Xiaomi ဖုန်းတွေကို ROM တွေတင်တာနဲ့ပတ်သက်လို့ ........

 Xiaomi ဖုန်းတွေကို ROM တွေတင်တာနဲ့ပတ်သက်လို့ သတိထားရအောင်.....

Updater မှာ ပေါ်လာတဲ့ Update ကို နှိပ်နှိပ်ပြီး တင်နေတဲ့သူမျိုးတွေအဖို့တော့ အခုဖော်ပြမယ့် အရာတွေက သိပ်အရေးမကြီးလှပါဘူး :D
.
1. Xiaomi implemented a policy that prevents relocking of bootloader if you install a Global Rom on a China Variant Mi Phone.
.
Xiaomi အနေနဲ့ China market အတွက်ပဲ ရည်ရွယ်တဲ့ China version ကသတ်သတ်.. Export လုပ်ဖို့ရည်ရွယ်ပြီး Global Version က သတ်သတ် ဆိုပြီး လုပ်ဆောင်လာပါတယ်။ အရင်ကတော့ China rom နဲ့လာတဲ့ China version ကို Global rom တင်ချင်ရင် EDL Mode ကိုဝင်ပြီး PC ကနေ Mi Flash tool နဲ့တင်ပေးလိုက်တယ်ဆိုရင် ရသွားတာပါပဲ။ Jig cable လေးသုံးပြိးတော့ပေါ့..။ နောင်ဆက်ထွက်လာတာတွေမှာ EDL mode ကို Jig cable သုံးတာနဲ့ဝင်မရတော့ပါ။ နောက်ဖုံးခွာ Test point ထောက်ဝင်မှရတဲ့နည်းပဲရှိလာပါတယ်။ နောက်ပိုင်းဖုန်းတွေမှာတော့ China version ကို Global rom တင်ချင်ရင် Boot Loader Unlock မလုပ်ပဲ တင်လို့ကို အဆင်မပြေနိုင်တော့ပါ။ EDL ၀င်တင်လို့ အဆင်မပြေတာ Redmi Note 5A နဲ့နောက်ပိုင်းလောက်တွေ မှာ သတိထားမိသလိုပါပဲ..သည်တော့ Boot Loader Unlock လုပ်ကိုလုပ်ပြီးမှ ချိန်းတာလုပ်ရပါတယ်။ အခုနောက်ပိုင်းမှာ BLU လုပ်ပြီး rom ချိန်းခွင့်ပေးပေမယ့် China version ကို Global rom တင်ပါက Boot loader lock ပြန်လုပ်ခွင့်မပေးပါ။ လုပ်ရင်၊ Lock ပါဆိုပြီးတင်ရင် brick ပါပြီ။ ဒါလေးသတိထားဖို့လိုပါတယ်။
.

