WIFI ,BLUETOOTH အကြောင်းလေးပါ။



ဒီနေ့ တော့ဘာမှလုပ်လို့ အဆင်မပြေတဲ့အတူတူညီလေးတွေဗဟုသုတရမယ့်အကြောင်းလေး
တစ်ခုခုရေးတာပဲကောင်းမယ်။ဘာရေးရင်ကောင်းမလဲ။
အော်သိပြီဟိုနေ့ က group ထဲမှာညီလေးတစ်ယောက်မေးထားတဲ့အကြောင်းလေးရေးမယ်။
WIFI ,BLUETOOTH အကြောင်းလေးပါ။
ကျွန်တော်တို့ ကက်စက်လေးတွေစပြင်ခါစက မိုနိဟက်လို့ ခေါ်တဲ့အသံစံနစ်တခြမ်းထဲထွက်တဲ့
တိတ်ခွေစက်လေးတွေပေါ့။အဲနဲနဲကြာလာတော့အသံစနစ်နှစ်ခုပေါင်းထားတဲ့
STEREO ကက်စက်တွေပေါ်လာတယ်။နောက်တဖြည်းဖြည်းနဲ့ စီဒီပလေယာတွေပေါ်လာတယ်
အသံစနစ်နဲ့ ပတ်သက်ပြီး HIFI ဆိုတာပေါ်လာတယ်။နောက် surround sound ဆို တဲ့ပတ်လည်ပြေး
အသံစနစ်တွေပေါ်လာတယ်။နောက်ကွန်ပြူတာတွေပြင်တော့ WIFI တွေ Bluetooth တွေပေါ်လာပြန်ရော
ခုနောက်ဆုံးဖုန်းလောကထဲရောက်လာတော့တစ်ချိန်ကမြင်ခဲ့သိခဲ့ကြားခဲ့တာလေးတွေက
တော်တော်တန်ဖိုးရှိပါတယ်။
Bluetooth နည်းပညာကို 1994 ခုမှာ Ericsson ကစတင်တည်ထွင်ခဲ့တာပါ။ နောက်ပိုင်းမှာ
မိုဘိုင်းဖုန်းထုပ်လုပ်တဲ့အဖွဲ့ တွေရယ်၊ကွန်ပြူတာနဲ့ ကျမ္မာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းတွေ
ထုပ်တဲ့အဖွဲ့ တွေပါပူးပေါင်းပြီး —Ericsson, Intel, Nokia, Toshiba and IBM အစရှိတဲ့အဖွဲတွေပါဝင်တဲ့
Special Interest Group (SIG) ကိုဖွဲ့ စည်းခဲ့ကြပါတယ်။
ခုချိန်မှာတော့ Bluetooth devices ပေါင်းသန်းနဲ့ ချီပြီးထုပ်လုပ်ခဲ့ ကြပါပြီ။
တကယ်တော့ Bluetooth ဆိုတာ radio wave ကိုအခြေခံပြီးအလုပ်လုပ်တာပါ။
FM ဆိုတာတော့လူတိုင်းသိမှာပါ။ TV တွေရဲ့ အသံလိုင်းကိုဒီ FM လိုင်းကနေအခြေံပြီး
တစ်နေရာနဲ့တစ်နေ၇ာကိုထုတ်လွင့်သယ်ဆောင်ကြတာပါ၊မိုင်ပေါင်းများစွာကိုအသံနဲ့ 
ပတ်သက်တဲ့ ဒေတာတွေပို့ ဆောင်ပေးနိင်ပါတယ်။
Bluetooth waves ကတော့ “PAN” လို့ ခေါ်တဲ့Personal Area Network အတွင်းမှာပဲ
device တစ်ခုနဲ့ တစ်ခုချိတ်ဆက်နိင်ပါတယ်။သီအိုရီအရ ၁၀၀မီတာလို့ သတ်မှတ်ကြပါတယ်။
Bluetooth ရဲ့အားသာချက်ကတော့ user data တော်တော်များများကို တစ်ခုနဲ့ တစ်ခု
wireless ချိတ်ဆက်နိင်တာပဲဖြစ်ပါတယ်။ share voice, data, music, photos, videos
စတာတွေအပြင်သိပ္ပံနဲ့ နည်းပညာဆိုင်ရာစမ်းသပ်ချက်တွေ၊ဆေးဖက်ဆိုင်ရာရောဂါရှာဖွေရေး
စက်တွေကွန်ပြူတာနဲ့ ကော်ပီယာစက်တွေမှာဒေတာအပြောင်းအရွှေ့ အတွက်
Bluetooth နည်းပညာကိုအသုံးပြုကြပါတယ်။
အခုနောက်ဆုံးစမတ်ဖုန်းတွေမှာသုံးတဲ့ version ကတော့ 4.0 ထိရောက်နေပါပြီ။
ကျွန်တော်တို့ အများဆုံးထိတွေ့ နေရတဲ့ Bluetooth version ကတော့ 2.0 ပါ။
BROADCOM နဲ့ ATHEROS ကုမ္ပဏီတွေကထုတ်တဲ့ wifi,Bluetooth ic တွေအသုံးများပါတယ်။
BROADCOM BCM 4329E ဆိုရင်wifi နဲ့ bluetooth ကိုတစ်လုံးထဲမှာပေါင်းထည့်ထားပါတယ်။
HUAWEI,SAMSUNG,IOS, ဖုန်းတွေမှာလဲတွေ့ ရပါတယ်။
ATHEROS 6005G IC လေးတွေကတော့ wifi သီးသန့် ပါ။PM 8025 လို့ ရေးထားတာက
Bluetooth ic ပါ။ HUAWEI 8813,510,520, အစရှိတဲ့မော်ဒယ်တွေမှာ wifi နဲ့  Bluetooth ကို
သပ်သပ်စီသုံးကြပါတယ်။
huawei တွေမှာ sleep mode error လို့ ဆရာတွေပြောကြတဲ့၊သူ့ ဘာသူပါဝါပြန်ပြန်ပိတ်
သွားတဲ့ အခါ၊ wifi ic ATHEROS လို့ ရေးထားတဲ့အိုင်စီလေးကိုဖြုတ်လဲပေးရပါတယ်။တစ်ခါတစ်ရံ
TOUCH မရတဲ့အခါ Bluetooth ic PM8025 ကိုဖြုတ်လိုက်ရင်ကောင်းသွားတတ်ပါတယ်။
WIFI ကလဲထိုနည်းလည်းကောင်းပါပဲသူကတော့၊INTERNET နဲ့ ချိတ်ဆက်ပြီးတစ်ကမ္ဘာလုံး
ဆက်သွယ်နိင်အောင်လုပ်ပေးတဲ့နည်းပညာပါ။ wifi host post တစ်ခုကနေ လွင့်ထားတဲ့
internet access ကိုတစ်ဦးတစ်ယောက်ထက်မက ချိတ်ဆက်သုံးစွဲတဲ့နည်းပါ။သူ့ မှာ
Access Point Name ဆိုတာရှိပါတယ်။


 Credit to >>>Ko Aung

No comments:

Post a Comment