CPU အကြောင်း
Unionfont
ကွန်ပြူတာ တလုံး မှာ အဓိက အရေးပါဆုံး က တော့ CPU (Central Processing Unit) ဖြစ်ပါတယ်၊ သူ့ က သူ့ဆီ ကို ရောက်လာ တဲ့ commands (သို့) instruction set တွေကို execute တွက်ချက်ပေးရပါတယ်။
တကယ်တော့ CPU တခု သည် logic gates များ ရဲ့ အစုအဝေး ကြီး ဖြစ်တာကြောင့် သူသည် 0 (သို့) 1 ကိုသာ နားလည်ပါတယ်။ ဒါကြောင့် CPU တခု တွင် instruction တွေကို binary form (သို့) machine code အနေဖြင့် ဥပမာ။ ။ 1001110001101101 ဆိုပြီး execute လုပ်ရပါမယ်၊ သို့ မှသာ စက် မှ နားလည် မည် ဖြစ်ပါတယ်။
1001110001101101 ဆိုတဲ့ စက် က နားလည် တဲ့ machine code နဲ့ programming ရေးဖို့ ရန် မှာ၊ လူတွေ အတွက် အခက် အခဲ ရှိတာ ကြောင့်၊ mnemonic codes ကို အသုံး ပြု ကြပါတယ်၊ အဲဒီ mnemonic codes တွေ စုပေါင်း ထားတာ ကို တော့ Assembly Language လို့ ခေါ်ပါတယ်၊ mnemonic codes ရဲ့ ဥပမာ တခု ကို အောက်တွင် ဖေါ်ပြထားပါတယ်။
Mnemonic code --- Operation
LDA {value} ------- Load the Accumulator with a given value
STO E,A ------ Store the content of register E in register A
ဒါကြောင့် mnemonic codes အစုအဝေး (Assembly Language) သည် Assembler တွင် assemble လုပ်ပါက၊ 1001110001101101 ဖြစ်သော machine code ကို ရရှိမည်ဖြစ်သည်၊ Assembly Language ကို low level language လို့ သတ်မှတ်ပါတယ်။
BASIC, C, C++, Cobol, FORTRAN, Java, Pascal, Perl, PHP, Python, Ruby, နဲ့ Visual Basic တို့ ကတော့ high level languages များ ဖြစ်ကြပါတယ်၊ high level language ကတော့ လူတွေ အတွက် ပိုပြီး ရေးဖို့၊ ဖတ်ဖို့၊ နားလည်ဖို့ လွယ်ကူ သည်သာ မက၊ bug အမှား ရှာဖွေ ဖို့ ရန်လည်း လွယ်ကူပါတယ်၊ လက်တွေ့ နယ်ပယ်တွင် လည်း နားလည်ရ လွယ်သော high level languages များကို သာ အသုံးများပါတယ်။
ကွန်ပြူတာ က high level language ကို နားလည် ဖို့ ရန် အတွက် ကတော့ သူ့ကို compile လုပ်ပြီး machine language သို့ ပြောင်းလည်း ပေးရန်လိုအပ်ပါတယ်၊ အဲသည် အတွက် compiler (သို့) interpreter လိုအပ်ပါတယ်။
(Unicode)
 Zawgyifont
(Unicode)
Credit#
No comments:
Post a Comment