Android ဖုန်း​တွေမှာ ရှိတဲ့ အသုံးဝင် Mode 9 မျိုး

စတင်လေ့လာသူတွေအတွက် ဗဟုသုတ
Android ဖုန်း​တွေမှာ ရှိတဲ့ အသုံးဝင် Mode 9 မျိုး
Android ဖုန်းကို စတင်လေ့လာတော့မယ်ဆိုရင် mode တွေ ဟာ အရေးပါလှပါတယ်
အသုံးပြု တဲ့ CPU(Qualcomn,mtk.spd) ပေါ်မှုတည်ပြီး mode တွေလည်းကွဲပြားခြားနားပါတယ်။
(1) adb mode
(2)Fastboot mode
(3) Recover mode
(4) Safe mode
(5)Test mode
(6)Charging mode
(7)CPU mode
(8) Downloading mode
(9) Meta mode
ဆိုပြီး ၉ မျိုး ရှိပါတယ်။
Mode တစ်ခုခြင်းဆီပေါ်မှုတည်ပြီး firmware တင်နည်းတွေကအစကွဲပြားခြားနားပါတယ်
(၁) ADB mode ( Debug mode)
de ဆိုတာ android debugging bridge ကိုပြောတာပါ
ဒီ mode ဟာ mode တွေအားလုံးမှာ Power ful အဖြစ်ဆုံးပါ။
အသုံးပြု တက်သလို အစွမ်းထက်တဲ့ mode ပါပဲ
adb mode ကို သုံးပြီး adb command တွေ အသုံးပြု ပြီး pattern lock တွေ ဖြည်လို့ ရတယ်
adb mode သုံးပြီး root လုပ်လို့ ရတယ် Font တွေ install လုပ်လို့ ရမယ် နောက် ဆုံး
PC ကနေ apk တွေကို တိုက်ရိုက် install လုပ်မယ်ဆိုရင်တောင် adb command ဟာ အရေးပါလှပါတယ်
adb mode ကို အသုံးပြု ဖို့
မိမိ ဖုန်း ရဲ့ Driver ကို install လုပ်ထားရပါမယ်
USB debugging ကို On ထားရပါမယ်
Cable ကြိုး နဲ့ connect လုပ်ထားရပါမယ်.
(၂) Fastboot mode or bootloader mode(oem mode)
ဒီ mode ဟာ လည်း service အတွက် အရေးပါလှ ပါတယ်
android ဖုန်း power on လိုက်ရင် ပထမ ဆုံးမြင်ရတာကို
Boot logo လို့ ခေါ်ပြီး
animation လေးတွေ ပေါ်လာရင်
boot animation လို့ ခေါ်ပါတယ်
နောက်ဆုံး boot တက်ပြီးလို့ စတင်မြင်ရတာကိုတော့
boot animation လို့ ခေါ်ပါတယ်။
Fastboot mode ကိုသွားဖို့ အတွက် ဖုန်းကို power off လိုက်ပါ
ပြီးရင်
Power buttom + Volt down key နဲ့ တွဲ နိုပ်ပါ
ဒါဆိုရင် boot logo မှာ တင်ရပ်နေပါလိမ့်မယ်
အဲတာ က Fastbood mode ပါပဲ
ဒါဆိုရင် firmware ကျတာ နဲ့ Fastboot mode ၀င်တာဘယ်လိုခွဲ မလည်း
လွယ်ပါတယ် boot logo တက်တဲ့ အဆင့်မှာတင် Fast boot ကရပ်နေပါတယ်
Firmware ကျတာကတော့ boot logo ပြီးရင် boot animation ဆက်တက်ပါတယ်
ပြီးမှ ရပ်နေတာပါ ဒါဆိုရင်တော့ Firmware ကျပါပြီ ..........
fastboot mode ကိုသုံးပြီး
fastboot command တေ
bootloader unlock
flashing partition တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်
=============================================================
(၃) Recovery mode (official mode)
Recover mode မှာ official နဲ့ Custom နှစ်မျိုး ရှိပါတယ်
official ကနေ သူ့ Original ပါပြီး
Reboot လုပ်နိုင်တယ်
install update .zip ကနေ Firmware တွေ update လုပ်နိုင်တယ် တင်နိုင်မယ်
Wipe Cache ကနေပြီး မလိုလားအပ်တဲ့ Cache file တွေကို Delete လုပ်ဖြစ်နိုင်မယ်
နောက်ဆုံး Factory Reset တွေလုပ်နိုင်ပါမယ်
Custom Recovery Mode
Custom Recovery mode က official recover mode ထက်ပိုပြီး useful ဖြစ်ပါတယ်။
