ကွန်ပျူတာ အကြောင်းသိကောင်းစရာ

ဗဟုသုတရစေရန် ရည်၇ွယ်ပြီး အင်တာနက်မှ ကူးယူဖော်ပြမှီငြမ်းပြီး ထပ်ဆင့်ရေးသားတင်ပြလိုက်ပါတယ်...
Keyboard
Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါတယ်။ Keyboard မှာ 101 Keys အနည်းဆုံးပါပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါတယ်…
Escape Key
မိမိလုပ်နေတဲ့ အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမည်။
Function Keys
F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key လို့ခေါ်တယ်။ မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Funct-ion Key ဟာ အသုံးဝင်တဲ့ Keys များဖြစ်သည်…တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာသည်။ Alt+F4 နှိပ်လျှင် မိမိဖွင့်ထားသော Windows ကို ပိတ်ရင် သုံးနိုင်သည်။ မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမည်။
Backspace Key
Backspace Key ဟာ Cursor ရဲ့ ဘယ်ဖက်မှာရှိတဲ့စာလုံးကို ဖျက်သည့်အခါ သုံးနိုင်သည်။
Delete Key
Delete Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့စာလုံးကို ဖျက်သည့်အခါ သုံးနိုင်သည်။
Status Lights
Status Light ဟာ Num Lock သို့မဟုတ် Caps Lock ပိတ်၊ မပိတ် ပြသည်။
Numeric Keypad
Numeric Keypad မှာ Num Lock မီးလင်းနေရင် နံပါတ်များ သုံးနိုင်ပြီး Num Lock ပိတ်ထားပါက Screenပေါ်မှာ Cursor ရွှေ့ ပြောင်းတာကို အသုံးပြုနိုင်သည်။
Arrow Keys
Arrow Key များဟာ Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းရာတွင် အသုံးပြုနိုင်သည်။
Enter Key
မိမိအလုပ်ပြီးမြောက်တဲ့အခါ Enter Key ကို နှိပ်သည်… စာရေးတဲ့ Program တွေမှာတော့ နောက်စာပိုဒ်တစ်ခုကို ပြောင်းလိုတဲ့အခါ Enter Key ကို နှိပ်သည်။
Application Key
Application Key ဟာ Shortcut menu ပေါ်တဲ့ Keyဖြစ်သည်။
Spacebar
Spacebar ဟာ Space ခြားချင်တဲ့အခါ သုံးသည်။
Windows Key
Windows key ကို နှိပ်ရင် Start menu ပေါ်သည်။
Ctrl and Alt Keys
Ctrl နဲ့  Alt Key များဟာ တခြား Key များနဲ့  တွဲနှိပ်ခြင်းဖြင့် အသုံးဝင်သော Command များ ပေးနိုင်သည် Ctrl+S ဆိုလျှင် Save Command ၊ Ctrl+C ဆိုလျှင် Copy ဖြစ်ပြီး Ctrl+V ဆိုလျှင် Paste ဖြစ်သည်။
တစ်ခုခုမှားသွားခဲ့လျှင် Ctrl+Z နှိပ်ပါက Undo Command နဲ့ တူပါတယ်…Ctrl+A ဟာ Select All ဖြစ်သည်
Caps Lock and Shift Keys
Caps Lock ဟာ စာအားလုံးကို Uppercase သုံးချင်တဲ့အခါတွင် သုံးသည်။ သာမန်စာရေးတဲ့အခါ Caps Lock on ထားစရာမလိုပဲ Shift နဲ့  Letter Key တွဲနှိပ်ရင် Uppercase Letter ဖြစ်သည်။
အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၁)
ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်ပါတယ်…
ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကိုအသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်။ ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါသည်။ ကွန်ပျူတာဟာ နိုင်ငံတကာ ဆက် သွယ်ရေး လုပ်ငန်းအတွက် မဖြစ်မနေအသုံးပြုရန်လိုအပ်တဲ့အတွက် ကွန်ပျူတာကိုသုံးတတ်အောင် လေ့လာသင့် ပါသည်။ ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါသည်။ ကွန်ပျူတာမှာ အစိတ်အပိုင်းများစွာ ပါဝင်သည်။ အဓိက ပါဝင်တာတွေကတော့ computer case, monitor, keyboard, mouse, printer နှင့် modem တို့ဖြစ်သည်
Computer Case – ကွန်ပျူတာ Casing မှာ အဓိကအစိတ်အပိုင်းများကို တပ်ဆင်ထားသည်။ Casing မှာ ၂-မျိုး ရှိပါသည်။ Desktop Casing နဲ့ Tower Casing ပါ။
Monitor – Monitor ကတော့ စာတွေ၊ ပုံတွေမြင်ရအောင် လုပ်ပေးထားတဲ့ ကိရိယာဖြစ်သည်။
Keyboard – Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊ ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာဖြစ်သည်။
Mouse – Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ ပြောင်းလိုတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ လက်ကိုင် ကိရိယာလေးပါ…
Printer – Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို စာရွက်နဲ့ ထုတ်နိုင်တဲ့ ကိရိယာပါ…
Modem – Modem ကတော့ ဖုံးလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေး နိုင်တဲ့ ကိရိယာပါ။ Modem ကို အပြင်ဖက် (သို့ မဟုတ်) ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင် ပါတယ်…
What is called Hardware and Software?
