Android Phone ဆီကနေ command ရိုက်ပြီး Full System Backup ထုတ်တဲ့နည်းနှင့် ပြန်သွင်းနည်း

Android Phone ဆီကနေ command ရိုက်ပြီး Full System Backup ထုတ်တဲ့နည်းနှင့် ပြန်သွင်းတဲ့နည်းပါ
The Adb Backup Command
&
The Adb Restore Command
Command လိုင်းကို စိတ်အားထက်သန်
သူတွေအတွက် ရည်ရွယ်ပါတယ်။ လေ့လာဖို့အတွက်
adb command အခြေခံသဘောတရားလေးတော့
သဘောပေါက်ထားဖို့ လိုပါမယ်။
adb backup command ဆိုတာ android ဖုန်းတစ်လုံးဆီကနေ ကျွန်တော်တို့ရဲ့data တွေကို
command တစ်ကြောင်းထဲရိုက်ပြီး Computer ဆီကို Backup ထုတ်တဲ့နေရာမှာ အသုံးပြုတဲ့ Commandပါ။
အောက်က code လေးတွေက adb backup command ကိုအသုံးပြုတဲ့အခါ လုပ်ဆောင်နိုင်တဲ့
လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။


adb backup [-f <file>] [-apk|-noapk] [-shared|-noshared] [-all] [-system|nosystem] [<packages...>
ကျွန်တော်တို့က
အားလုံးကို တစ်ပြိုင်ထဲမသွားပဲ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ပုံကို တစ်လှမ်းချင်းပဲ လေ့လာသွားကြတာပေါ့။
ပထမခြေလှမ်းအနေနဲ့ အောက်ပါ command လေးနဲ့
စတင်လိုက်ရအောင်ဗျ
>>adb backup -all
-all ဆိုတာက အားလုံးကို ရည်ညွှန်းတာပါ
adb backup -all ဆိုတော့ အားလုံးကို backup ထုတ်မယ်ပေါ့။
ဒီ command လေးခေါက်လိုက်တာနဲ့ မိတ်ဆွေတို့
ဖုန်း Screen မှာ Backup လုပ်မလား မလုပ်ဘူးလား
တစ်ချက်လာမေးပါလိမ့်မယ်။
မိတ်ဆွေဖက်က
Backup လုပ်မယ်လို့ပြောလိုက်တာနဲ့ သူ Backup
စဆွဲပါလိမ့်မယ်။ ပြီးသွားတာနဲ့ ကျွန်တော်တို့ရဲ့ Adb folder ပတ်လမ်းကြောင်းထဲမှာ Backup.ab ဆိုတဲ့
နာမည်နဲ့ backup file လေး
တွေ့မြင်ရမှာဖြစ်ပါတယ်။
(( ဒီနေရာမှာ ကြိုပြောချင်တာကတော့ -all ရဲ့ အဓိပ္ပါယ်ကို ပုံသေမသတ်မှတ်စေချင်သေးပါဘူး
အောက်သင်္ခန်းစာမှာ ထပ်ရှင်းမှာပါ))
နောက်ထပ် ခြေလှမ်းတစ်ခုအနေနဲ့
အောက်မှာပေးထားတဲ့ Command လေးနဲ့ စတင်လိုက်ကြရအောင်ပါ
>> >adb backup -all -f C:/example.ab
ခုနကပဲ ကျွန်တော်တို့တွေ -all ကို အတူတူလေ့လာခဲ့ကြပါတယ်။
အခု -all အပြင် -f လေးပါ ပါလာပါတယ်။
-f ကို ဖိုင်လမ်းကြောင်းအတိအကျ ညွှန်ချင်တဲ့အခါ အသုံးပြုတယ်လို့ သတ်မှတ်ပေးထားပါ။
ကျွန်တော်တို့ ထုတ်မဲ့ backup ဖိုင်လေးကို
computer ရဲ့ ဘယ်နေရာမှာ သွားနေပါလို့
အတိအကျပြောချင်တဲ့အခါ မျိုးမှာသုံးတာပါ။
ပိုရှင်းသွားအောင်
အပေါ်က ပေးထားတဲ့ command လေးကို
တစ်ချက်ပြန်သုံးသပ်ကြည့်ကြတာပေါ့။
>>>adb backup -all -f C:/example.ab
