ADB Command အသုံးပြုနည်းနှင့် အသုံးများသော ADB & Fastboot Command များ

ADB ဆိုတာကတော့ Android Debug Bridge လို့ခေါ်ပြီး Command Line ပေါ်မှာအခြေခံတဲ့ Tool ဖြစ်ပါတယ်။ ADB Command များကိုအသုံးပြုရန် ကွန်ပျူတာမှာ ADB Folder ရှိရပါမယ်။ ဖုန်းကို USB Debugging on ထားရန်လို (Setting> Developer Options > USB Debugging ကို Enable လုပ်ဖုန်းရဲ့ သက်ဆိုင်ရာ driver ကိုကွန်ပျူတာ မှာသွင်းထားရမယ်။
ဖုန်းနဲ့ကွန်ပျူတာ ကို USB ကြိုးဖြင့်ချိတ်ဆက်ထားရန်လိုပါတယ်။
ADB Command ကိုဘယ်လိုရိုက်ရမလဲ?
———————————————
- ADB Tool folder ထဲလွတ်နေတဲ့ နေရာလွတ်နေရာမှာ Pointer cursor ချ ၊ Shift key + Right click နဲ့တွဲနှိပ်။ Open Common Windows Here ဆိုတာပေါ်လာမယ်။ Open Common Windows Here ထဲကိုဝင်လိုက်ရင် CMD Screen ပေါ်လာမယ်။ ဒါဆိုရင် ADB Command စရိုက်ဖို့အသင့်ဖြစ်ပါပြီ။
adb devices
Devices ကို ကွန်ပြူတာက သိမသိစစ်ခြင်း။
adb reboot
Devices ကို restart လုပ်ခြင်း။
adb reboot recvoery
Devices ကို Recovery mode ထဲဝင်ခြင်း။
adb reboot bootloader
Devices ကို fastboot mode ထဲဝင်ခြင်း။
adb shell su
Devices တွင် Root ရှိ/မရှိစစ်။ ရှိရင် # ဟုပေါ်မည်။ မရှိရင်


 system bin sh su not found ဟုပေါ်မည်။
adb kill-server
tadk manager running ဖြစ်နေတဲ့ adb.exe အစရှိတာတွေကို Kill လုပ်ပေးတာပါ။
adb start-server
adb.exe ကို စ Run နိုင်အောင် ခေါ်ပေးလိုက်တာပါ။
adb wait-fof-device
တစ်ချို့Script (xxxx.bat ) တွေမှာ ဒီ Command ထည့်ရေးမထားရင် devices not fount ဆိုတဲ့ error တက်သွားပြီး Command တွေတာ အကုန် Run ပြီးသွားတယ် ကိုယ့်လုပ်ငန်းစဉ် မပြီးမြောက်ပဲ ဖြစ်သွားတတ် ပါတယ်။
adb push zawgyi.ttf /data/local/tmp/zawgyi.ttf
အထက်ပါ command မှာဆိုရင် zawgyi.ttf ဆိုတဲ့ ဖေါင့်လေးကို ဖုန်းရဲ့ data အောက်က local အောက်က tmp အောက်ကို လှမ်းပို့ လိုက်တဲ့ command ပါ။ ဖုန်းတွေရဲ့ partition တွေကို လေ့လာကြည့်မယ်ဆိုရင် /cust /data /dev /etc /proc /res /sbin /sys /system .....အစရှိသဖြင့် အများကြီးတွေ့ရမှာပါ {rootexplorer.apk သွင်းပြီးလေ.လာကြည့်ပါ} ရှိနေတဲ့အများကြီးထဲကမှ ကျနော်တို. ” /data/local/tmp ” ” /dev/block ” ” /system ” အစရှိတဲ့နေရာတွေကို အထူးရင်းနှီးကျွမ်းဝင်နေဖို့လိုပါတယ်။
adb push zawgyi.ttf /data/local/tmp/zawgyi.ttf
adb(adb.exex) က push( ပို.လိုက်ပါတယ်) zawgyi.ttf ကို
” /data/local/tmp အောက်ကို ဖြစ်ပါတယ်။
fastboot devices
Devices ကို ကွန်ပြူတာက သိမသိစစ်ခြင်း။
fastboot reboot
Devices ကို restart လုပ်ခြင်။
fastboot oem unlock ***code***
Devices ကို bootloader unlock လုပ်ခြင်း။
fastboot oem get-bootinfo
Devices တွင် bootloader Lock (or) Unlock လုပ်ထားမထားစစ်ခြင်း။
fastboot flash boot boot.img
Devices တွင် boot.img file သွင်းခြင်း။
fastboot flash recovery recvoery.img
Devices တွင် recovery.img file သွင်းခြင်း။
fastboot flash system system.img
Devices တွင် system.img file သွင်းခြင်း။
fastboot flash -S 500M system system.img
file ဆိုဒ်ကြီးတဲ့ System.img file တွေကို flash ရင်သုံးတာပါ။
fastboot boot yourboot.img
boot.img file ကို အပြီးမတင်ပဲ ခဏအငှာတင်ခြင်း။
fastboot boot yourrecovery.img
recovery file ကို အပြီးမတင်ပဲ ခဏအငှားတင်ခြင်း ။
fastboot getvar product
Devices model အမှန် ကြည့်ရန်။
fastboot -w
Devices bootloader unlock ဖြစ်နေရင် factory data reser ချလို့ ရပါတယ်။

Credit >>

No comments:

Post a Comment