သင်မသိသေးတဲ့ နေအဖွဲ့အစည်းရဲ့ အံ့အားသင့်ဖွယ်အချက်များ

ကျွန်တ်ာတို့ နေအဖွဲ့အစည်းကြီးဟာ သက်တမ်း နှစ်သန်းပေါင်း ၄.၆ ဘီလျံလောက်ရှိနေပြီးတော့
ကမ္ဘာဟာ နေအဖွဲ့အစည်းထဲက ၅ ခုမြောက်ဂြိုလ်ဖြစ်တယ်ဆိုတာကိုတော့ သင်သိမှာပါ
အခုဖော်ပြမှာကတော့ သင်မသိသေးတဲ့


 နေအဖွဲ့အစည်းအကြောင်းတွေပဲဖြစ်ပါတယ်

၁. အလွန်ပြင်းထန်တဲ့ရာသီဥတုများ
ယူရေးနပ်ဂြိုလ်တစ်ခုထဲပြင်းထန်တဲ့ရာသီဥတုရှိတာမဟုတ်ပါဘူး ။
ဂျူပီတာဂြိုလ်မှာဆိုရင်လည်း အလွန်တိုက်ခတ်နှုန်းပြင်းထန်တဲ့လေတွေရှိတယ် ။
ကမ္ဘာကကြည့်ရင်မြင်ရတဲ့ ဂျူပီတာဂြိုလ်ပေါ်ကအနီရောင်အစက်ကြီးဟာ တကယ်တမ်းမှာတော့
နှစ်ပေါင်း ၃၀၀ လောက်သက်တမ်းရှိနေတဲ့မုန်တိုင်းကြီးပဲ ။
မာကျူရီ ဂြိုလ်နဲ့ မားစ်ဂြိုလ်ဟာလည်း ဟာလည်းတစ်ရက်ထဲမှာ ရာသီဥတုအဆိုးဆုံးအနေအထားရောက်သွားနိုင်စွမ်းရှိပြီး
ဗီးနစ်ပ်ကတော့ ရေဆူမှတ်ထက် ၅ ဆလောက်ပိုပူလာနိုင်ပါတယ် ။
နပ်ကျွန်းဂြိုလ်ပေါ်မှာဆိုရင်လည်း လေတွေက တစ်နာရီကို မိုင် ၁၆၀၀ နှုန်းနဲ့တိုက်ခတ်နေတာပါ။

၂. အလေးချိန်
နေလုံးကြီးရဲ့အလေးချိန်ဟာ နေအဖွဲ့အစည်းထဲမှာရှိတဲ့ ဂြိုလ်တွေရဲ့ စုစုပေါင်းအလေးချိန်ပမာဏ ရဲ့ ၉၉.၈ ရာခိုင်နှုန်းရှိပါတယ် ။
အရမ်းသိပ်သည်းဆမြင့်လွန်းပြီးတော့ နေပေါ်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏဟာ ၁၀ တန်လောက်အလေးချိန်ရှိပါတယ်။

၃. လေ့လာမှုအတိုင်းအတာများ
အာကာသကိုလေ့လာနေခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးရှိခဲ့ပါပြီ ။
ဒီနှစ်ပိုင်းတွေထဲမှာ ပလူတိုနဲ့ Ceres ဂြိုလ်သိမ်နှစ်လုံးအပါအဝင် နေအဖွဲ့အစည်းထဲမှာရှိတဲ့ဂြိုလ်အားလုံးကို လေ့လာရေးယာဉ်တွေပို့လိုက်ပါပြီ ။
နောက်ထပ်နှစ် ၆၀ အတွင်း ဒီယာဉ်တွေဆီက အချက်အလက်တွေပြန်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွေးစရာပေါ့။

၎. ဂြိုလ်ရံကွင်းများ
အကွင်းဝတ်နိုင်တာ စေတန်ဂြိုလ်တစ်ခုမပဲမဟုတ်ပါဘူး ။
ဂျူပီတာ ၊ နပ်ကျွန်း နဲ့ ယူနေရေးနပ်စ်ဂြိုလ်တို့မှာလည်းအကွင်းတွေရှိပါတယ် ။
သူတို့ကအရမ်းဝေးလွန်းတဲ့အတွက်မြင်ဖို့ခက်ခဲနေတာပါ။