Hardware and Software are the two basic parts of a computer system.
ကွန်ပျူတာမှာ Hardware နဲ့  Software ဆိုပြီး ၂-မျိုးရှိပါတယ်…
Hardware is any part of a computer system you can see or touch.
Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့ နိုင်တဲ့အရာမှန်သမျှကို Hardware လို့  ခေါ်ပါတယ်… ဒါကြောင့် Computer Case, Monitor, Keyboard နဲ့  Mouse တို့ ဟာ Hardware ပဲ ဖြစ်ပါတယ်…
Software is a set of electronic instructions that tell a computer what to do. You cannot see or touch software.
Software ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ထိတွေ့ လို့  မရနိုင်ပါဘူး…
Software is divided into two kinds of software. These are Application Software and Operating System Software.
Software ကို Application Software နဲ့  Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…
Application Software allows you to accomplish specific task. Popular application software includes Microsoft Word, PhotoShop & AutoCAD.
Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက် စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker၊ အစည်းအဝေးတွေမှာ Slide Show လုပ်ပြီး Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint၊ အချက်အလက်များ ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Micosoft Access၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel၊ ဒီဇိုင်းများ၊ ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ PhotoShop၊ အခြေခံအင်ဂျင်နှီယာပုံများ ဆွဲနိုင်တဲ့ AutoCAD ဆိုတာတွေဟာ Application Software လို့  ခေါ်ပါတယ်…
Operating System Software controls the overall activity of a computer. Most new computers come with the Windows XP, Vista & Windows 7.
Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ်လိုအပ်တာပါ… အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Windows XP, Vista နဲ့  Windows 7, Window 8, Window 10 ဆိုတာတွေဟာ Operating System Software ပါ…
How Computers Work
ကွန်ပျူတာအလုပ်လုပ်ပုံ
A computer collects processes, stores and outputs information.
ကွန်ပျူတာဆိုတာ အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့  အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့ ကိရိယာပါ…
Input
An input device lets you communicate with a computer. You can use input devices to enter information and issue commands. A keyboard, mouse and joystick are input devices.
ကွန်ပျူတာထဲကို အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard၊ အမိန့် ပေးတာတွေကို ကူးယူရွှေ့ ပြောင်းနိုင်တဲ့ Mouse၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ ကို Input Device လို့ ခေါ်ပါတယ်…
Process
The Central Processing Unit (CPU) is the main chip in a computer. The CPU processes instructions, performs calculations manages the flow of information through a computer system. The CPU communicates with input, output and storage devices to perform tasks.
ကွန်ပျူတာမှာ အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့အရာပါ…
Store
A storage device reads and records information on storage media. The computer uses information stored on the storage media to perform tasks. Popular examples of storage devices include a hard drive, floppy drive, CD-Recordable drive and tape drive.
ကွန်ပျူတာရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ… များသောအားဖြင့် Hard drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive၊ Tape drive တို့ ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick၊ CD-R၊ CD-RW၊ DVD Drive တို့ ကို သုံးလာကြပါပြီ…
Output
An output device lets a computer communicate with you. These devices display information on a screen, create printed copies or generate sound. A monitor, printer and speakers are output devices.
အချက်အလက်တွေ၊ ပုံတွေကို မြင်ရတဲ့ Monitor၊ အသံတွေကို နားထောင်လို့ ရတဲ့ Speakers၊ Microphone၊ စာရွက်နဲ့ ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…
Bytes
Bytes are used to measure the amount of information a device can store.
