မိမိComputer မှာ Restart ခဏခဏကျနေတာ ဘာကြောင့်လဲ။

မိမိတို့ရဲ့ Computer တွေမှာ Restart ခဏခဏကျနေတဲ့ Error မျိုးတွေကြုံတွေ့ရတတ်ပါတယ်။ Restart ကျတာကလည်း အမျိုးမျိုးရှိပါတယ်.........Computer တက်တက်ချင်းမှာ Windows မတက်တော့ပဲအဖန်တလဲလဲ Restart ကျကျနေတာမျိုးလည်းရှိသလို ၊
အသုံးပြုနေရင်း ဘယ်နှစ်နာရီ ကြာရင် Restart ကျကျသွားတတ်ပါတယ်။ နောက်Shut-down လုပ်လိုက်တာကို Shut-down မကျပဲနဲ့ restart ပဲဖြစ်ဖြစ်သွားတာမျိုးလည်းရှိပါတယ်။ အဲဒီလို Restart ခဏခဏ ကျနေခြင်းဟာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Restart ခဏခဏကျနေတဲ့ပြဿနာနဲ့ကြုံလာရပြီဆိုရင်တော့ စစ်ဆေးမှု အမျိုးမျိုးပြုလုပ်ရပါလိမ့်မယ်။Computer ဖွင့်ဖွင့်ချင်းမှာWindows မတက်လာတော့ပဲ Restart ချည်းပဲ ခဏခဏကျနေတယ်ဆိုရင်တော့ ဒါဟာ Windows OS ကအရေးကြီးတဲ့ File တစ်ခုခု lost ဖြစ်သွားရင်ပဲဖြစ်ဖြစ် (သို့) Windows OS ကတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် ၊ နောက် CPU က Overheat ဖြစ်လို့ပဲဖြစ်ဖြစ် ၊ RAM ( Memory ) မကောင်းလို့ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ပထမဦးဆုံးအနေနဲ့ CPU က Overheat ဖြစ်နေလားဆိုတာကို ကြည့်ပါ။ CPU က Overheatဖြစ်နေရင်လည်းComputer က Restart ခဏခဏကျတတ်ပါတယ်။ CPU တွေက ပုံမှန်အားဖြင့် Temperature 30 လောက်ကနေ နောက်ပိုင်း CPU တွေမှာတော့ Over 60 Degrees (C) လောက်မှာ Runပါတယ်။
#မူရင်း=credit
အားလုံးပဲဆင်ပြေကြပါစေ။

No comments:

Post a Comment