ခုနက ပုံစံနဲ့ မကွာပါဘူး backup fileရဲ့ လမ်းကြောင်းကို C:/example.ab ဆိုပြီး
နေရာအတိအကျသတ်မှတ်ပေးလိုက်တာလေးပဲ
ကွာသွားပါတယ်။ C: မှမဟုတ်ပါဘူး မိမိကြိုက်နှစ်သက်ရာနေရာတစ်ခုကို သတ်မှတ်ပေးလို့ရပါတယ်။
-f ကို backup fileရဲ့ Name ပေးချင်တဲ့အခါမှာလဲ
ပဲ သုံးလို့ရပါသေးတယ်။
တတိယခြေလှမ်းအနေနဲ့ ဒီ Command လေးကို
ထပ်ပြီးလေ့လာကြည့်ပါ။
>>>adb backup -apk -all -f C:/example.db
-apk လေးပိုလာပါတယ်။ သူ့ရဲ့ အဓိပ္ပါယ်က
Apk တွေကိုပါ backup လုပ်မယ်လို့ ဆိုလိုတာပါ။
-apk ရယ် -noapk ရယ်လို့ နှစ်မျိုးရှိတာပါ။
-apkက Apkတွေပါထုတ်မယ်။
-noapk ဆိုတာကတော့ Apk တွေကို မထုတ်ဘူးလို့
သတ်မှတ်ပေးတဲ့ နေရာမှာ အသုံးပြုတာပါ။
မိတ်ဆွေရဲ့အခြေအနေကိုမူတည်ပြီး မိတ်ဆွေကြိုက်ရာကို ရွေးချယ်ပါ။
မိတ်ဆွေက Apk တွေကို အလိုရှိနေသေးရင်
-apkလို့ သတ်မှတ်ပြီး ထုတ်ရမှာပါ။
နှစ်ခုလုံးမသတ်မှတ်ထားဘူးဆိုရင်
Apk တွေကို ဆွဲထုတ်ပေးမှာမဟုတ်ပါဘူး။
Defaultက -noapk ဖြစ်နေလို့ပါ။
နောက်ထပ်ခြေလမ်းတစ်လှမ်းထပ်သွားကြရအောင်ပါ
>>>adb backup -apk -shared -all - f C:/example.ab
--shared လေးပိုလာပါတယ်။
-shared မှာလဲ -shared နဲ့ -noshared ဆိုပြီး
ရှိပါတယ်။
-shared ဆိုတာက Sdcard contents တွေကိုပါ ဆွဲထုတ်မယ်လို့ဆိုလိုတာပါ။
-noshared ဆိုတာက မထုတ်ဘူးပေါ့။
ဘာကိုမှမသတ်မှတ်ထားပေးရင် သူ့အနေနဲ့က
-noshared အဖြစ်သတ်မှတ်သွားမှာပါ။
နောက်ထပ် ထပ်ကြည့်ပါ
>>> adb backup -apk -shared -nosystem
-f C:/example.ab
-nosystem လေးပိုလာပါတယ်။
-nosystem နဲ့ -system ဆိုပြီး
ရှိပါသေးတယ်။
-nosystem ဆိုတာက System App data တွေကို Backup မလုပ်ဘူးလို့ဆိုလိုတာပါ။
-system ဆိုတာက system app data တွေကိုပါ
Backup လုပ်ပါလို့ပြောတာပါ။
နှစ်ခုလုံးကို မသတ်မှတ်ထားရင်တော့ -systemကိုပဲ
သတ်မှတ်သွားမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့
packages ပါ
ဒါကတော့ ကျွန်တော်တို့အသုံးပြုတဲ့ Application တွေရဲ့ Data တွေကိုပါထုတ်မယ်ဆိုတဲ့သဘောပါ။
အားလုံးကိုဆွဲထုတ်နိုင်သလို မိမိလိုချင်တဲ့ Appရဲ့ dataတွေကိုပဲ ရွေးချယ်ပြီးလဲ ထုတ်နိုင်ပါတယ်။
ကျွန်တော် ထုတ်လိုက်တဲ့ ပုံစံကတော့
adb backup -noapk -noshared -nosystem -all ဆိုပြီးထုတ်ချလိုက်တာပါ။
The Adb Restore Command
adb reatore command ကတော့ လွယ်ပါတယ်
သူက ပြန်သွင်းတဲ့အခါမှာသုံးပါတယ်။
သူလဲ တစ်ကြောင်းထဲပဲရိုက်လို့ရပါတယ်၊ အောက်က
ပုံစံကို လေ့လာကြည့်လိုက်ပါ။
adb restore example.ab

Credit#####

No comments:

Post a Comment