သည်တော့ BLU ပြီးလို့ Global rom ချိန်းချင်ရင် Mi Flash Tool မှာ ပုံမှာပြထားသလို Clean All ကိုရွေးပြီးတင်ပေးဖို့ သတိလေးထားပေါ့။ Default က Clean All and Lock ပါ။ အဲဒါက ROM တင်ပြီးရင် Boot loader ကို Lock ပြန်လုပ်ခိုင်းတာပါ၊ အဲလိုဆို အဆင်ပြေမှာမဟုတ်တော့ပါ။ ( အဲလိုတင်မိလို့ ဘာမှမတက်ရင် ဘယ်လိုပြန်တင်မလဲ.. ကျနော်အလွယ်စဉ်းစားမိတာကတော့ နောက်ဖုံးဖွင့် Test point ထောက်.. China rom ကိုပြန်တင်မယ်ပေါ့.. အဲသည်မှာ တစ်ခုရှိလာနိုင်တာက Android 8 နဲ့ဟာတွေမှာ ARB lock ပါလာတာပဲ.. အဲလို Test point တင်ရင် ကိုယ့်ဖုန်းထဲ တင်ထားတဲ့ဟာက ARB lock ပါချင်ပါလောက်ပြီ.. လူတိုင်းက ဘာပဲပြောပြော latest ver ကိုပဲဒေါင်းတင်သည်လေ။ သည်တော့ Authorized MI ID ဆိုတာတွေ လိုတာ အလုပ်ရှုပ်လာပြီပေါ့။ :D :D :D Mi PC Suite, Mi Flash Pro တို့နဲ့ ဘယ်လိုဘယ်ပုံ ပြန်တင်ကြည့်တာ အဆင်ပြေတယ် ဘာညာ ဆိုတာတွေလဲ Xiaomi fourm မှာရှိပါတယ်.. သတိမထားမိလို့ ဖြစ်မိမှတော့ ခေါင်းပူခံ လိုက်ရှာဖွေရတော့မှာပေါ့ :D ) သည်တော့ Official way ဖြစ်တဲ့ BLU ပြီးတင်ပါ.. BLU ပြီးလို့ Mi Flash နဲ့ရေးခါနီးမှာ သတိထားပါ :D
.
ကိုယ့်ဖုန်းက China version လား.. Global version လားဆိုတာကလဲ ၀ယ်လို့ ဗူးဖောက်ကတည်းက China rom နဲ့ဆို China version လို့သာ မှတ်ပေတော့ပေါ့.. Global rom နဲ့ဆို Global version ပေါ့.. သည်နိုင်ငံမှာတော့ Global version ဆို ဈေးလဲ ပိုပေးရမယ်ပေါ့.. အဲဒါအလွယ်ခွဲတာပါပဲ.. :D :D ( ဘယ်ဟာက ကောင်းတယ် မကောင်းတယ် review တွေကို ကျနုပ် ၀ါသနာမပါပါ :D :D ခြေညောင်းခံသွားရှာရမှာ.. ဖုန်းတွေဆက်မေးရမှာ ပျင်းလွန်းလို့ မျက်စိရှေ့တွေ့တဲ့ဆိုင်မှာ ရတဲ့အရောင်၊ ရှိတဲ့ spec အတိုင်း ၀ယ်လိုက်တာကိုပဲ လုပ်ပါတယ် :P :P )
.
.
2. Google implemented a policy that prevents rollback to older Android versions for Android Oreo and above Roms. This is for 'Security' reasons and affects Miui
.
ARB ကတော့ ထူးထွေမပြောတော့ပါဘူး။ Updater ကနေ Update တင်နေသူတွေ ဒါကို ထူးထွေသိမနေလဲ ဖြစ်တာပါပဲ။ ကိုယ့်ဖုန်းဟာ Android 8 နဲ့ဆို ARB lock ပါနေနိုင်ပြီလို့ သိထားရပါမယ်။ model တော်တော်များများလဲ (ထွက်ပြီး.. ထွက်လာဆဲ..) ပါနေပါပြီ။ သူကတော့ Version downgrade လုပ်ခွင့်မပေးတာပါ.. MIUI မှာဆို MIUI Version ပေါ့။
.
ကလိတတ်သူက rom တစ်ခါတင်ပြီးတိုင်း fastboot getvar anti command လေးနဲ့ အမြဲလိုက်လိုက်စစ်ပေါ့။ MIUI 10 က Stable version မထွက်သေးလို့ MIUI 9 ကိုပြန်တင်ချင်လဲ ARB ပါတဲ့ဟာကိုပဲ တင်မိဖို့ လုပ်ဆောင်ပေါ့။ အတတ်နိုင်ဆုံး Latest update ဟာကို တင်ဖို့ ကြိုးစားပေါ့။
.
နောက်တစ်ခုက TWRP ကနေ System backup တွေ အကုန် ပြန် restore နည်းနဲ့ အရင်ဟာ ပြန်ထည့်မယ်ဆိုတာတွေရှောင်ပေါ့.. မကောင်းလှပါဘူး.။ Xiaomi rom တွေက ရှာဒေါင်းရလွယ်လို့ သည် backup မှမထည့်ရင် rom ပြန်ထည့်စရာ မရှိပုံစံတွေလဲမဟုတ်လှပါ။ twrp userdata backup ကလည်း apk and data onlyတွေပဲပါတာမို့ Mi Backup ပဲသုံးရင် ဘယ် MIUI Rom မှာမဆို ပြန် restore ပေးလို့ရပါတယ်။ Play Store ကြီးရှိနေရင် ဒါလည်း သိပ်မလိုပါ :D
.
ARB မပါသေးတာကို တင်ထားသုံးနေချိန်မှာ ARB ပါတဲ့ rom ကို TWRP က flash တာမျိုးလဲ မလုပ်ပါနဲ့။ rom ပြန်တက်လို့ twrp မပျက်တဲ့ twrp version မျိုး သုံးမိရင် boot တက်မှာမဟုတ်တော့ပါ။ ကျနော့်အနေနဲ့လဲ နောက်ပိုင်းမှာ TWRP ထည့်ထားတာမျိုး သိပ်အားမပေးချင်တော့ပါ။ လိုသမျှ Magsik နဲ့လုပ်နိုင်လာပြီမို့ TWRP အစား Magisk နဲ့သာ အသုံးပြုနိုင်အောင်ကြိုးစားပါ။ သာမာန်လုပ်နေကြ နေရာစုံ Zawgyi မြင်ရအောင်လုပ်တာ၊ Camera2API enable ပြီး GCam သုံးဖို့လုပ်တာ၊ Dolby Atom, DTS sound mod တွေလုပ်တာ..စတွေအကုန် Magisk က လုပ်နိုင်နေပြီပဲ :D
.
ARB lock ပါတာတင်မိပြိးသုံးနေပြီဆိုရင်တော့ rom type မတူတာချိန်းရင် (China<->Global) fastboot rom ကိုသာသုံးပြီး version လေးသတိထားချိန်းပေါ့..
.
Xiaomi forum မှာဖတ်မိတာလေးနှစ်ခုကို စဉ်းစားတွေးမိတာလေးတွေ လိုက်ပေါင်းထည့်ပြီး ရေးသားပေးလိုက်ပါတယ်ခင်ဗျာ.. လိုတာရှိ comment မှာ ထပ်ဖြည့်ပေးသွားပေါ့.. :-)
.
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ. :-)
.
Credit : MIUI Global Forum

No comments:

Post a Comment