Torrent ဆိုတာဘာလဲ...?
Torrent ဆိုတာဘာလဲ...?
********************
အင်တာနက်က file တွေ download ဆွဲတဲ့အခါ browser ဒါမှမဟုတ် downloader ကနေဆွဲလေ့ရှိပါတယ်
ဒါတွေက web server ပေါ်မှာတင်ထားတဲ့ file ကို copy ကူးတာပါပဲ
server ကဖျက်လိုက်ရင် download ဆွဲလို့မရတော့ပါဘူး
Torrent ကကြတော့အဲ့လိုမဟုတ်ပါဘူး
p2p connection ဖြစ်တဲ့အတွက် server မခံပဲ တိုက်ရိုက် sharing လုပ်တာပါ
p2p ဆိုတာ Zapya အလုပ်လုပ်ပုံလိုမျိုးပါပဲ
uploader က server ပေါ်တင် downloader တွေက server ကနေပြန်ဆွဲတာမျိုးမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ဆက်သွယ်တဲ့စနစ်ပါ
Torrent မှာ တစ်ယောက်က file တစ်ခုကို upload တင်လိုက်ပါတယ်
အဲ့ကို download ဆွဲတဲ့သူက download ဆွဲနေစဉ်အချိန်မှာ ပြန်ပြီးသူ့မှာရှိသလောက်ကို upload တင်ပါတယ်
အောက်ကပုံအတိုင်း download ဆွဲတဲ့သူက တစ်ခြားကွန်ပြူတာတွေကနေ download ဆွဲပြီး
နောက်တစ်ယောက်ကို ပြန်ပေးပါတယ်
ကိုယ့်မှာရှိသလောက်ပဲတင်ပေးတာဖြစ်လို့ upload တင်နေတဲ့သူ တစ်ယောက်မှာမှ file အပြည့်မရှိရင် download ဆွဲရာမှာ % တစ်ခုရောက်ရင် ရပ်သွားမှာဖြစ်ပါတယ်
download ဆွဲပြီးသား file ကို နာမည်ပြောင်းတာမျိုး ရွေ့လိုက်တာမျိုး ဖျက်လိုက်တာမျိုး လုပ်လိုက်ရင် upload တင်တော့မှာမဟုတ်ပါဘူး
100% ပြီးလို့ upload တင်နေတဲ့သူတွေကို seeder လို့ခေါ်ပြီး download ဆွဲနေဆဲသူတွေကို leecher လို့ခေါ်ပါတယ်
download ဆွဲနေတဲ့သူတွေကလဲ upload တင်နေတာဖြစ်တဲ့အတွက် downloader လို့ခေါ်ရင် မမျှတဘူးလို့ BitTorrent founder ဖြစ်တဲ့ Bram Cohen ကထင်လို့ပါ
Torrent ကိုအသုံးပြုဖို့ torrent client တစ်ခုလိုပါတယ်
BitTorrent, uTorrent, folx, အစရှိသဖြင့် torrent client များစွာရှိပါတယ်
uTorrent နဲ့ BitTorrent ကတော့သုံးရအလွယ်ဆုံးပါ
Torrent ကိုဒေါင်းလုပ်ဆွဲမယ်ဆိုရင် နည်းနှစ်လမ်းရှိပါတယ်။ ပထမတစ်နည်းက Torrent file ကိုအရင် download ဆွဲတာပါ
.torrent extension နဲ့ file တွေကို အရင် download ဆွဲလိုက်ပါတယ်
torrent file ထဲမှာ ကိုယ်လိုချင်တဲ့ file ရဲ့ နာမည်၊ file size၊ folder structure အစရှိတဲ့ metadata ကိုသိမ်းထားပါတယ်
torrent file kB အနည်းပဲရှိပါတယ်
ဒီမှာတစ်ခုထည့်ပြောချင်တာက torrent ဒေါင်းလုပ်ဆွဲရင် folder တွေကိုပါ ဒီတိုင်း download ဆွဲပါတယ
zip တွေဘာတွေလုပ်စရာမလိုပါဘူး
torrent file ကို အပေါ်မှာပြောခဲ့တဲ့ torrent client တစ်ခုခုနဲ့ဖွင့်ပြီး download ဆွဲလို့ရပါတယ်
torrent client မှာ seeder, leecher အရေအတွက်ပြသပေးတဲ့အတွက် speed ကိုခန့်မှန်းနိုင်မှာဖြစ်ပါတယ်
တစ်ခုသတိထားရမှာက seeder လုံးဝမရှိဘူးဆိုရင်တော့ download ဆွဲရင်လုံးဝပြီးမှာမဟုတ်ပါဘူး
torrent download ဆွဲတဲ့နောက်တစ်နည်းကတော့ magnet link ပါ torrent file download ဆွဲစရာမလိုပဲ magnet link ကိုနှိပ်လိုက်တာနဲ့ torrent client ပွင့်လာပြီး download ဆွဲတဲ့နည်းပါ .torrent file တွေပြန်ဖျက်ရတဲ့ ဒုက္ခကင်းဝေးစေမှာပါ
Torrent ကို copyright နဲ့မကင်းလွတ်တဲ့ file တွေ share ရာမှာအသုံးများပါတယ်
p2p ဆိုတော့ တရားစွဲရင် တစ်ယောက်ခြင်းတရားစွဲရမှာပါ
ဒါတောင် နိုင်ငံတော်တော်များများမှာ torrent ကနေ တရားမဝင်ဒေါင်းလုပ်ဆွဲရင် isp ကတစ်ဆင့် ခြေရာခံပြီး လျှော်ကြေးတောင်းပါတယ်
Singapore မှာ Dallas Buyers Club ရုပ်ရှင်ကို download ဆွဲတဲ့ လူတွေရဲ့အချက်အလက်ကို M1, StarHub နဲ့ SingTel တို့ပေးလိုက်ရတာ မကြာသေးပါဘူး
ဒါပေမဲ့ file ကို server တစ်ခုမှာထားတာမဟုတ်တဲ့အတွက်ကြောင့် seeder ရှိနေသရွေ့ download ဆွဲနိုင်မှာဖြစ်ပါတယ်
Credit : Scott Martin
Subscribe to:
Post Comments (Atom)
No comments:
Post a Comment