Windows Boot တက်တဲ့ အခါမျိုးမှာ BOOTMGR is missing ဆိုတဲ့ error မျိုးနဲ့ boot ဆက်လက် မတက်နိုင်ဘူးဆိုရင် Bootloader error ကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။ Bootloader error ကို ဖြေရှင်းဖို့အတွက် Bootable USB ဒါမှမဟုတ် DVD တစ်ခုခု လိုအပ်ပါမယ်။PC ကို restart ပြုလုပ်လိုက်ပါ။ Boot တက်မယ့် device ကို BIOS မှာ ရွေးချယ်ပေးထားရပါမယ်။ Boot တက်လာပြီဆို ရင် Repair your computer ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Troubleshoot ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Advanced options ထဲကို ရောက်ပြီဆိုရင် Command Prompt ဆိုတာကို နှိပ်လိုက်ပါ။ Command Prompt ထဲကိုရောက်ပြီဆိုရင် bootrec /fixmbrဆိုတဲ့ command ကို ရိုက်ထည့်ပါ။ နောက်ထပ် command ကတော့ bootrec/fixbootဆိုတဲ့ command ကို အသုံးပြုပြီး PC ကို restart ပြုလုပ်လိုက်ပြီဆိုရင် Windows bootloader error ကို ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်။
No comments:
Post a Comment