Byte ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ.. ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ Hard disk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်…
Byte
One byte is one character. A character can be a number, letter or symbol.
One byte consists of eight bits (binary digits). A bit is the smallest unit of information a computer can process.
One byte ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့ မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်…
Kilobyte (K)
One kilobyte is 1,024 characters. This is approximately equal to one page of double-spaced text.
1 Kilobyte = 1,024 Bytes = 103 Bytes (nearly)
Megabyte (MB)
One megabyte is 1,048,576 characters. This is approximately equal to one book.
1 Megabyte = 106 Bytes
Gigabyte (GB)
One gigabyte is 1,073,741,824 characters. This is approximately equal to a shelf of books in a library.
1 Gigabyte = 109 Bytes
Terabyte (TB)
One terabyte is 1,099,511,627,776 characters. This is approximately equal to an entire library of books.
1 Terabyte = 1012 Bytes
ဒီနေ့  Computer အကြောင်းလေး ဆက်ပြောပြပါမယ်…
INSIDE A COMPUTER
All computers contain the same basic components.
ကွန်ပျူတာတိုင်းမှာ တူညီတဲ့အခြေခံအစိတ်အပိုင်းလေးတွေပါပါတယ်…
Power Supply
A power supply changes normal household electricity into electricity that a computer can use.
ကွန်ပျူတာအလုပ်လုပ်ဖို့  Power Supply ပါဝင်ပါတယ်…
Hard Drive
A hard drive is a primary device that a computer uses to store information.
အချက်အလက်တွေကို သိမ်းဆည်းဖို့  Hard Drive ပါပါတယ်…
Expansion Card
An expansion card is a circuit board that lets you add new features to a computer. A computer usually comes with one or more expansion cards. For example, Video card, Sound Card, Modem Card and Network Interface Card are expansion cards.
ကွန်ပျူတာမှာ Video ကြည့်နိုင်တဲ့ Video Card, သီချင်းများကို နားထောင်နိုင်တဲ့ Sound Card, ကွန်ပျူတာတစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုနိုင်တဲ့ Network Interface Card, အင်တာနက်ကို အသုံးပြုနိုင်တဲ့ Internal Modem Card များကို Expansion Card လို့  ခေါ်ပါတယ်…
Expansion Slot
An expansion slot is a socket on the system board. An expansion card plugs into an expansion slot. The number of expansion slots your computer has indicates how many expansion cards you can add to the computer. Before you buy a computer, make sure it has enough empty expansion slots for your future needs.
Expansion Card များ အသုံးပြုတပ်ဆင်နိုင်ရန် Expansion Slot များ ကွန်ပျူတာတွင် ပါဝင်ရပါမယ်… ကွန်ပျူတာဝယ်မယ်ဆိုရင် နောင်လိုအပ်ရင် တပ်ဆင်နိုင်တဲ့ Expansion Slot လုံလောက်စွာ ပါမပါ စစ်ဆေးဝယ်ယူသင့်ပါတယ်…
System Board
A system board is the main circuit board of a computer. All electrical components plug into the system board.
Mother Board လို့  ခေါ်တဲ့ Sysrem Board က


 ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းပါပဲ… CPU နဲ့  လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထားပါတယ်…
Floppy Drive
A floppy drive stores and retrieves information on floppy disks.
ယခင်က Floppy လို့  ခေါ်တဲ့ Disk အပြားလေးတွေ သုံးပါတယ်… ယခု မသုံးတော့သလောက်ပါပဲ…
သိမ်းဆည်းနိုင်တဲ့ ပမာဏကလဲ 1.44MB မျှသာ ဖြစ်ပါတယ်…
Drive Bay
A drive bay is a space inside a hard drive, floppy drive, CD-ROM drive or DVD-ROM drive sits.
Hard Drive, CD-ROM Drive နဲ့  DVD-ROM များ တပ်ဆင်နိုင်တဲ့ နေရာများကို Drive Bay လို့  ခေါ်ပါတယ်…
CD-ROM or DVD-ROM Drive
A CD-ROM drive reads information stored on compact discs (CDs). A DVD-ROM drive reads information stored on CDs and DVD-ROM discs.
