iPhone, iPad, iPod Touch တွေမှာဇော်ဂျီဖောင့်သွင်းနည်း

iPhone, iPad, iPod Touch တွေမှာဇော်ဂျီဖောင့်
*******************************************
ဘယ်လိုသွင်းကြမလဲ၊
*******************
iDevice users အသစ်တွေမသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်။ iPhone ကိုအခုမှစပြီးကိုင်တယ် မြန်မာဖောင့်နဲ့ကီးဘူတ်မထည့်တတ်ကြပါဘူး။ ဒါကြောင့်မြန်မာဖောင့်နဲ့ကီးဘုတ်သွင်းပုံလေးကိုပြောပြလိုက်ပါရစေ။ ပထမဆုံး Apps store ကနေ MyFont နဲ့ TTKeyboard တို့ကိုဒေါင်းယူပါ။ ပြီးရင် MyFont ထဲဝင်ပြီး Zawgyi One ဆိုတာကိုနှိပ်ပြီး Allow လုပ်ပြီး ဖောင့်ကို Install လုပ်ပါ။ မိမိ iDevice မှာ Lockscreen passcode ခံထားပါက lockscreen passcode တောင်းပါကမိမိ lockscreen passcode ဖြည့်ပေးပြီး install လုပ်ပါ။ ပြီးပါက setting > general> keyboards> Add New Keyboard > TTKeyboard> Zawgyi ကို On လိုက်ပါ။ ပြီးပါက အဲ့နေရာက Zawgyi_TTKeyboard ဆိုတာနှိပ်ပြီး Allow Full Access ကို on ပေးရပါမည်။
မိမိ ကီးဘုတ်သုံးပါက ကီးဘူတ်မှာဘယ်ဘက်အောက်နားက ကမ္ဘာလုံးပုံလေးနှိပ်ပြီးကီးဘုတ်ပြောင်းသုံးရပါမည်။ လိုအပ်တဲ့ App ၂ ခုကိုအောက်မှာဒေါင်းယူနိုင်ပါတယ်။


MyFont
https://bit.ly/2MjWUnS 

TTKeyboard
https://bit.ly/2MjWUnS 

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

crd - Myanmar iOS Legend


No comments:

Post a Comment