မြတ်စွာဘုရားပါရမီဖြည့်ခဲ့သောဘ၀များကိုဗဟုသုတအဖြစ်တင်လိုက်တာပါ


မြတ်စွာဘုရားအလောင်းတော်သည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့ရသည်။
ထိုသို့ ပါရမီဖြည့်စဉ် ဘ၀ပေါင်းများစွာကျင်လည်ခဲ့ရသည်။ ၅၅၀ ဇာတ်တော်များမှာ
ထိုသို့ကျင်လည်ခဲ့သော ဘ၀ပေါင်းများစွာထဲမှ ဘ၀ပေါင်း ၅၄၇ ဘ၀ကို ရွေးထုတ်ပြီး
မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ဘ၀ဇာတ်လမ်းများ(၀ါ)ဇာတ်တော်များဖြစ်သည်။
အရေအတွက်အားဖြင့် ၅၄၇ ဇာတ်ရှိသည်။ သို့သော် အခေါ်ရလွယ်အောင် ၅၅၀ ဇာတ်ဟုခေါ်သည်။
ထို ၅၄၇ ဇာတ်တော်တွင် ဇာတ်ကြီး ၁၀ ဘွဲ့လည်းအပါအ၀င်ဖြစ်သည်။
ထိုဇာတ်တော်တို့တွင် မြတ်စွာဘုရားသည်
လူအဖြစ် ၃၅၇
နတ်အဖြစ် ၆၅
ကုန်းသတ္တ၀ါအဖြစ် ၆၀
ရေသတ္တ၀ါအဖြစ် ၈
ကောင်းကင်သတ္တ၀ါအဖြစ် ၅၇
စုစုပေါင်း ၅၄၇ ဘ၀တို့တွင်ကျင်လည်ခဲ့ရသည်။


သတ္တ၀ါအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ........

No comments:

Post a Comment