သူ့ ရဲ့ အဓိကအားသာချက်ကတော့ Rom တွေကို Backup နဲ့ Restore လုပ်နိုင်တာပါပဲ
နောက်ပြီိးတော့ install.zip ကနေပြီးတော့ Custom Rom တွေတင်နိုင်မယ်
ပိုပြီးတော့ official ထက် useful ဖြစ်တဲ့ အကြောင်းတွေပါပဲ
ကျန်တာတွေကတော့ official မှာပါတဲ့ အတိုင်းပါပဲ
Recover mode ကို ၀င်တဲ့ Key ကတော့ Power + Volt up , Power + Volt down (spectrum)
Power on (logo ) Volt up + Volt down
==================================================================================================
Safe mode
Power on (logo ) မြင်ရ ရင် Volt down ကို ဆက်တောက်ဆက်တောက်လေးနိုပ်ပေးပါ
Samsumg မှာဆို Home key + Volt down key ကို ဖိထား ရပါမယ်
Safe mode မှာ Third party application တွေ Run လို့ မရတာကြောင့် application တွေ ငြိတဲ့ ချိန်မှာ Safe mode ကနေ၀င်ပြီး ဖြုတ်ချနိုင်ပါတယ်
==================================================================================================
Test mode (for spd only)
ဒီ mode ကိုတော့ spectrum တွေမှာသာတွေ့ ရပါတယ်
အများအားဖြင့် Clone တွေမှာပါ
Test mode ကိုဝင်ပြီးတော့
adb command ကနေ Recover mode ကို ၀င်လို့ ရတက်ပါတယ်
Power+ Volt up
===================================================================================================
Charging mode (mtk)
Charging mode ကတော့ mtk chipတွေမှာ ပဲတွေ့
ဒီ mode ကတော့ Firmware update မှာသုံးပါတယ်
.txt အမျိုးအစားဖြစ်ပြီးတော့
SP.flashtool နဲ့ တင်ရပါတယ်
တင်တဲ့ ချိန် ဖုန်းကို ပါဝါပိတ်ကြိုးထိုးထားရပါမယ်။
==================================================================================================
CPU mode (spd)
CPU mode ကို spectrum တွေမှာသာတွေ့ ရပါတယ်
ဒီကောင်ကိုလည်း Firmware update မှာပဲသုံးပါတယ်
.pac အမျိုး အစားဖြစ်ပြီး
RESEARCH DOWNLOADER TOOL ကိုအသုံးပြု ရပါတယ်
================================================================================================
Downloading mode (qualcomn)
င်္firmware update လုပ်ဖို့ အနေအထားရှိကြောင်းပြတာပါ
Firmware တင်တဲ့ ချိန်လည်း အသုံးပြုလို့ ရတဲ့ mode ပါ
Samsumg မှာ power+Home+Volt down Volt up
Multi -downloader လို့လည်းခေါ်ကြပါတယ်
Huawei မှာ Remove SD card
power +Volt up+Volt down ဖိထားရင် Pink screen ကိုမြင်ရပါမယ်
===================================================================================================
Meta mode (mtk )
ဒီ mode ကတော့ က useless မလို့ မဖော်ပြတော့ပါဘူး
Service box တွေနဲ့ သာတွဲပြီးအသုံးပြု ရတာပါ
Lenovo ဖုန်းတစ်ချို့ မှာသာ
Lenovo meta mode ဆိုပြီး ပါတက်ပါတယ်
======================================================
Credit >>>original writer
မူရင်းရေးသားသူကို credit ပေးပါတယ်
ဘယ်သူရေးမှန်းအတိအကျမမှတ်မိတော့လို့ပါ

No comments:

Post a Comment