CD –ROM ဆိုတာ Compact Disc Read-only Memory ကို ဆိုလိုတာပါ… 650MB, 700MB သိမ်းဆည်းထားနိုင်ပါတယ်…
CD-R ဆိုတာ Compact Disc-Recordable ကတော့ CD ပေါ်မှာ ကူးယူနိုင်တဲ့ Disc ပါ…
ယခုအခါ CD-R Drive ကိုတပ်ဆင်နိုင်ပါတယ်…
DVD-ROM ဆိုတာ Digital Versatile Disc-Read-only Memory ပါ…
ယခုအခါ Recordable DVD Drive များကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်…
DVD Disc က အနည်းဆုံး 4.7GB အထိ အချက်အလက်များကို သိမ်းဆည်းနိုင်ပါတယ်…
DVD မှာ 2 Sides/2 Layers ရှိပါတယ်… 17GB အထိ သိမ်းဆည်းနိုင်ပါတယ်…
Random Access Memory (RAM)
RAM temporarily stores information inside a computer. This information is lost when you turn off the computer.
ကွန်ပျူတာဖွင့်ထားစဉ်မှာ ပုံတွေကို မြင်ရအောင် တင်ပေးထားတဲ့ Temporarily Memory ပါ…
ကွန်ပျူတာပိတ်ရင် ပျောက်သွားပါတယ်…
Central Processing Unit (CPU)
A CPU is the main chip in a computer. The CPU processes instructions, performs calculations and manages the flow of information through a computer.
ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းပါ… CPU ပေါ်မူတည်ပြီး Intel Pentium IV, Core 2 Duo, Intel Core i5 စသဖြင့် Model အမျိုးအစားအလိုက် ခေါ်ဝေါ်ပါတယ်…
Protect Your Equipment
Changes in electrical power can damage equipment and information.
လျှပ်စစ်ဓါတ်အားပြောင်းလဲရင် ကွန်ပျူတာပျက်တတ်တဲ့အတွက် ကာကွယ်ရန်လိုအပ်ပါတယ်…
Surge Protector
A surge protector, or surge suppressors guards a computer against surges. A surge is a fluctuation in power. These fluctuations happen most often during storms.
ရုတ်တရက်မိုးကြိုးပစ်ရင် လျှပ်စစ်ဓါတ်အား ရုတ်တရက်ပြောင်းလဲတတ်တဲ့အတွက် Surge Protector ကို ခံသုံးသင့်ပါတယ်…
UPS
An Uninterruptible Power Supply (UPS) protects a computer from a loss of power. A UPS contains a battery that stores electrical power. If the power fails, the battery can run the computer for a short time so you can save your information.
လျှပ်စစ်ဓါတ်အား ရုတ်တရက်ပြတ်တောက်သွားရင် မိမိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ဖို့  UPS ကို ခံသုံးသင့်ပါတယ်…
ယခု Computer အသုံးပြုပုံ စတင်ပြောပြပါ့မယ်…
ဒါကတော့ Operating System Software ဖြစ်တဲ့ Windows 7 ရဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်…
အောက်ခြေဘားကို Task Bar လို့  ခေါ်ပါတယ်… မိမိအလုပ်လုပ်နေတဲ့ အလုပ်ကို ဖော်ပြနေမှာ ဖြစ်ပါတယ်… Mozilla Firefox ကို ဖွင့်ထားရင် Mozilla Firefox ရဲ့ Icon ပုံလေးတွေ့ ရမှာပါ…
Gtalk ဖွင့်ထားရင် Gtalk ပုံလေး တွေ့ နေရမှာပါ…
နောက်ခံကို Desktop ဒါမှမဟုတ် Display လို့  ခေါ်ပါတယ်…
ဘယ်ဖက်ဘေးက ပုံလေးတွေကို Program Icon လို့  ခေါ်ပါတယ်… မျှားပြောင်းပြန်လေးတွေပါတဲ့ Icon ကိုတော့ Shortcut Icon လို့  ခေါ်ပါတယ်… Shortcut Icon ဆိုတာ မိမိအသုံးပြုတဲ့ Software တွေ၊ Game တွေကို အလွယ်တကူဖွင့်နိုင်အောင် Desktop ပေါ်မှာ Shortcut အနေနဲ့  တင်ထားတာပါ…
ဒီတစ်ခါ Mouse အကြောင်းလေး အသေးစိတ် ထပ်ရှင်းပြပါမယ်…
A mouse is a handheld pointing device that lets you select and move items on your screen. A mouse can come in various shapes, colors and sizes.
