Mi Max နဲ့ Firmware ပြသနာအကြောင်း

Xiaomi Mi Max ရဲ့ Firmware ပြသနာကိုတော့ တွေ့ကြုံဖူးသူ အတော်ကို နည်းပါလိမ့်မယ်။ မသိတဲ့သူနဲ့ သတိမထားသူ အချို့တော့ ဒီပြသနာကို ကြုံဖူးကြမှာပါ။ Xiaomi က Tablet ထက်သေးပြီး ဖုန်းထက်လည်း ကြီးတဲ့ စကော်စကအရွယ် Mi Max ကို 2016 ခုနှစ် May လထဲမှာ မိတ်ဆက်ခဲ့ပါတယ်။ Display ကြီးမားပြီး Battery အားခံကာ စကော်စက အရွယ်အစားကြောင့် သုံးစွဲသူများ ကြိုက်နှစ်သက်ခဲ့ကြပြီး Redmi Note 3 ပြီးရင် ဝယ်ယူအားပေးမှု့ အခံရဆုံး Xiaomi ဖုန်းလည်း ဖြစ်ခဲ့ပါတယ်။





 ဒါပေမယ့် Xiaomi ဟာ Mi Max ကို Chipset 2 မျိုး Internal Memory အမျိုးမျိုး အပြင် RAM အမျိုးမျိုးနဲ့


ထုတ်လုပ်ခဲ့တာပါ။ Mi Max ကို Internal Memory အနေနဲ့
– 16 GB
– 32 GB
– 64 GB နဲ့
– 128 GB ဆိုပြီး 4 မျိုး ထုတ်လုပ်ခဲ့သလို RAM အနေနဲ့ ဆိုရင်လည်း
– Internal Memory 16 GB မှာ RAM 2 GB
– Internal Memory 32 GB နဲ့ 64 GB မှာ RAM 3 GB
– Internal Memory 128 GB မှာ RAM 4 GB ဆိုပြီး RAM ကို 3 မျိုးခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။




ဒီလို Internal Memory အမျိုးမျိုးနဲ့ RAM အမျိုးမျိုးဖြစ်နေတာက ပြသနာ မဟုတ်သေးပါဘူး။ အဓိက ပြသနာကတော့ Chipset မတူတဲ့အတွက် Firmware မတူညီတာက ပြသနာ ဖြစ်စေတာပါ။ Xiaomi ဟာ Mi Max ကို
– 16 GB, 2 GB RAM နဲ့ 32 GB, 3 GB RAM အလုံးတွေမှာ Snapdragon 650 Chipset ကို အသုံးပြုထားပြီး
– 64 GB, 3 GB RAM နဲ့ 128 GB, 4 GB RAM အလုံးတွေမှာတော့ Snapdragon 652 Chipset ကို အသုံးပြုထားပါတယ်။
(Xiaomi Fans တွေက 16 GB နဲ့ 32 GB ကို “အကိတ်လေး” လို့ ခေါ်ကြပြီး 64 GB နဲ့ 128 GB ကိုတော့ “အကိတ်ကြီး” လို့ နာမည်ပြောင် ပေးထားကြပါသေးတယ်။)




ဒီလို Chipset မတူတာကြောင့် Model တူပေမယ့် Firmware (ROM) File မတူညီပါဘူး။ Xiaomi ကတော့ 16 GB နဲ့ 32 GB ကို Mi Max လို့ အမည်ပေးထားပြီးတော့ 64 GB နဲ့ 128 GB ကိုတော့ Mi Max Pro (Prime) လို့ အမည်ပေးထားပါတယ်။ ဒါပေမယ့်လည်း ဖုန်းရဲ့ ဘူးခွံပေါ်မှာက ဘယ် အမျိုးအစားကိုမဆို Mi Max လို့ပဲ ရေးထားတာကြောင့် အချို့ MIUI Update ကို Website ကနေ Download ရယူတဲ့အခါ ၊ Xiaomi ကို မကျွမ်းကျင်တဲ့ Service ကို Firmware တင်ခိုင်းတဲ့အခါမှာ Mi Max ရဲ့ Firmware 2 မျိုးရှိပြီး ကွာခြားမှု့ ရှိနေတာကို သတိမပြုမိပဲ တွေ့ရာ Mi Max ရဲ့ Firmware နဲ့ တင်လိုက်တဲ့အခါမှာ ဖုန်းဟာ Soft Brick ဖြစ်ပြီး Dead သွားသည်အထိ ဖြစ်နိုင်ပါတယ်။




ဒါကြောင့်မို့ Mi Max ကို Firmware တင်ရင် ဖြစ်ဖြစ် ၊ MIUI Update ကို Website ကနေ Download ရယူတဲ့အခါဖြစ်ဖြစ် သတိပြုပြီး ပြုလုပ်စေလိုပါတယ်။ Firmware Codename အနေနဲ့လည်း
– Mi MAX (16 GB/ 32GB) ကို Hydrogen လို့ အမည်ပေးထားပြီး
– Mi MAX Pro (64 GB/ 128 GB) ကို Helium လို့ အမည်ပေးထားပါတယ်။
Nyan Min Htet ( m-Tech Box )

No comments:

Post a Comment