Laptopကို ခေါက်ထားလိုက်ရင်တောင် သီချင်းဆက်ပီးနား ထောင်ရ အောင် လုပ်နည်း

သင့် Laptopကို ခေါက်ထားလိုက်ရင်တောင် သီချင်းဆက်ပီးနား ထောင်ရ အောင် လုပ်နည်း
ဒီနည်းပညာအကြောင်းလေးကတော့ တော်တော်လေး ဟောင်းသွားပြီဆိုပေမဲ့ တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသစ်ဖြစ်မယ်လို့ ထင်ပါတယ်...
ကျွန်တော်တို့ Laptop သုံးနေတဲ့အခါ သီချင်းဖွင့်ထားပြီး Laptop ကို ခေါက်ပိတ်လိုက်ရင် သီချင်းက ပိတ်သွားပါတယ် ခုဒီနည်းပညာလေးကတော့ Laptop မှာသီချင်းဖွင့်ထားပြီး ခေါက်ပိတ်ထားရင်တောင် အေးဆေး သီချင်းဆက်နားထောင်လို့ရတဲ့ နည်းလမ်းလေးပါ...


၁။ Start, Control Panel ထဲက Power Option ဆိုတဲ့ ဓာတ်ခဲပုံစံလေးနဲ့ Icon ကို နှိပ်လိုက်ပါ။
၂။ Power Option ပွင့်လာရင် ဘေဖက်ဘေးနားမှာ စာကြောင်းတွေ အများကြီးရှိပါတယ် အဲ့အထဲက Change when the computer sleeps ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်။
၃။ Change advanced power settings ဆိုတဲ့ စာကြောင်းကို ထပ်နှိပ်ဝင်ပါမယ်။
၎။Power Options box လေးတစ်ခုပွင့်လာပါလိမ့်မယ့် အဲ့အထဲမှာ Power buttons and lid ဆိုတဲ့ Main Menu ထဲကို Expend လုပ်လိုက်ပါမယ်။ ပြီးရင် Lid close action ဆိုတဲ့စာကြောင်းလေးဘေးက +ကို ထပ်နှိပ်လိုက်ရင် Lid close action ဆိုတဲ့နေရာမှာ ရွေးချယ်စရာ Menu နှစ်ခု ထပ်မံပြီးတော့ပေါ်လာမှာဖြစ်ပါတယ် On Battery ဆိုတာကတော့ သင့် Laptop ကို Power ကြိုးမထိုးထားပဲ အလွတ်သုံးနေတဲ့အနေအထားကို ဆိုလိုပီးတော့ Plugged in ဆိုတာက တော့ သင့်ရဲ့ Laptop ကို Power ကြိုးတပ်ပီးသုံးနေတဲ့ အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ဒီနေရာ နှစ်ခုလုံးမှာ Default အနေအထားအရ Sleep Mode ဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအနေအထားကို ကျွန်တော်တို့က ပြောင်းပေးရမှာကတော့ Do nothing ဆိုတာကို နှစ်ခုလုံး မှာရွေးပေးရမှာဖြစ်ပါတယ်။ အားလုံး ရွေးပေးပီးသွားတဲ့အခါမှာတော့ Apply, OK ဆိုတာကို နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒီလိုအားလုံးပြင်ပြီးပြီဆိုရင် သီချင်းကိုဖွင့် Laptop ကို ခေါက်ပိတ်ထားပြီး ဖွင့်ထားတဲ့ သီချင်းကို ဆက်လက်နားထောင်လို့ရပါပြီ။
ဒီလိုအနေအထားကို ရွေးပေးပီးသွားပီဆိုရင်တော့ သီချင်းနားထောင်လို့ရတဲ့ အပြင် သင်က ဥပမာအနေနဲ့ သင့်ရဲ့ Laptop ထဲကနေ Player တစ်ခုခု သို့မဟုတ် အထူးသဖြင့် IDM နဲ့ Data တစ်ခုခု ကို Downloading လုပ်နေရင်တောင် ၄င်းရဲ့ Process က ရပ်မသွားပဲ ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပါတယ်။

Credit-နတ်သားလေး

No comments:

Post a Comment