USB Stick WriteProtect Error ဖြေရှင်းနည်း

ဒီ Error ကိုဖြေရှင်းတဲ့နည်တွေကတော့ Registry ကနေဖြေရှင်းနည်း CMD ကနေ Diskpart Command နဲ့ဖြေရှင်းနည်း Software တွေသုံးပြီးဖြေရှင်နည်း စသည်အားဖြင့် အမျိုးမျိုးရှိပါတယ် အဲ့ဒီထဲကမှ ကျွန်တော် CMD ကနေ Diskpart Command ကိုအသုံးပြုပြီးလုပ်တဲ့နည်းနဲ့လုပ်ပြသွားပါမယ်။
ဒီနေ့ရာမှာ အရင်ဆုံး သတိပေးချင်တာ တစ်ခုက CMD ကို အသုံးပြုပြီး Format ရိုက်မှာဖြစ်တဲ့ အတွက်ကြောင်း Format မချခင် Format ချမယ့် Device မှန် မမှန်အရင်ဆုံး သေရှာစီးစစ်ဖို့လိုအပ်ပါလိမ့်မည် ဒါမှမဟုတ် အခြား Device တွေကို မှားပြီး Format ချမိရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးကွယ်..ဟဲဟဲ..😛😁
ကဲ့စကားလည်း အတော်ရှည်သွားပြီဆိုတော့ လုပ်ငန်းစလိုက်ကြရအောင်...


ပထမဆုံး မိမိကွန်ပျူတာမှာ WriteProtect Error ဖြစ်နေတဲ့ USB Stick ကိုထိုးထားလိုက်ပါ ( ခုလုပ်နေတဲ့ အချိန် အခြား USB Stick တွေ Hardisk တွေကိုထိုးမထားပါနဲ့ မှားပြီး Format ရိုက်မိရင် အကုန်ပါသွားမှာစိုးလို့ပါ )
ပြီးရင် Windows Key + R ကို နှိပ်ပြီး Run Box ကိုဖွင့်ပြီး Run Box မှာ Cmd ရေးထည့်ပြီး Enter နှိပ်လိုက်ပါ CMD Box ပွင့်လာပါလိမ့်မယ်။
ပွင့်လာတဲ့ Cmd Box မှာ အောက်ကနံပတ်ပြထားတဲ့ Command တွေကို ရေးပါ။
1/ >>> diskpart ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ပြီးရင်
2/>>> list disk ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ပြီးသွားလို့ရှိရင် Disk 0,1,2 စသည်ဖြင့် Disk တွေပေါ်လာပါလိမ့်မယ် အဲ့အထဲမှာပါ မိမိ USB Stick Size ကို သေရှာမှတ်ပါ မှားမှတ်ရင် အခြားဟာပါသွားပါမှာနော် သတိ။
3/>>> select disk 0 ( မိမိ USB Stick Size က Disk 0 ဖြစ်နေရင် select disk 0 , လို့ရေးပါ 1. ဖြစ်နေရင် select disk 1, 2 ဖြစ်နေရင် select disk 2 ဟုတ်ရေးပါ..မှားသွားလို့မရပါ) ပြီးသွားရင် ...
4/>>> clean လို့ရေးပြီး Enter ခေါက်ပါ။
5/>>>create partition primary ဟုရေးပြီး Enter ခေါက်ပါ။
6/>>> format fs=ntfs ရေးပြီး Enter ခေါက်လိုက်ပါ။
Format ရိုက်တာကို Percent နဲ့ ပြနေပါလိမ့်မယ် 100 percent ပြည့်အောင်စောင့်လိုက်ပါ နည်းနည်းကြာပါလိမ့်မယ် ပြည့်သွားရင် exit နှိပ်ပြီး ထွက်လိုက်ပါ...။ အားလုံးပြီးသွားရင် USB Stick ကောင်းသွားပါပြီပြန်ဖွင့်ကြည့်ပါ အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ နောက်ကျရင် Video file နဲ့တင်ပေးပါမယ်။
နားမလည်ရင် အောက်ကပုံပြထားပါတယ် ပုံကို နမုံနာအဖြစ်ကြည့်ရအောင်ထည့်ပေးလိုက်ပါတယ်။

credit

No comments:

Post a Comment