၅. ကြယ်သင်္ဘောသား
Astronaut ဆိုတဲ့စကားကဘယ်ကဆင်းသက်လာတာလဲသိလား ။
Astron ဆိုတာက ကြယ်ဆိုတဲ့ ဂရိစကားလုံးဖြစ်ပြီးတော့ Nautes ဆိုတာကတော့ သင်္ဘောသားတဲ့ ။
ဒီတော့တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် ကြယ်သင်္ဘောသားဆိုပေမယ့် အာကာသယာဉ်မှူးဆိုတဲ့ အသုံးအနှုန်းကတော့ပိုကောင်းတာပေါ့။

၆. ကြယ်ပေါင်းများစွာ
Milkey Way ဂလက်ဆီထဲမှာကြယ်ပေါင်း ဘီလျံ ၄ထောင်လောက်ရှိပြီး ဂြိုလ်ပေါင်းလည်း ဘီလျံ ၄ ထောင်ရှိမယ်လို့ယူဆထားကြတယ် ။
လက်ရှိမှာတွေ့ထားတဲ့ထဲက အကြီးမားဆုံး ဂလက်ဆီကတော့ IC 1101 ဆိုတဲ့ ဂလက်ဆီကြီးဖြစ်ပြီး ကြယ်ပေါင်း ၁၀၀ တြီလျံလောက်ရှိပါတယ် ။
ဂလက်ဆီအငယ်စားတွေမှာတော့ ကြယ်ပေါင်း ၁၀ ဘီလျံလောက်သာရှိကြပါတယ် ။
ကမ္ဘာ့အပြင်ဘက်မှာ မနေရမတွက်နိုင်တဲ့ကြယ်တွေရှိနေပေမယ့်လည်း ကျွန်တော်တို့သာမန်မျက်စိနဲ့တော့ ကြယ်ပေါင်း ၂၅၀၀ နီးပါးကိုသာမြင်နိုင်ပါတယ်။

၇. နေအဖွဲ့အစည်းကိုကာကွယ်ပေးနေတဲ့ ဂျူပီတာ
ဂျူပီတာဂြိုလ်ကြီးကတော့ သဘာဝအမှိုက်သိမ်းယာဉ်ကြီးပေါ့ ။
သူ့ရဲ့စက်ကွင်းက အရမ်းအားပြင်းတဲ့အတွက်အနီးအနားမှာရှိတဲ့ ဥက္ကာခဲ အပိုင်းအစတွေအားလုံးကိုပတ်လမ်းပေါ်
ဆွဲယူသွားပြီး အခြားဂြိုလ်တွေအန္တရာယ်မရှိကာကွယ်ပေးနေတာပေါ့။

၈.ကျုံ့နေတဲ့ မာကျူရီ
မာကျူရီဂြိုလ်ဟာအခုထိ ရှုံနေတုန်းပဲလို့ သိပ္ပံပညာရှင်တွေအတည်ပြုခဲ့ပါပြီ
နေအဖွဲ့အစည်းထဲမှာ အပြောင်းအလဲရှိနေတဲ့ဂြိုလ်ဆိုလို့ ကမ္ဘာဂြိုလ်တစ်ခုပဲရှိတယ်လို့ထင်ရပေမယ့် မာကျူရီဂြိုလ်ကို ဒုတိယအကြိမ်
လေ့လာရေးခရီးထွက်ခဲ့တဲ့အချိန်မှာတော့ ဒီအတွေးတွေပျောက်ကွယ်သွားခဲ့ကြပါတယ်
ဘာကြောင့်လည်းဆိုတော့ ၂၀၁၆ ခုနှစ်မှာတွေ့ရှိခဲ့ရတဲ့ တောင်ထွတ်တွေလိုအရာမျိုးတွေဟာ အရင်တုန်းက ဒီဂြိုလ်ပေါ်မှာမရှိခဲ့ပါဘူး
ဒီတော့ မာကျူရီဂြိုလ်ဟာ နှစ်သန်းပေါင်း ၄.၅ ဘီလျံကြာပြီးတာတောင်မှ ဆက်လက်သိပ်သည်းနေတုန်းပဲဆိုတာကို ဒီတောင်ထွတ်တွေက သက်သေပြနေတာပေါ့။