Mouse မှာ အရွယ်အစား၊ အရောင်၊ ပုံစံအမျိုးမျိုးရှိတာကို တွေ့ ရမှာပါ…
Resting your hand on the mouse, use your thumb and two rightmost fingers to move the mouse on the desk. Use your two remaining fingers to press the mouse buttons.
Mouse ကို ကိုင်တွယ်ရာမှာ လက်မနဲ့  ညာဖက်ဆုံးလက်ချောင်းနှစ်ချောင်းနဲ့  ညှပ်ကိုင်ပြီး လက်ညှိုးက Left Button ပေါ်သို့ လည်းကောင်း၊ လက်ခလယ်က Reft Button ပေါ်တွင် တင်ထားပြီး ကိုင်ရွှေ့  ရမှာ ဖြစ်ပါတယ်…
When you move the mouse on your desk, the pointer on the screen moves in the same direction. The pointer assumes different shapes depending on its location on the screen and the task you are performing.
Mouse ကိုရွှေ့ တဲ့အခါ Monitor Screen မှာ Pointer ကလည်း မိမိရွှေ့ တဲ့ လားရာဖက်အတိုင်း လိုက်ရွေ့ နေတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…
Pointer ပုံစံကလဲ မိမိအသုံးပြုတဲ့ Software ပေါ်မူတည်ပြီး ပြောင်းလဲမှာ ဖြစ်ပါတယ်…
Mouse Actions
There are four common mouse actions.
Mouse မှာ Action လေးမျိုးရှိပါတယ်…
Click
A click often selects an item on the screen. To click, press and release the left mouse button.
Mouse Left Button ကို နှိပ်လိုက်တာကို Click လုပ်တယ်လို့  ခေါ်ပါတယ်…
Screen ပေါ်မှာ ရှိတဲ့ Icon ပေါ်ကို Click လုပ်ကြည့်ပါ… Select ရွေးချယ်တဲ့သဘော Hightlight ဖြစ်သွားတယ်လို့  ခေါ်ပါတယ်…
Double-Click
A double-click often opens a document or starts a program. To double-click, quickly press and release the left mouse button twice.
Program Icon တစ်ခုပေါ် Mouse Pointer ထားပြီး Mouse Left Button ကို မြန်မြန် ၂-ချက်နှိပ်ကြည့်ပါ… Program ပွင့်သွားတာကို တွေ့ ရမှာပါ…
Drag and Drop
Dragging and dropping makes it easy to move an item on the screen. Position the pointer over an item on the screen and then press and hold down the left mouse button. Still holding down the button, move the pointer to where you want to place the item and then release the button.
Program Icon တစ်ခုပေါ်မှာ Mouse Pointer ကိုထားပြီး Mouse Left Button ကို ဖိထားလျက် မိမိရွှေ့ ပြောင်းလိုသောနေရာသို့  Drag လုပ်ပြီး လွှတ်ကြည့်ပါ… Drag and Drop က Mouse Action တစ်ခုပါ… Software တော်တော်များများမှာ အသုံးပြုရပါတယ်…
Right Click
A right-click often displays a list of commands on the screen. To right-click, press and release the right button.
Program Icon တစ်ခုပေါ်မှာ Mouse Pointer ထားပြီး Mouse Right Button ကို Click လုပ်ကြည့်ပါ… Shortcut Menu ပေါ်လာပါလိမ့်မယ်… Pop-up Menu လို့ လည်း ခေါ်ပါတယ်…
Left-handed Users
If you are left-handed, you can switch the functions of the left and right mouse buttons to make the mouse easier to use. For example, to click an item, you would press the right button instead of the left.
Mouse ကို ဘယ်သန်သမားများအတွက် Function ကို ပြင်လို့ ရပါတယ်… အဲဒီ့အခါ ဘယ်သန်သမားအတွက် Click ဟာ Left Button အစား Right Button ဖြစ်သွားပါမယ်…
short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှူံ့ပြီး လိုတဲံ့ နေရာ ရောက်အောင် သွားနို့င်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။ အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။
ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့် ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ’start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။ ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး shortcuts key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။
Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။
F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + xC - မိတ္တူ ပွားပေး ပါမယ်။
Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + v - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။
Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။
General Keyboard
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen - Multiple Document Interface ကို ပြသ ပေးတယ်။
Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။
Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။
F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။
Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။
Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

#Copy

No comments:

Post a Comment