Hard Disk တွေမှာ ဘာဖြစ်လို့ Storage Capacity အပြည့်မပါရတာလဲ

ကွန်ပျူတာ တစ်လုံးမှာ Data တွေ သိမ်းဆည်းဖို့ Hard Disk တွေဟာ မရှိမဖြစ်လိုအပ်တဲ့ Storage Media တစ်ခုဖြစ်ပါတယ်။ တန်ဖိုးရှိလှတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ နဲ့ ဗီဒီယို File မျိုးစုံကို Hard Disk တစ်ခုထဲ သိမ်းဆည်းထားလို့ရမှာ ဖြစ်တဲ့အတွက် အများသောအားဖြင့် Storage Capacity များများပါတဲ့ Hard Disk ကို ရွေးချယ်ဝယ်ယူလေ့ရှိကြပါတယ်။ ဒီနေရာမှာ ပြောစမှတ်ဖြစ်နေတာက Hard Disk တွေ ဘာလို့ Storage Space အပြည့်မပါဘူးဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။



ဒါနဲ့ ပတ်သက်လို့ ဒီဂျစ်တယ်နည်းပညာမှာ စံသတ်မှတ်ထားတဲ့ Binary Operation ကို နားလည်ထားဖို့ လိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ကွန်ပျူတာမှာ Data ကို “0” နဲ့ “1” ဆိုပြီး 2 ယူနစ် ပုံစံနဲ့ ရေး/မှတ်လို့ ဖြစ်ပါတယ်။ ဆိုလိုတာ “0” ကို အသွင်း 1 ယူနစ်၊ “1” ကို အထုတ် 1 ယူနစ် ဆိုပြီး Data ရေးဖို့/ဖတ်ဖို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကို Binary Operation အရ 2 ယူနစ်ရှိမယ့် Data အတွက် သိမ်းဆည်းမယ့် ပမာဏကို 1 Byte လို့မယူဘဲ 2 ရဲ့ ဆတိုးကိန်း 2 Byte ၊ 4 Byte ၊ 8 Byte ၊ 16 Byte ၊ 32 Byte ၊ 64 Byte ၊ 128 Byte စသဖြင့် မြှောက်သွာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ 1,000 ပြည့်တိုင်း သင်္ချာသဘောအရ 1 Thousand လို့ ပြောလေ့ရှိပေမယ့် Digital Electronics မှာ အောက်ပါ အတိုင်း 2 ရဲ့ ဆတိုးကိန်း အနေနဲ့သာ အခြေခံထားတာ တွေ့ရမှာပါ။
1,024 bytes = 1 Kilobyte (KB)
1,024 Kilobyte = 1 Megabyte (MB) (1,048,576 Bytes)
1,024 Megabyte = 1 Gigabyte (GB) (1,073,741,824 Bytes)
1,024 Gigabyte = 1 Terabyte (TB) (1,099,511,627,776 Bytes)
ဒီဆက်သွယ်ချက်ကို ကြည့်ပြီး Storage Capacity တွေကို ကိန်းဂဏန်း ၁၀ ရဲ့ မြှောက်ဖော်ကိန်း မဟုတ်ဘူးဆိုတာ သတိထားဖို့လိုမှာပါ။ 1 Megabyte = 1,000 Kilobyte မဟုတ်သလို 1 Terabyte မှာ 1,000 Gigabyte ရှိမယ်လို့ သင်္ချာနည်းနဲ့ မတွက်မိပါစေနဲ့။ ဒါကြောင့် Hard Disk တစ်လုံးမှာ 1 TB လို့ ပြောထားပေမယ့် 1,024 Gigabyte အပြည့်မပါတာ ကိုယ်တိုင် တွက်ချက်ကြည့်နိုင်ပါတယ်။
Storage Capacity Miscalculated as Advertised
1 TB = 1,000GB လို့ ယူဆရင် 10 ရဲ့ မြှောက်ဖော်ကိန်းအရ 1,000,000,000 Bytes နဲ့ မြှောက်ပါ။
ရလာတဲ့ မြှောက်လဒ် 1,000,000,000,000 Bytes ကို 1,073,741,824 နဲ့ စားလိုက်ရင် 931 Gigabyte ဆိုတဲ့ အဖြေဆိုတာ ထွက်လာမှာပါ။ ဒီလိုပဲ 4,000,000,000,000 ကို 1,073,741,824 နဲ့ စားလိုက်ရင်လည်း 3,725 Gigabyte အဖြေထွက်လာမှာဖြစ်လို့ 4TB Hard Disk မှာလည်း 3.72 TB ပဲရှိမှာဖြစ်ပါတယ်။
ဘာဖြစ်လို့ ဒီလို တွက်ချက်ရသလဲဆိုရင် ကွန်ပျူတာမှာ စာလုံးတစ်လုံးကို အခြေခံယူနစ် 1 Byte လို့ပဲ သတ်မှတ် သိမ်းဆည်းတဲ့အတွက် ဖြစ်ပါတယ်။ လက်တွေ့ သင်္ချာသဘောအရ စာလုံးနှစ်လုံးကို 2 Byte ၊ သုံးလုံးကို 3 Byte စသဖြင့် သိမ်းဆည်းပေးမယ်လို့ တွက်ဆလို့ရပေမယ့် ကွန်ပျူတာမှာ Data Gateway ၈ မျိုးရှိတာဖြစ်လို့ လက်တွေ့သဘောနဲ့ နှိုင်းယှဉ်လို့ မရတော့ပါဘူး။ ဥပမာ – A ဆိုတဲ့ စာလုံးကို ကွန်ပျူတာက 1 Byte လို့ သိမ်းဆည်းသလို စကားလုံး Apple ကိုလဲ 1 Byte လို့ပဲ သိမ်းဆည်းဦးမှာပါ။ သင်္ချာနည်းအရ စာလုံး ၅ လုံးပါတယ်ဆိုပေမယ့် 5 Byte ဖြစ်မလာပါဘူး။ ဒီလို Storage Capacity ကို အခြေခံယူနစ် Byte အနေနဲ့ပဲ တွက်ချက်တာဖြစ်လို့ Hard Disk တစ်လုံးဝယ်တဲ့အခါ ဘယ်လောက် Storage ပမာဏရှိမယ်ဆိုတာ ကိုယ်ဘာသာ တွက်ချက်ကြည့်နိုင်မှာဖြစ်ပါတယ်။

Crd:Kyaw Zaw (Akhayar)

No comments:

Post a Comment