ချယ်ရီတွေလည်း
ဝေတော့မယ်
နှင်းစက်တွေလည်း
ကြွေတော့မယ်
အလွမ်းတွေက
ငြိမ်းသတ်မရနိုင်သေးဘူး
ဆန်ပေး ဆေးရတဲ့
လောကထဲ
နှလုံးတစ်ခုလုံး
ပေးခဲ့တာတောင်
မျော်လင့်ခွင့်လေးပြန်မရခဲ့
ညောင်ရေလောင်းပြီး
ဆုတောင်းရင်တောင်
ဆုံတွေ့ခွင့်က
မသေချာဘူး
စပယ်တွေခင်းပေးတော့
မနင်းရက်ဘူးတဲ့
ကန္တာရဆိုရင်ကော
လိုက်ဝံ့ပါ့မလား ?????
မုသားချိုချိုတွေနဲ့
နင်ငြင်းရက်တယ်
သတိရခြင်းဟာ
အနီးဆုံးခရီးဆိုရင်
နှစ်သိမ့်မှုတစ်ခုအနေနဲ့
နင် . .
. . . . .
တစ်ခါလောက်ဖြစ်ဖြစ်
လွမ်းပေးစမ်းပါဟာ
. . . . . . . .။
No comments:
Post a Comment