နှစ်တိုင်းဆိုသလို Intel က နည်းပညာအသစ်တွေကို အသုံးပြုပြီး ပိုပြီးကောင်းတဲ့ CPU generation (မျိုးဆက်) အသစ်တွေကို ထုတ်လေ့ရှိပါတယ်။ ဒါ့အပြင် အနောက်က အက္ခရာတွေကလည်း generations အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ 8th Gen ကနေ 6th Gen အတွင်း ထွက်ရှိခဲ့တဲ့ processor တွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို လေ့လာကြည့်ရအောင်!
CPU တစ်ခု ကြည့်လိုက်တာနဲ့ သူ့ရဲ့ Generation ကို အလွယ်လေးပဲ သိနိုင်ပါတယ်။
အရင်ဆုံး My Computer ကို right click ထောက်၊ properties ကို နှိပ်လိုက်ရင် အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်။ i3 (သို့) i5 (သို့) i7 ရဲ့နောက်မှာ တွေ့ရတဲ့ ဂဏန်း ၄ လုံးမှာ ပထမဆုံးဂဏန်းက ကိုယ့်ကွန်ပျူတာမှာ သုံးထားတဲ့ CPU ရဲ့ generation ပါပဲ။ ပုံမှာဆိုရင် CPU က i5, generation က 5th Gen ဆိုတာကို တွေ့ရမှာပါ။
8th Generation Letters
8th generation Coffee Lake CPUs တွေမှာတော့ K, G နဲ့ U ဆိုပြီးသတိထားကြည့်စရာ အက္ခရာ သုံးမျိုးပဲရှိပါတယ်။
● K – ဆိုတာက unlocked လုပ်ထားတဲ့ CPU ကို ရည်ညွှန်းပြီး overclock လုပ်လို့ရပါတယ်။ Overclock လုပ်လိုက်တဲ့အခါ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် တက်လာမှာဖြစ်သလို စွမ်းအင်အသုံးပြုမှုနဲ့ အပူထုတ်လွှတ်မှုလည်း ပိုများလာနိုင်ပါတယ်။
● G – ဆိုတာက CPU မှာ ပုံမှန်ထက်ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ integrated graphics ပါဝင်တာကိုဆိုလို ပါတယ်။ လောလောဆယ်တော့ Radeon’s Vega M GPUs တွေပဲပါဝင်ဦးမှာပါ။
● U – ကတော့ ultra-low power consumption ကိုရည်ညွန်းပါတယ်။ ဒီ CPU တွေကတော့
ဘက်ထရီကို ကြာကြာသုံးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ စွမ်းအင်အသုံးပြုမှု အလွန်နည်းပြီး စွမ်းဆောင်ရည်ကတော့ နည်းနည်းလေး လျော့သွားပါတယ်။ ဘက်ထရီတာရှည်ခံဖို့အတွက် စွမ်းဆောင်ရည်ကို လျှော့လိုက်တဲ့ သဘောပါ။
7th Generation Letters
7th gen Kaby Lake CPUs တွေမှာတော့ letters နည်းနည်းပိုများပါတယ်။ သူ့မှာ T, H, Y, K, U ဆိုပြီး ငါးမျိုးရှိပြီး K နဲ့ U ကတော့ 8th gen နဲ့တူတူပါပဲ။
T – က တကယ်ဆို U နဲ့ သဘောတရားချင်း တူပါတယ်။ စွမ်းအင်ကို ချွေတာဖို့ ရည်ရွယ်ပြီး U ထက်တော့ ဘက်ထရီ ပိုစားပါတယ်။
H – က G နဲ့ နည်းနည်းဆင်ပါတယ်။ G အတိုင်းပဲ CPU မှာ သာမာန်ထက် ပိုပြီး powerful ဖြစ်တဲ့ graphics ပါဝင်ပါတယ်။ ဒါပေမဲ့ 8th Gen G CPUs တွေမှာပါဝင်တဲ့ GPU တွေကိုတော့ မမီပါဘူး။ H မှာ HK နဲ့ HQ ဆိုပြီး နှစ်မျိုးထပ်ရှိပါသေးတယ်။ HK ကတော့ better integrated GPU ပါဝင်တဲ့ unlock လုပ်ထားတဲ့ processor ကို ကိုယ်စားပြုပြီး နဲ့ HQ မှာတော့ better integrated GPU နဲ့ physical core ၄ ခု ပါဝင်ပါတယ်။
Y – ကတော့ low power consumption ကို ရည်ညွှန်းပါတယ်။ Y processor တွေဟာ U ထက်တောင်ပိုပြီး စွမ်းအင်အသုံးပြုမှုနည်းသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း အားအနည်းဆုံးပါ။ အရမ်းပါးပြီး၊ ပေါ့တဲ့ laptop တွေမှာအသုံးပြုလေ့ရှိပါတယ်။
6th Generation Letters
6th Gen Skylake CPUs တွေမှာတော့ Y-designated models မပါဝင်တာကလွဲလို့ ကျန်တာ 7th gen နဲ့အကုန်တူတူပါပဲ။
M-line Processors
Conclusion
ဒီလောက်ဆို PC အသစ်ဆင်တာဖြစ်ဖြစ်၊ laptop ဝယ်ရင်ပဲဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် CPU ကိုရွေးချယ်နိုင်လောက်ပြီလို့ ထင်ပါတယ်။ 6th gen အောက်က CPU တွေကတော့ ဒိတ်အောက်နေပြီဖြစ်တာကြောင့် မဝယ်သင့်တော့ဘူးလို့ ယူဆလို့ ထည့်မရေးပေးထားတာပါ။
From:https://technoland.com.mm/
No comments:
Post a Comment