Computer မှာ 32-bit Processor နှင့် 64-bit Processor ဘယ်လိုကွာလဲ ဆိုတော့ ........

- 32-bit Processor နှင့် 64-bit Processor ဘယ်လိုကွာ

CPU အတွင်းမှာ internal data bus လို့ခေါ်တဲ့ processor အတွင်းပိုင်းမှာ data တွေတစ်နေရာနဲ့ တစ်နေရာပေးဖို့ဖလှယ်ပေးတဲ့ data carrier (ဒီနေရာမှာတော့ bus) တစ်ခုရှိပါတယ်။ ဒီ internal data bus ပေါ်မူတည်ပြီး တစ်ကြိမ်မှာ data ပမာဏ ဘယ်လောက်သယ်ယူဖြတ်သန်းနိုင်မလဲဆိုတာ register size ပေါ်မူတည်ပါတယ်။ ယနေ့ CPU တွေမှာ 32-bit နှင့် 64-bitဆိုပြီး register size ၂ မျိုးရှိပါတယ်။ 32-bit register ကိုသုံးသော CPU များကို 32-bit CPU များဟုခေါ်ပြီး 64-bit register ကိုသုံးသော CPU များကို 64-bit register လို့ခေါ်ပါတယ်။
Intel မှထုတ်လုပ်သော 386 မှစပြီး Pentium 4 processor များထိတိုင်အောင်အတွင်းမှာ 32-bit register ကိုသာ အသုံးပြုတည်ဆောက်ပါတယ်။ သည့်အတွက် 32-bit processor တပ်ဆင်ထားသော computer များတွင် 32-bit Windows OS နှင့် application များကိုသာ install လုပ်ပြီးသုံးနိုင်ပါတယ်။ 64-bit OS နှင့်


application များကို install လုပ်လို့မရပါဘူး။ Intel ရဲ့ Core2 ၊ AMD-Athlon 60 မှစပြီး နောက်ပိုင်း processor များမှာတော့ 32-bit နှင့် 64-bit register ၂ မျိုးလုံးပါရှိသည့်အတွက် 32-bit OS ပဲဖြစ်ဖြစ် 64-bit OS ပဲဖြစ်ဖြစ် နှစ်သက်ရာကို ရွေးချယ်အသုံးပြုလို့ရပါတယ်။
- 32-bit Windows နှင့် 64-bit Windows ဘယ်လိုကွာ
64-bit processor ကိုသုံးပြီး စွမ်းရည်အပြည့် အလုပ်လုပ်နိုင်စေရန် 64-bit Windows နှင့် 64-bit driver များကိုလိုအပ်လာပါတယ်။ ၂၀၀၅ ခုနှစ်ကနေစပြီး Microsoft မှ Windows XP 64-bit ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Application ပိုင်းအနေနှင့်ကတော့ 32-bit application တို့သည် 64-bit Windows မှာကောင်းစွာ အလုပ်လုပ်နိုင်တဲ့အတွက် အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအခါတုန်းက အသုံးပြုနေသည့် 32-bit Windows အတွက်ရေးထားသော 32-bit driver တို့ကို 64-bit Windows မှာသုံးမရသလို 64-bit အတွက်ရေးထားသော driver တို့ကို 32-bit Windows မှာလည်းသုံးမရပါဘူး။
နောက်ပိုင်းမှ ပစ္စည်းထုတ်ရောင်းချသူတွေက ပစ္စည်းသစ်တစ်မျိုးထုတ်တိုင်း 32-bit OS နှင့် 64-bit OS အတွက်ဆိုပြီး driver ၂ မျိုးကိုတွဲထုတ်ပေးပါတယ်။ သည့်အတွက် ၂၀၀၉ တွင် Windows 7 ထွက်လာတဲ့အချိန်မှာတော့ 32bit အတွက်ကော 64bit အတွက်ပါ driver တော်တော်များများ အဆင်သင့်ရှိနေနှင့်ပြီ ဖြစ်ပါတယ်။ ၄င်း 64bit edition ဖြင့် 64bit processor (x86-64PC) များတွင် အသုံးပြုမည်ဆိုပါက 3D Game များ ၊ Graphic ၊ Animation နှင့် အခြား 64bit application များကို ပိုမိုမြန်ဆန်အောင် လုပ်နိုင်ကြသည့်အတွက် 64bit processor များနှင့်အတူ 64bit edition အသုံးပြုမှုတွင် ကျယ်လာနေပြီဖြစ်ပါတယ်။ 32bit နှင့် 64bit တို့ရဲ့ နောက်ထပ်ထူးခြားချက်က memory capacity ဘယ်လောက်ထိ support လုပ်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ 32bit Windows တို့အမြင့်ဆုံး support လုပ်နိုင်သည့် ပမာဏသည် 4GB အထိသာဖြစ်ပါတယ်။ သဘောကတော့ computer မှာ RAM တို့ကို 4GB ထက်ကျော်လွန်အောင် တပ်ဆင်ပြီး အသုံးပြုလို့မရပါ။ 64bit Windows တို့ရဲ့ယနေ့အမြင့်ဆုံး support လုပ်နိုင်သောပမာဏမှာ 192GB ထိဖြစ်ပါတယ်။ Windows version ပေါ်လည်း မူတည်ပါတယ်။ မည်သို့ပင်ဖြစ်စေ computer မှာ RAM ပမာဏကို 4GB ထက်ကျော်လွန်အောင် တပ်ဆင်အသုံးပြုချင်တယ်ဆိုရင် 64bit Windows တစ်ခုကို မဖြစ်မနေအသုံးပြုရမှာဖြစ်သလို motherboard ပေါ်က chipset ကလည်း memory ပမာဏကို 4GB ထက်ကျော်လွန်အောင် (ဥပမာ- 8GB) support လုပ်နိုင်သော chipset မျိုးဖြစ်ဖို့လည်း လိုပါတယ်။
အခုဆိုရင် စာဖတ်သူတို့အနေနဲ့ 32bit/64bit processor တွေအကြောင်းနဲ့ 32bit/64bit Windows အကြောင်းကို သိရှိသွားပြီထင်ပါတယ်နော်။
- Register ဆိုတာလဲ သိထားဖို့ လိုတယ်ဗျ
တစ်ကယ်တော့ Register ဆိုတာ CPU (Central Processing Unit) or Processor အတွင်းမှာရှိတဲ့ စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Processor မှလက်ရှိ execute လုပ်ဖို့လိုအပ်တဲ့ data များ ၊ instruction များကို ထည့်ထားရာနေရာဖြစ်သည့်အတွက် register လို့ဆိုလိုက်တာနဲ့ CPU ထဲက memory ဧရိယာတစ်ခုလို့ သိထားရပါမယ်။ သဘောတရားအားဖြင့် computer ကသုံးတဲ့ memory အမျိုးအစား (Cache Memory, Main Memory - DDR2, DDR3) အားလုံးထဲမှာမှ speed အမြန်ဆုံးနှင့် အသေးငယ်ဆုံး အမျိုးအစားဖြစ်ပါတယ်။

Credit: Original Aurthor

No comments:

Post a Comment