(1)User Account Picture ပြောင်းနည်း
(2)User Account ပုံအဟောင်းတွေ ဖျက်နည်း
(3)Default Account Picture Reset/Restore လုပ်နည်း
(4)Current User Account ပုံကို Login Screen မှ ဖျောက်၊ Remove လုပ်နည်း
ကွန်ပျူတာ User Account Picture အကြောင်းနဲ့  စိမ်းနေသူတွေအတွက် User Account Picture အသုံးပြူနည်းတွေ ဖော်ပြပေးလိုက်တယ်နော်။
(1)User Account Picture ပြောင်းနည်း
User Account Picture ပြောင်းတာကတော့ အလွယ်လေးပါ။
အားလုံးလုပ်တတ်မယ်ထင်ပါတယ်နော်။ Control Panel\All Control Panel
Items\User Accounts\Change Your Picture ထဲဝင်ပါ။ Search box မှာ change
user account picture ရိုက်ရှာပြီးဝင်လည်းရတယ်။ Shortcut key နဲ
့ဝင်ချင်ရင် Windows Key နဲ့ I ကိုတွဲနှိပ်။ Run box မှာဆိုရင်
(ms-settings:) Enter နှိပ်၊ Command line အသုံးပြုတာကို
နှစ်သက်သူဆိုရင်တော့ cmd မှာ (start ms-settings:) ကိုရိုက်ထည့်ပြီး
Account ကိုနှိပ်ဝင်လိုက်ပါ။ မိမိဝင်တတ်သလို ၀င်လို့ ရတယ်နော်။ Change your
picture အောက်မှာ မိမိကြိုက်တဲ့ပုံကို ကွန်ပျူတာထဲကနေ Browse လုပ်ပြီး
ပြောင်းလို့ ရတယ်နော်။
(2)User Account ပုံအဟောင်းတွေ ဖျက်နည်း
ကျွန်တော်တို့ Windows 8,10 တွေမှာ Account Picture ကိုမကြိုက်လို
့ခဏခဏပြောင်းနေရင် ပုံအဟောင်းတွေက Your Picture ရဲ့ ဘေးမှာ
အကုန်ပေါ်နေတတ်ပါတယ်။ အဲ့ဒီပုံအဟောင်းတွေကို မကြိုက်တော့လို့ ဖျက်လိုက်တယ်၊
တစ်ခြားပုံပြောင်းလိုက်တယ်ဆိုမှ ပြန်မြင်နေရတာ တော်တော်ကို
စိတ်ကသိကအောက်ဖြစ်ဖူးကြမှာပါ။ အဲ့ဒီပုံအဟောင်းတွေကို ဖျက်ပစ်ချင်ရင်တော့
C:\Users\username\AppData\Roaming\Microsoft\Windows\AccountPictures
ထဲကို တစ်ဆင့်ချင်းဝင်သွားပါ။ ဒီနေရာမှာ တစ်ခုရှိတာက C:\Users\username
ထဲဝင်ပြီးသွားပြီး AppData ကို မတွေ့ ရင်တော့ Hidden လုပ်ထားလို့ ပါ။
Windows 8,10 သမားတွေဆိုရင် အပေါ်ဆုံးက Menu bar ပေါ်က View ထဲဝင်ပြီး
အပေါ်ညာဘက်ခြမ်းမှာ Hidden Items ကို အမှန်ခြစ်ပေးလိုက်ပါ။ Windows 7
သမားတွေ ဆိုရင် Folder Options- View ထဲက Show Hidden Files,Folders,and
Drives ကို အမှန်ခြစ်ပေး၊ Ok နှိပ်လိုက်ပါ။ အဲ့တာဆိုရင် ခုနက AppData
ဆိုတာကို အ၀ါရောင်မိန်မိန်လေးနဲ့ တွေ့ ရမှာပါ။
C:\Users\username\AppData\Roaming\Microsoft\Windows\AccountPictures
ရောက်ရင် ကိုယ်ပြောင်းခဲ့တဲ့ပုံတွေ တွေ့ ရမယ်။ မကြိုက်ရင် အကုန်သာ delete
လုပ်လိုက်ပါ။
(3)Default Account Picture Reset/Restore လုပ်နည်း
ကွန်ပျူတာမှာ User account picture ထည့်တုန်းကထည့်ထားပြီး
စိတ်ပြောင်းသွားလို့ ဘာပုံမှ ထည့်မထားချင်တော့ဘူး၊
အခုရှိထည့်ထားတဲ့ပုံကိုလည်း ဖျောက်ချင်တယ်ဆိုရင်တော့ သူ့ ကိုလည်း Account
picture ပြောင်းတဲ့နေရာကနေ ပြောင်းချင်တိုင်း လွယ်လွယ်ပြောင်းလို့ မရအောင်
Windows က Hidden လုပ်ထားပါတယ်။ အဲ့ဒီတော့ အပေါ်က ပြောခဲ့တဲ့အတိုင်း Hidden
Items ကို အမှန်ခြစ်ပေးထားလိုက်ပါ။ ပြီးရင် ပထမနည်းထဲကအတိုင်း Change your
account picture ထဲကိုဝင်ပါ။ Your Picture အောက်မှာ Browse ထဲဝင်ပါ။
C:\ProgramData\Microsoft\User Account Pictures ထဲဝင်သွားပါ။ Default
Picture ထဲက မိမိကြိုက်တဲ့ ပုံကို ရွေးပေးလိုက်ပါ။
(4)Current User Account ပုံကို Login Screen မှာ ဖျောက်၊ Remove လုပ်နည်း
ကွန်ပျူတာကို စဖွင့်ဖွင့်ချင်း Login Screen မှာ User Account ကို
ဖျောက်ထားချင်တယ်ဆိုရင် Windows File Explorer ကိုဖွင့်လိုက်ပါ။
C:\Users\Public\PublicAccountPictures ထဲဝင်ပါ။ အဲ့ဒီမှာ(
S-1-5-21-2083314068…) Folder ကိုတွေ့ ရမယ်။ အဲ့ဒီ Folder ကို
နာမည်တစ်ခုခုနဲ့ Rename လုပ်လိုက်ပါ။ တစ်ခါတည်း အပြီးတိုင် delete
လုပ်ချင်ရတော့ https://www.top-password.com/take-ownership-pro.html
ဆော့ဝဲလ်ကို download ဆွဲ၊ application ကို Run ပေးပါ။ ခုနက
(S-1-5-21-2083314068…) Folder ကို Take-Ownershiop software နဲ့ Save
လုပ်ထားပြီး delete လုပ်ပါ။ စက်ကို Restart ချ၊ သို့ မဟုတ် Sign out
လုပ်ပြီး ပြန်ဝင်ကြည့်ပါ။ User account picture ကို တွေ့ ရတော့မှာ
မဟုတ်ဘူး။ Login Screen မှာ User account ကို ပြန်ပေါ်စေချင်ရင် ခုနက folder
ကို C:\Users\Public\PublicAccountPictures အောက်မှာ ပြန်ထည့်ပေးလိုက်ပါ။
Registry, Group Policy ထဲမှာ ဝင်ပြင်ရတာတွေတော့ တစ်ခုခုမှားသွားတာနဲ
့ပြဿနာကြီးနိုင်လို့ မဖော်ပြတော့ပါဘူး။
#NetComplus
No comments:
Post a Comment