Odin မှာတဲ့ Function လေးတွေ အကြောင်း

Samsung တွေ Odin ကို အသုံးပြုပြီး
Firmware တင်တော့ တင်နေတာပဲ ဒါပေမဲ့
Odin အကြောင်းလေး သိပ်မသိသေးပြန်ရင်လည်း
အဆင်မပြေဘူးရယ်။အာ့ကြောင့် Odin အကြောင်းလေး ထပ်မံ ဝေမျှ လိုကိပါတယ်ဗျ။
Odin မှာဆိုရင် သူ့ Function လေးတွေ ပါပါတယ်။အာ့တွေက တော့-
-PIT
-BL ( Bootloader )
-AP ( PDA )
-CP ( Phone )
-CSC တို့ဖြစ်ပါတယ်။
Operation ပိုင်းကို ပြောရမယ်ဆိုရင်
Operation ပိုင်းမှာ -
- Auto reboot
- Re-Partition
- F Time reset
- Flash Lock
- LED Control
- Dump
- Nand erase All
- Phone Bootloader Update
- EFS Clear
- Tflash တို့ပဲ ဖြစ်ပါတယ်။
အာ့တွေက ဘယ်နေရာ ဘာသုံးတာလဲ?


ဘယ် Function တွေက ဘာကို ပြောတာလဲ ဆိုတာ ကျွန်တော် ပြောပြပေးပါမယ်။
အရင် ဆုံး Function ပိုင်းကို ပြောပါမယ်။
PIT
*******
သူဟာ ဖုန်းရဲ့ Partition ကို rebuild ပြုလုပ်ပေးတာပါ။Firmware ဖိုင်တွေထဲက .pit နဲ့ ဆုံးတဲ့ဖိုင်ကို ထည့်ပေးရတာဖြစ်ပါတယ်။Full Flash Firmware တွေမှာ ပါတတ်ပါတယ်။
BL ( Boodloader )
****************
သူကတော့ Firmware ဖိုင်ထဲက Bootloader လို့ စာသားပါတဲ့ ဖိုင်ကို ထည့်ပေးရတာ ဖြစ်ပါတယ်။ ဖုန်းကို Bootloader Upgrade ပြုလုပ်ဖို့ အတွက် သုံးတာပါ။
AP ( PDA )
***********
သူက Firmware ဖိုင်ထဲက CODE လို့ စာသား ပါတဲ့ ဖိုင်ကို ထည့်ပေးရတာပါ။
အဲ့ဖိုင်က တော့ OS ပိုင်းကို တာဝန်ယူတဲ့
ဖိုင်ပဲ ဖြစ်ပါတယ်။
CP ( Phone )
************
သူကတော့ Firmware ဖိုင်ထဲက MODERM
လို့စာသားပါတဲ့ ဖိုင်ကို ထည့်ပေးရတာဖြစ်ပါတယ်။ ဒီကောင်ရဲ့ အားသာချက်ကတော့
.bin ဖိုင်တွေကို tar ဆောက်ဖို့မလိုပဲ flashing လုပ်ပေးနိုင်ပါတယ်။
CSC
*****
သူကတော့ Firmware ဖိုင်ထဲက CSC လို့ စာသားပါတဲ့ ဖိုင်ကို ထည့်ပေးရတာ ဖြစ်ပါတယ်။
Operation ပိုင်းကို ဆက်ပြောပြရရင်
Auto Reboot
************
သူ့ကို အမှန်လေးခြစ် ထားမယ်ဆိုရင် မိမိ
Firmware တင်လို့ ပြီးတာနဲ့ Phone က
Reboot auto ကျသွားမှာဖြစ်ပါတယ်။
တချို့ Recovery တင်မယ်ဆိုရင်တော့ Auto Reboot ကို ဖြုတ်ထားဖို့ လိုပါတယ်။
Re-Partition
************
သူ့ကို အမှန်ခြစ်ထားမယ်ဆိုရင်တော့ Firmware တင်တဲ့အခါမှာ Partition ပြန်ပိုင်းပေးမှာဖြစ်ပါတယ်။PIT ဖိုင်ထည့်တာနဲ့
သူ့ဘာသာ အလိုအလျောက် အမှန်ခြစ်လေး
ဖြစ်သွားပါတယ်။ သတိ** PIT ဖိုင်မထည့်ပဲ
Re-Partition ကို အမှန်မခြစ်ပေးရပါ။
F Time reset
************
သူကတော့ Default အနေနဲ့ အမှန်ခြစ်ထားမှာဖြစ်ပြီး ဖုန်းကို firmware တင်ရာမှာ ကြာမြင့်တဲ့ အချိန်ကို ပြသ ပေးဖို့ အတွက်ပဲဖြစ်ပါတယ်။
Flash Lock
**********
ဒီကောင်ကတော့ Firmware Flashing ကို
Lock ချဖို့ အတွက် အသုံးပြုတာဖြစ်ပါတယ်။
အသုံးနည်းပါတယ်။သုံးလေ့သုံးထ မရှိပါဘူး။
LED Control နဲ့ Dump အတွက်အသုံးပြုပုံကတော့ ယနေ့ ထိ မသိရှိရသေးပါဘူး။
Dump button ဆိုရင် မှိန်နေပါတယ်။
Nand erase All
**************
သူကတော့ Firmware မတင်ခင်မှာ partition ထဲက file တွေကို erase လုပ်တဲ့
နေရာမှာ သုံးတာပါ။ File အစုံ Firmware
{ Full Firmware } မဟုတ်ရင် မသုံးသင့်ပါဘူး။
Phone Bootloader Update
***********************
သူကတော့ Bootloader ကို Update လုပ်တဲ့ နေရာမှာ သုံးတာပါ။သာမန်အားဖြင့်တော့ အသုံးနည်းပါတယ်။
EFS Clear
**********
သူကတော့ Phone ရဲ့ imei ပိုင်း။ Nerwork
Support ပိုင်း ။ Region သတ်မှတ်တဲ့ အပိုင်းတွေကို ထိမ်းသိမ်းပေးထားတဲ့ EFS Partition အပိုင်းကို Reset ပြုလုပ်တဲ့ နေရာမှာ သုံးတာပါ။
Tflash
*******
သူ့ကိုတော့ Deadboot နှိုးတဲ့ Bootable SD
လုပ်တဲ့ နေရာမှာသုံးပါတယ်။
ကဲ ဒီလောက်ဆို Odin အကြောင်း တော်တော်လေး သိရောပေါ့ဗျာ…
ညီအကိုများအားလုံး အသိပညာ အတတ်ပညာများ
ဒီထပ်မက တိုးပွား ကြပါစေဗျာ…
Crd ​ပေးပါတယ်​ Original ​ရေးတဲ့ ဆရာများကို

No comments:

Post a Comment