သီချင်းတစ်ပုဒ်က သီချင်းအသံကိုဖျောက်ပြီး တီးလုံးအသံကိုပဲ ယူနည်း

သီချင်းတစ်ပုဒ်က သီချင်းအသံကိုဖျောက်ပြီး တီးလုံးအသံကိုပဲ ယူမယ်..။
ဒီနေ့ သူငယ်ချင်းတွေ စိတ်ဝင်စားမယ် လိုအပ်မယ် သိချင်ကြမယ်လို့ ထင်တဲ့ နည်းပညာလေး တစ်ခု ရေးတင်လိုက်ပါတယ်...
ကျွန်တော်ကိုယ်တိုင်လည်း ကွန်ပျူတာနဲ့ Video Edit တစ်ခုလုပ်တဲ့နေရာမှာ သီချင်းအသံကိုဖျောက် တီးလုံး အသုံးပဲ လိုချင်တာ အဲ့အတွက် Software လိုက်ရှာတာ ရှာမရဘူး ( ပိုက်ဆံပေးဝယ်ပြီး လုပ်လို့ရတဲ့ Software ရှိရင်လည်း ရှိမှာပေါ့လေ ) ဒါပေမဲ့ ကျွန်တော်က အကုန်ကျမခံပဲ လုပ်လို့ရတဲ့ နည်းတော့ရှိမှာပဲရအောင်လုပ်မယ်ကွာဆိုပြီး လုပ်လိုက်တာ အဆင်ပြေသွားတယ် ကျွန်တော့်လိုပဲ သူငယ်ချင်းတွေ လိုအပ်မယ်လို့ထင်တယ်

ဒီနေရာမှာ အသုံးပြုထားတဲ့ Software နှစ်ခုရှိပါတယ် ... video recorder Software နဲ့ Format Software ဒီနှစ်ခုကို သုံးထားပါတယ် ( ကျွန်တော်ကတော့ video recorder Software အတွက် FastStone Capture ကိုသုံးထားပြီး Format အတွက် Format Factory Software ကို အသုံးပြုထားပါတယ် သူငယ်ချင်းတို့က အဆင်ပြေတဲ့ Software ကို အသုံးပြုလို့ရပါတယ် )



၁။ ပထမဆုံး သီချင်းကို မဖွင့်ခင် ကွန်ပျူတာမှာ video recorder Software ကိုဖွင့်ပြီး အသံဖမ်းထားလိုက်ပါ ( အသံဖမ်းထားဖို့အတွက် သူငယ်ချင်းတို့ အခန်းက အလုံပိတ်အခန်းဆို အကောင်းဆုံးပါပဲ ဘာလို့လဲဆိုတော့ recorder က အသံအားလုံးကို လိုက်ဖမ်းတဲ့ အတွက် ကြားသမျှ အသုံကို လိုက်ဖမ်းမှာပါပဲ နောက်တစ်ခု သူငယ်ချင်းတို့ အခန်းမှာ aircon တို့ လေပန်ကာတို့ ဖွင့်ထားရင်လည်း ပိတ်ထားလိုက်ပါ အဲ့ဒါတွေဖွင့်ထားရင် အသံဖမ်းတာ ရှင်းမှာ မဟုတ်ပါဘူး )
၂။သူငယ်ချင်းတို့ Edit လုပ်လိုတဲ့ သီချင်းကို ..VLC Player နဲ့ ဖွင့်လိုက်ပါ ပြီးလို့ရှိရင် ဘေဘက်အပေါ်နားက Audio ဆိုတာကို နှိပ်ပြီး Stereo Mode ကို နှိပ်လိုက်ရင် ဘေးနားမှာ Stereo Left Right Reverse stereo ဆိုပြီး စာကြောင်း လေးခုပေါ်လာပါမယ် အဲ့လေးခုထဲက Left ကို နှိပ်ပေးလိုက်ပါ ( တစ်ချို့ သီချင်းတွေက Left အစာျးRight ထားပေးမှ အဆင်ပြေပါတယ် လုပ်ကြည့်ပေါ့ ) ဒါပြီးသွားရင် သီချင်းက တီးလုံးအသံပဲလာပြီး သီချင်း အသံပျောက်သွားပါလိမ့်မယ် အဲ့အတိုင်းထားပြီး သီချင်းကို ဆုံးအောင် recorder ဖမ်းထားလိုက်ပါ ပြီးသွားရင် သီချင်းကို သီချင်းသံဖျောက်ပြီး recorder လုပ်တဲ့အပိုင်းပြီးသွားပါပြီ။
၃။ နောက်ဆုံး တစ်ခု အနေနဲ့ကတော့ အစောက recorder လုပ်ထားတဲ့ သီချင်းကို Format Factory Software နဲ့ လိုအပ်သလို ဖြတ်+ညှတ် Format ပြောင်းပေးလိုက်ပါ။ ( Format Factory Software နဲ ဖြတ်+ညှတ် Format လုပ်တာတော့ထည့်မရေးတော့ပါဘူး အားလုံးလုပ်တတ်မယ်လို့ထင်ပါတယ်)
အားလုံးပြီးသွားရင်တော့ သူငယ်ချင်းတို့ လိုချင်တဲ့ သီချင်းကို သီချင်းသံဖျောက်ပြီး တီးလုံးသံ သက်သက်နဲ့ ရရှိသွားပါပြီ အားလုံး လုပ်တတ်မယ်လို့ထင်ပါတယ်

Crd:နတ်သားလေး

No comments:

Post a Comment