ဆုံးရှုံးသွားသော ငွေများ
မြန်မာနိုင်ငံတွင် အရက်၊ ဘီယာသောက်သူ များလာသည်။ အရက်၊ ဘီယာသောက်ရသည်ကိုပင် ဂုဏ်ထူး ရာထူးတစ်ခုဟု ထင်မြင်လာကြသည်။ တွေ့ဆုံပွဲ၊ မင်္ဂလာဆောင်၊ အလှူ ၊ နေရာတိုင်း နေရာတိုင်းပဲပေါ့၊ အနည်းဆုံး ဘီယာလေးလောက် သောက်တတ်မှ လူရာဝင်လာသလို ဘာလိုလိုထင်လာတတ်ကြသည်။ အချို့မိဘများကိုယ်တိုင်ကပင် ကိုယ့်သားသမီးကို ယောက်ျားလေးပဲ၊ မိန်းခလေးပဲ၊ ကလေးပဲ၊ ဟု ပြောကြသည်။ ဘီယာလေးသောက်တာလောက်တော့ သောက်ပါစေပေါ့ ဆိုပြီး သဘောထားကြီးကြီးထားကြပြန်သည်။ ဖခင်နှင့်အတူသားပါ သောက်တာလဲရှိကြသည်။
ကိုယ်တိုက်တာ သူကသောက်၊ သူတိုက်တာ ကိုယ်ကသောက်နဲ့အသောက်အပြန်အလှန်လည်းရှိသည်။
လုပ်ငန်းကိစ္စရပ်တစ်ခု အောင်မြင်တိုင်း အပေါင်းအသင်းများ မိတ်ဖွဲ့ပြီး ဘီယာဖြင့် ဧည့်ခံဂုဏ်ပြုချီးမြှင့်မှ
ပြည့်စုံသည်ဟု ထင်လာကြသည်။ လူခြောက်ယောက်လောက်ထိုင်သည့် ဘီယာဝိုင်းတစ်ဝိုင်းတန်ဖိုးမှာ အနည်းဆုံးတစ်သောင်းခွဲဝန်းကျင့်ခန့်ရှိသည်။ တချို့အုပ်စုလိုက်၊ တချို့နှစ်ယောက်တွဲ ၊ တချို့တစ်ကိုယ်တော်သောက်သည်။
ဥပမာ = အမျိုးသားတစ်ဦး ဘီယာသောက်မည်ဆိုပါက အနိမ့်ဆုံးစည်ဘီယာ နှစ်ခွက်သုံးခွက်၊ ပုလင်းတစ်လုံး
ကောင်းကောင်းသောက်နိုင်သည်။ စည်ဘီယာတစ်ခွက်ကို 500 ကျပ်၊ နှစ်ခွက်ဆို 1000၊ သုံးခွက်ဆို 1500၊ ပုလင်းက 1400 ကျပ်ရှိသည်။ အမြည်းကောင်းကောင်းစားမည်ဆိုပါက အမြည်းတစ်ပွဲကို အနိမ့်ဆုံးက 1500၊ ဘီယာနဲ့အမြည်း စုစုပေါင်းကုန်ကြငွေက အားကြီးပဲပေါ့။
ဘီယာသောက်၍ တစ်နေ့ကျပ် 3000၊ ဆယ်ရက်ဆိုလျှင် 30000၊ တစ်လဆိုလျှင် 90000 နှစ်ပတ်
လည်ဆိုလျှင် မနည်းဘူးနော်။ ဒါထက်အပြင် ဆေးလိပ်ဖိုး ကွမ်းယားဖိုး၊ ဖုန်းကဒ်ဖိုးထည့်တွက်မထား။ ထိုငွေတွေကို မိသားစုအတွက်သာ အသုံးချလိုက်ရင် မည်မျှအကျိုးရှိမည်နည်း။ ဒါကြောင့်အရက်ကြိုက်သူများသောက်သုံးမှုကို လျှော့ချ ခြင်းဖြင့် ကျန်းမာရေးအတွက်တွင်မဟုတ် အပိုကုန်ကျငွေများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment