကို image size
ချဲ့ ပြီး ထပ်မံပြပေးပါတယ်။

No comments:

Post a Comment