၉. အပြောင်းအလဲတွေရှိလာလိမ့်မယ်

မြောက်ဝံရိုးစွန်းက ကြယ်ကြီးကိုသိကြတယ်မလား..ဓူဝံကြယ်ကြီးလေ ။
ဒီကြယ်ကြီးကလည်းမကြာခင်မှာနေရာပြောင်းသွားတော့မှာပါ ။
ကျွန်တော်တို့အသက်ရှင်နေစဉ်အတွင်းတော့မဟုတ်ဘူးပေါ့ ။
ဘီစီ ၃၀၀၀ ခန့်လောက်က Thuban ဆိုတဲ့ကြယ်ကြီးက ကမ္ဘာ့မြောက်ဘက်မှာရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၃၀၀၀ လောက်တုန်းက မြောက်ဖက်မှာရှိနေခဲ့တဲ့ ကြယ်ကြီးကတော့ Vega ကြယ်ကြီးပဲဖြစ်ပါတယ်။

၁၀. ဂျူပီတာပေါ်က မုန်တိုင်း
ကျွန်တော် အစပိုင်းတုန်းက ဂျူပီတာဂြိုလ်ပေါ်က အနီကွက်ကြီးအကြောင်းပြောခဲ့ပါသေးတယ် ၊
ဒီအနီကွက်ကြီးက နှစ်ပေါင်း ၃၀၀ လောက်သက်တမ်းရှိနေပြီဖြစ်တဲ့ နေအဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ အကြီးမားဆုံး မုန်တိုင်းကြီးပါပဲ ။
၂၀၁၄ ခုနှစ်မှာတိုင်းတာချက်အရတော့ ဒီအနီကွက်ကြီးရဲ့ ပမာဏဟာ မိုင်ပေါင် ၁၀၂၅၀ ပဲရှိတော့တဲ့အတွက်
သမိုင်းထဲကမှတ်တမ်းတွေမှာရေးထားခဲ့တဲ့ပမာထက် အရွယ်အစားထက်ဝက်လောက်လျော့သွားတာတွေ့ရပါတယ် ။
မုန်တိုင်းအရွယ်စားဟာ ဆက်လက်သေးငယ်နေပြီးတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပျောက်ကွယ်သွားတော့မှာပါ။

၁၁. တမူထူးခြားတဲ့ဂြိုလ်
ဗီးနစ်ပ် ဂြိုလ်ဟာ အခြားဂြိုလ်တွေနဲ့မတူပါဘူး ။
အခြားဂြိုလ်တွေ က လက်ယာရစ်လည်တာမဟုတ်ပဲ လက်ဝဲရစ်လည်တာဖြစ်ပြီးတော့ လည်ပတ်နှုန်းကလည်းတဖြည်းဖြည်းလျော့ကျနေတယ် ။
လည်တာရပ်သွားရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်သေးပါဘူး။

၁၂. ဖြည်းဖြည်းနဲ့မှန်မှန်
လည်ပတ်တာနှေးတဲ့အကြောင်းနဲ့ပတ်သတ်လို့ပြောရရင်တော့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးကလည်း နှစ်စဉ်နဲ့အမျှလည်ပတ်နှုန်းလျော့ကျလာနေတယ် ။
ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာတော့ ထွေထွေထူးထူးမဖြစ်နိုင်ပါဘူး ။
ကမ္ဘာရဲ့လည်ပတ်နှုန်းဟာလည်း တစ်နှစ်ကို ၁၇ မီလီစက္ကန့်လျော့ကျလာတဲ့အတွက် နောက်ထပ်နှစ်သန်းပေါင်း ၁၄၀ ကြာတဲ့အခါ
ကမ္ဘာနေ့တစ်ရက်ဟာ ၂၅ နာရီကြာမြင့်ပါလိမ့်မယ်။

Writer – Min Thu (Daily Hot News)

http://khitthitmedia.xyz/?p=10663 










No comments:

Post a Comment