SSD အ​ကြောင်းသိ​ကောင်းစရာ

ကွန်ပြူတာတွေမှာ SSD Card ကိုဘာကြောင့်တပ်ဆင်ပြီးအသုံးပြုလာကြတာလဲ..?
လွယ်လွယ်ပြောရရင်တော့ ကွန်ပြူတာကိုလက်ရှိအသုံးပြုနေတာထက် ပိုပြီးမြန်ဆန်ချင်လို့ပါ...
Window အပိတ်အဖွင့်၊ Software အပိတ်အဖွင့် နဲ့ Data အကူးအပြောင်း အစရှိသဖြင့်ဒီလိုမျိုးခိုင်းစေမှုတွေပြုလုပ်တဲ့အခါမှာ Loading အရမ်းကြာနေတာမျိုးတွေကိုကြုံတွေ့ဖူးကြမှာပေါ့...
ဟုတ်ကဲ့ပါ... အဓိကအားဖြင့်တော့ SSD က ဒီလိုပြသနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ SSD ဟာ HDD (Hardisk) ထက် Read/Write Speed ပိုပြီးမြန်ဆန်လို့ပါ။
သူက ဘာ့ကြောင့် HDD ထက် Read/Write Speed ပိုမြန်ရတာလဲ..? ဒါကိုတော့ဆက်ဖက်ကြည့်ရအောင်...
ဒေတာတစ်ခုကို ဖက်ရှုဖို့အတွက် HDD က Disk ပြားတွေပေါ်မှာ မောင်းနှင်တံတစ်ခုနဲ့လည်ပတ်ပြီး ဒေတာတွေကို ဖက်ရှုခြင်း၊ သိမ်းဆည်းခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ SSD ကတော့ Circuit Plate ပေါ်မှာ Electronic Current တစ်ခုအနေနဲ့အလုပ်လုပ်ပြီး ဒေတာတွေကို ဖက်ရှုခြင်း၊ သိမ်းဆည်းခြင်းလုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။ ဒါကြောင့် SSD က HDD ထက်ပိုပြီးမြန်ဆန်တာပါ။
အဲ့ဒီအတွက်လည်း အခုနောက်ပိုင်းမှာ ကွန်ပြူတာသမားတွေက မိမိတို့ရဲ့ Moterboard ဒါမှမဟုတ် Laptop တွေရဲ့အထဲမှာ SSD Card ကို ထပ်စိုက်ပြီးအသုံးပြုလာကြတာပဲဖြစ်ပါတယ်။

digiware.com.mm/?fref=mentions  မှကူးယူ​ဖော်​ပြခြင်းဖြစ်​ပါသည်

No comments:

Post a Comment