“ချစ်ခွင်”့




ခင်မင်မှုကို
အရောင်ဆိုးတယ်လို့ပြောရင်လည်း
ရှိပါစေတော့ကွယ် . . .
တကယ်ဆို . . . . . .
ရွှေစွန်ညိုကြီး ဘာလိုလို့ဝဲတယ်ဆိုတာ
မင်းကိုယ်တိုင် သိနေသားပဲ
ငြိတွယ်မှန်းမသိလိုက်ရပါပဲနဲ့
ခုတော့  ရုန်းရခက်ပြီ
ရှောင်တာတောင် တည့်တည့်တိုးမှတော့
နှလုံးသားအပိုးကျိုးအောင်
ချစ်လိုက်ပါရစေဦး . . . .။

No comments:

Post a Comment