Mi Phone များ ကျပျောက်သောအခါ တစ်ခြားသူသုံး၍မရ
အောင် lock ချနည်း
===============================
မင်္ဂလာပါခင်ဗျာ
Xioami Mi Phone များအသုံးပြုသော ညီအကို၊မောင်နှမများအတွက် မိမိဖုန်းပျောက်ဆုံးသွားသောအခါ တခြားသူအသုံး
ပြု၍မရအောင် Lock ချနည်းလေးကိုမျှဝေလိုက်ပါတယ်ခင်ဗျာ
မိမိကအကြောင်းအမျိုးမျိုး ကြောင့် ဖုန်းပျောက်ဆုံးသွားမယ်ဆိုရင်
Mi Account ဖွင့်ထားလို့ရှိရင် မိမိဖုန်းတည်ရှိတဲ့နေရာကို အလွယ်တကူ
ရှာနိုင်ပါသည် ။ ပီးရင်မိမိဖုန်းကိုကောက်ရတဲ့သူက မိမိဖုန်း၏
အရေးကြီးသော Data တွေကို အသုံး
ပြု၍ မရအောင် ဖျက်ချပြီးတော့ ဖုန်းကို ဖွင့်၍ မရအောင် lock ချနိုင်ပါသည် ။
လုပ်နည်းကတော့ အရမ်းလွယ်တူပါတယ်ဗျ မိမိကြိုက်ရာ နှစ်သက်ရာဖုန်းနဲ့ lock ချလို့ရပါတယ် ။
(1) ဖုန်းရဲ့ Browser တစ်ခုထဲကိုသွားလိုက်ပါ ။ပီးရင် i.mi.com လို့ရိုက်ထည့်ပြီး
Sigin in with Mi Accout ကို
နှိပ်ပြီး ပျောက်သွားဖုန်း၏ Mi Accouts ကို Sigin In ၀င်ပေးလိုက်ပါ ။
(2) Find devices ကိုနှိပ် ဒါဆိုရင် မိမိဖုန်း၏ တည်ရှိတဲ့နေရာကိုပြနေပါလိမ့်မည် ။ ပျောက်သွားသောမိမိဖုန်းက လှိုင်းပေါ်မှာရှိနေရင် မီးအစိမ်းလေးနဲ့ Online ဆိုပြီးပေါ်နေပါလိမ့်
မည်။
(3) မိမိဖုန်းထဲက အရေးကြီးတဲ့ Data တွေအသုံးမပြုစေချင်ဘူး ဆိုရင် Earse Data ကိုနှိပ်လိုက်ပါ ဒါဆိုရင် မိမိဖုန်းထဲက data တွေပျက်သွားပါမယ် ။
(4) အခုနည်းက lock ချမှာဖြစ်တဲ့ အတွက် Lost Mode ကိုနှိပ်လိုက်ပါ ။ ပီးရင် Switch to Lost Modes ကိုနှိပ်ပါ ။
(5) Enter the Lock Screen Message မှာ မိမိဖုန်းကိုကောက်ရတဲ့သူကပြန်ပေးချင်အောင်ပေါ့ (မင်္ဂလာပါခင်ဗျာ ကျေးဇူးပြု၍ ဖုန်းပြန်ပေးပါ ကျေးဇူးဆပ်ပါမည် )လို့ပေါ့ Zawgyi နဲ့ တစ်ခါ Unicode တစ်ခါ ရေးပေးလိုက်ပါ ။ ဘာလို့ Unicode နဲ့ရေးပေးတာလဲဆိုရင် မိမိဖုန်းကို ကောက်ရတဲ့သူက ဖုန်းကိုစက်အပိတ်အဖွင့်လုပ်တဲ့အခါ မြန်မာ Font ပြန်
ပြောင်းနေရတဲ့ ဖုန်းတွေမှာဆိုရင် မြန်မာစာ မှန်စေချင်လို့ပါ
(6) မိမိဖုန်းကိုကောက်ရတဲ့သူက မိမိစီကိုပြန်လာပေးရင် ဆက်သွယ်လို့ရအောင်ပေါ့ ဖုန်းနံပါတ် ရိုက်ထည့်ပေးလိုက်ပါ ပီးရင် Lock ဆိုတာကိုနှိပ်လိုက်ပါ ။ဒါဆိုရင် အဲဒီဖုန်းကို အသုံးပြု ၍မရတော့ Lost ကျသွားပါပြီ ။
(7) lock ကျနေတဲ့ ဖုန်း၏ Screen မှာ (မင်္ဂလာပါခင်ဗျာ ကျေးဇူးပြု၍ ဖုန်းပြန်ပေးပါ ကျေးဇူးဆပ်ပါမည် ) ပီးရင် မိမိစီကို ဆက်သွယ်ရမည် ဖုန်းနံပါတ် ရယ်ပေါ်နေပါလိမ်မည် ။
(8) ကောက်ရတဲ့သူက မိမိစီကိုဖုန်းပြန်လာပေးခဲ့ ရင်ပေါ့ Active this device ကိုနှိပ်ပြီး Mi Acoout Password ကိုရိုက်ထည့်ပြီး Active ကိုနှိပ်ပေးလိုက်ပါ ။ ဒါဆိုရင် မိမိဖုန်းကို
ပြန်သုံး၍ ရပါသည် ။
Photo လေးတွေကိုကြည့်ပြီးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ
အဆင်ပြေပါစေခင်ဗျာ
#Credit - ကောင်းထက်စံ

No comments:
Post a Comment